ဖောက်ပြန်ခြင်းအကြောင်း သင်ဘယ်လောက်သိပါသလဲ

ဖောက်ပြန်တဲ့ကိစ္စဟာရှက်စရာ သိပ်ကောင်းပါတယ်။ လင်မယားကြား ချစ်သူတွေကြားအဆင်မပြေမှုတွေနဲ့ လမ်းခွဲတဲ့အထိဖြစ်တတ်ပါတယ်။ တဒင်္ဂသာယာတာလေးနဲ့ တည်ဆောက် ထားတဲ့ အရာတွေပျက်စီးတတ်ပါ တယ်။ လူတွေ ဘာကြောင့်ဖောက်ပြန် ရသလဲ။ ဘယ်လိုလူတွေမှာ ပိုပြီးဖောက် ပြန်တတ်သလဲ စတာတွေကို သိရှိလေ့ လာနိုင်ဖို့ ဒီ Quiz လေးဖြေကြည့် ပါနော်။

၁။ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု အပြည့်အဝမရတဲ့ အကြောင်းတစ်ခု ကြောင့်ပဲ ဖောက်ပြန်တာလား။
ဖောက်ပြန်တဲ့ယောကျာ်းအများစု က အိမ်ထောင်ရေးမသာယာလို့ ဖောက် ပြန်တာ။
(က) မှန်
(ခ) မှား

၂။ မိန်းမတွေဖောက်ပြန်ရတဲ့ အဓိက အကြောင်းရင်းက
(က) လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု မရလို့
(ခ) ကလဲ့စားချေချင်လို့
(ဂ) အထီးကျန်လို့

၃။ လင်မယားကွဲခြင်းရဲ့ အဓိက အကြောင်းရင်းက ဖောက်ပြန်လို့။
(က) မှန်
(ခ) မှား

၄။ သင့်ချစ်သူ ဒါမှမဟုတ်အိမ်ထောင် ဖက်က ဖောက်ပြန်နေတယ်လို့ခံစားရ ပါက သက်သေပြစရာမရှိရင်တောင် ပွင့်ပွင့်လင်းလင်း မေးမြန်းပြီး သေချာ ဆွေးနွေးသင့်ပါသလား။
(က) သင့်တယ်
(ခ) မသင့်ဘူး

၅။ ပညာတတ်တွေက ပိုပြီးဖောက်ပြန် တတ်တာလား။
(က) မှန်
(ခ) မှား

၆။ အမျိုးသမီးတစ်ယောက်ရဲ့ဝင်ငွေဟာ ဒီလိုအခြေအနေမျိုးမှာဆိုရင် ဖောက် ပြန်လေ့မရှိကြဘူး။
(က) ယောကျာ်းနဲ့တူနေရင်
(ခ) ယောကျ်ားထက်များနေရင်
(ဂ) ယောကျ်ားထက်နည်းနေရင်
(ဃ) ယောကျ်ားထက်အများကြီးနည်း နေရင်

၇။ ကိုယ့်မိန်းမက အိမ်ထောင်တစ်ခုလုံး ကိုလုပ်ကျွေးနေရသူဆိုရင် ယောကျ်ား အနေနဲ့ ပိုပြီးဖောက်ပြန်တတ်တယ်။
(က) မှန်
(ခ) မှား

၈။ ယောကျ်ားတစ်ယောက်ဟာ အိမ် ထောင်တစ်ခုလုံးကိုလုပ်ကျွေးနေရတဲ့ အိမ်ထောင်ဦးစီးဆို ပိုပြီးဖောက်ပြန် တတ်တယ်။
(က) မှန်
(ခ) မှား

၉။ ဒီအပြုအမူတွေလုပ်ဆောင်နေပြီဆို ရင် သူဖောက်ပြန်လို့သော်လည်းကောင်း ဖောက်ပြန်ဖို့တွေးနေလို့သော်လည်း ကောင်း ဖြစ်တတ်တယ်။
(က) ပုံစံတွေပြောင်းပြီး ရှိုးပိုထုတ် လာ တာ
(ခ) သင့်ကိုလက်ဆောင်တွေ ခဏခဏ ပေးတာ
(ဂ) အဆက်မပြတ်ဝေဖန်တာ
(ဃ) အပေါ်က အချက်တွေ အားလုံး

ကဲ အဖြေလေးတွေကို ကြည့်လိုက်ကြရအောင် ♥ ♥ ♥ 

၁။ (ခ) မှား

အိမ်ထောင်ပြင်ပမှာ ဖောက်ပြန်တဲ့ ယောကျ်ား ၅၆ ရာခိုင်နှုန်းက သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးပိုင်ဆိုင်ထားသူတွေလို့ လေ့လာချက်တစ်ခုအရ တွေ့ ရှိရပါတယ်။ အမျိုးသမီးတွေကတော့ ၃၄ ရာခိုင်နှုန်းပါတဲ့။ ယောကျာ်းတွေက လိင် ပိုင်းဆိုင်ရာတောင်းဆိုချက်အရ ဖောက် ပြန်လေ့ရှိတာဖြစ်ပြီး ဖောက်ပြန်သူကို တော့ ချစ်မြတ်နိုးသွားတာမျိုးမရှိပါဘူး။ မိန်းမတွေကျတော့ စိတ်ခံစားချက်အရ ဖောက်ပြန်လေ့ရှိကြတာပါ။

၂။ (ဂ) အထီးကျန်လို့

ကျွမ်းကျင်သူတို့အဆိုအရ အမျိုး သားနဲ့ အမျိုးသမီးတွေမှာ သစ္စာဖောက်ရ တဲ့ အကြောင်းရင်းမျိုးစုံ ကွဲပြားနေတတ် ကြပါတယ်။ များသောအားဖြင့် အမျိုး သားတွေက လိင်ကိစ္စကြောင့်ဖြစ်ပြီး အ မျိုးသမီးတွေကတော့ စိတ်ခံစားမှုအရ လိုအပ်ချက်တွေကြောင့်ပါ။ အမျိုးသမီး တွေက သူတို့ချစ်သူတွေ၊ အိမ်ထောင် ဖက်တွေနဲ့ စိတ်ချင်းနီးစပ်တာမျိုး လို လားပြီး အချစ်မခံရတော့ဘူးလို့ ခံစားရ ရင်၊ အထီးကျန်လာရင် ဖောက်ပြန်တတ် ကြပါတယ်။

၃။ (ခ) မှား

ချစ်သူစုံတွဲတွေ၊ လက်မထပ်ဘဲအ တူနေတဲ့စုံတွဲတွေ ကွဲရခြင်းရဲ့ အဓိကအ ကြောင်းရင်းကတော့ ဖောက်ပြန်တာပါ။ ဒါပေမဲ့ ဇနီးမောင်နှံတွေမှာတော့ တခြား အကြောင်းတွေရှိပါတယ်။ အချင်းချင်း သဟဇာတမဖြစ်တာ၊ အပေးအယူမမျှ တာ၊ စိတ်တူကိုယ်တူမဟုတ်တာ၊ ညှိလို့ မရတာတွေကြောင့် ကွဲကြရတာပါ။

၄။ (က) သင့်တယ်   

ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဖောက်ပြန်တာကို စောစောကတည်းက သတိထားမိဖို့ အရေးကြီးပါတယ်တဲ့။ သူဖောက်ပြန်နေတယ်ဆိုတာကို သက် သေမရှိရင်တောင်မှ စောစောသတိပြုမိ အောင်ကြိုးစားပါ။ အချင်းချင်း ပွင့်ပွင့် လင်းလင်းနဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ် တာတွေကို ညှိနှိုင်းသင့်ပါတယ်။ သူ့ကို Spy လုပ်ပြီး စုံစမ်းတာမျိုးတော့ မလုပ်ပါ နဲ့။ တကယ်ဖောက်ပြန်ရင် သက်သေရ မှာဖြစ်ပေမယ့် တကယ်မဖောက်ပြန်ရင် တော့ သက်သေဆိုတာလည်း ရှိမှာမ ဟုတ်ပါဘူး။ အဲဒါအပြင် ယုံကြည်မှုတွေ ပျက်ပြားပြီး သူ့သိက္ခာကိုပါ စော်ကားရာ ကျပါတယ်။ ဒါဟာဖောက်ပြန်တာထက် ပိုပြီး အိမ်ထောင်ရေးကို ထိခိုက်စေမှာပါ တဲ့။

၅။ (ခ) မှား

သုတေသနပြုချက်တစ်ခုအရ ပ ညာတတ်တွေဟာ ပညာသိပ်မတတ်သူ တွေနဲ့ယှဉ်ရင် သစ္စာဖောက်နိုင်ခြေ ပို နည်းပါတယ်။ ပညာတတ်တဲ့အခါ ပိုပြီး စဉ်းစားတွေးခေါ်တတ်သလို ကိုယ့်ရဲ့ပ ညာဂုဏ်နဲ့ နာမည်ပျက်မှာ ကြောက် တတ်ကြပါတယ်။ ဒါကြောင့်လည်း ဖောက်ပြန်ချင်စိတ်ဖြစ်ပေါ်လာတဲ့အခါ ကိုယ့်စိတ်ကို ချုပ်တီးလေ့ရှိကြတာပါ။

၆။ (ဃ) ယောက်ျားထက် အများကြီးနည်း နေရင်

အမျိုးသမီးတွေဟာ သူတို့ရဲ့အိမ် ထောင်ဖက်ကို မှီခိုနေရသူ၊ အိမ်ထောင် ဖက်လစာနဲ့ပဲ နေထိုင်နေရသူဆိုရင် ဖောက်ပြန်တာ အတော်ကိုရှားပါတယ်။ သူတို့တစ်ခုခုအမှားလုပ်မိရင် ဘဝပါ ပျက်မယ့်အခြေအနေမျိုး၊ ကိုယ့်ဟာ ကိုယ်မရပ်တည်နိုင်တဲ့အခြေအနေမျိုးမို့ လို့ ဖောက်ပြန်တဲ့အခါ ရရှိလာတဲ့ပျော် ရွှင်မှုနဲ့ လဲရမှာမတန်ဘူးလို့လည်း ယူဆ တတ်ကြလို့ပါ။

၇။ (က) မှန်

မိန်းမလစာပေါ်ပဲ မှီခိုနေရတဲ့ ယောက်ျားဟာ အတူတူရှာဖွေစား သောက်တဲ့ ယောက်ျားထက်စာရင် ဖောက်ပြန်နိုင်ခြေ ငါးဆပိုများပါတယ်။ ဘာကြောင့်ပါလဲ။ မိန်းမလုပ်စာပဲမှီခိုနေ ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ် လာပြီး သူ့အပေါ်အထင်ကြီးလေးစား လောက်မယ့် မိန်းကလေးမျိုးနဲ့ ဖောက် ပြန်မိတာပဲဖြစ်ပါတယ်။

၈။ (က) မှန်

ယောကျာ်းလုပ်စာကိုသာ မှီခိုရတဲ့ အိမ်ထောင်မျိုးဆိုရင်လည်း ယောက်ျား လုပ်သူက ဖောက်ပြန်တတ်ပါတယ်။ လင်မယားနှစ်ယောက်ဝင်ငွေရဲ့ ၇၅ ရာ ခိုင်နှုန်းကို မိန်းမရှာတာမျိုးဆိုရင်တော့ ယောက်ျားလုပ်သူ ဖောက်ပြန်နိုင်ခြေ နည်းပါတယ်တဲ့။

၉။ (ဃ) အပေါ်က အချက်တွေ အားလုံး

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ မကြာခဏဖောက်ပြန်တတ်သူတွေဟာ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ကို လှပကြော့ မော့နေအောင် အာရုံစိုက်တတ်ကြပါ တယ်။ အိမ်ထောင်ဖက်အပေါ်လည်း အ မြဲလိုလို အလိုမကျဖြစ်ကာ ဝေဖန်တတ် ပါတယ်။ ဖောက်ပြန်တာ သူတို့အပြစ် ကြောင့်မဟုတ်ဘဲ အိမ်ထောင်ဖက်မ ကောင်းလို့ဆိုပြီး မသိစိတ်က အပြစ်ဖို့ ချင်တာကြောင့်ပါ။ တစ်ခါတလေ သူ တို့အပြစ်ရှိတယ်လို့ ခံစားနေရတဲ့အခါ မျိုးမှာလည်း လက်ဆောင်ပစ္စည်းတွေ ပေးတတ်ပါတယ်။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *