ကလေးအသားအရေလိုမျိုး နူးညံ့ချောမွေ့နေဖို့ဆိုတာ အလှကြိုက်သူတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ ငယ်စဉ်အရွယ်မှာ ခန္ဓာကိုယ်က အသားအရေအတွက် လိုအပ်တဲ့ ဟော်မုန်းတွေအလုံအလောက် အများအပြားထုတ်ပေးနိုင်သလို အပူအ ပင်ကင်းတဲ့ငယ်စဉ်ဘ၀မို့ ခန္ဓာကိုယ်တွင်း ဓာတ်တိုးဖြစ်စဉ်တွေလည်း အဖြစ်နည်းတာကြောင့် အသားအရေ နူးညံ့စိုပြည် နိုင်စွမ်းအားကောင်းတာ ဖြစ်ပါတယ်။
အသက်အရွယ်ကြီးမြင့်လာလေ လေ အသားအရေ ထိန်းသိမ်းဖို့ အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့ အရာတွေအပေါ် ပိုပြီးမှီခိုလာရပါတယ်။ ဒီတစ်ပတ်မှာတော့ Baby Face လေးလို အသားအရေ ရစေဖို့ ကိုယ်တိုင် ပြုလုပ် နိုင်တဲ့အချက်တွေကို ရေးပေးလိုက်ပါ တယ်။
(၁) သင်ရဲ့လက်ကို သတိထားပါ
Baby Face လေးလို အသားအ ရေနူးညံ့နေစေဖို့ ပထမတစ်ချက်က သင်ရဲ့ လက်ကိုသတိထားဖို့ပါ။ ဘာ ကြောင့်လဲဆိုရင် အရေပြားမှာဖြစ်တဲ့ အ မာရွတ်အတော်များများက လက်နဲ့ကလိ လို့အမာရွတ်ထင်ကျန်တာများပါတယ်။ ဒါကြောင့် မျက်နှာအရေပြားကို အတင်း ပွတ်သပ်၊ ဆိတ်ဆွတာမျိုး မလုပ်မိအောင် ရှောင်ပါ။ ဖုန်းစခရင်မ်မှာ ဘက်တီးရီး ယားပိုးပေါင်း မြောက်မြားစွာရှိတာမို့ ဖုန်း စခရင်မ်ပွတ်ထားတဲ့လက်နဲ့ မျက်နှာကို အမှတ်မထင် ပွတ်သပ်မိတာမျိုးမဖြစ် အောင်ဂရုစိုက်ပါ။
(၂) ဝက်ခြံထွက်တတ်တဲ့ အသား အရေ ဆိုရင် ဂရုစိုက်ပါ
သင်ဟာဝက်ခြံထွက်တတ်တဲ့ အ သားအရေရှိသူဆိုရင် ဝက်ခြံကို လက် နဲ့ကလိတာ၊ ညှစ်တာတွေ ရှောင်ပါ။ အ ရေပြားပျက်စီးစေပြီး အမာရွတ် ထင် ကျန်စေနိုင်ပါတယ်။ ဝက်ခြံထွက်တတ် တယ်ဆိုရင် ဝက်ခြံဖြစ်ရတဲ့အကြောင်း ရင်းကို ရှာပါ၊ Tea Tree Oil လိမ်းပါ၊ ဓာ တုပစ္စည်းအပြင်းတွေကို သုံးတာရှောင်ပါ။ မျက်နှာကို သန့်အောင်ထားပါ။ လက်နဲ့ လုံးဝမကလိမိအောင်နေတာ အကောင်း ဆုံး ဖြစ်ပါတယ်။
(၃) Exfoliants တွေအသုံးပြုပါ
Exfoliants တွေဆိုတာက အ ရေပြားမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ဖို့ အသုံးပြုတာဖြစ်ပါတယ်။ မျက်နှာအရေ ပြားအတွက် ထုတ်လုပ်ထားတဲ့ Exfoliants တွေက ခန္ဓာကိုယ်အရေပြားအ တွက်သုံးတဲ့Body Scrub တွေလို မ ကြမ်းရပါဘူး။ Exfoliants မှာ Chemical Exfoliants နဲ့ Physical Exfoliants ဆိုပြီး နှစ်မျိုးရှိပါတယ်။
Physical Exfoliants ဆိုတာက သင်ကိုယ်တိုင် အလှကုန်ဆိုင်မှာ ဝယ် ယူပြီး ကိုယ်တိုင် အသုံးပြုနိုင်ပါတယ်။ အရေပြားပေါ် စက်ဝိုင်းပုံစံ နေရာအနှံ့ အသာအယာ ပွတ်ပေးပြီး ဆဲလ်သေ ဖယ်ရှားနည်းဖြစ်ပါတယ်။ Chemical Exfoliants ဆိုတာကတော့ Aesthetic Clinics တွေမှာ ပြုလုပ်နိုင်ပါတယ်။ အက်စစ်ကိုအသုံးပြုပြီး ဆဲလ်သေဖယ် ရှားတာဖြစ်ပါတယ်။
မျက်နှာအရေပြားပေါ်ရှိ ဆဲလ်သေ ဖယ်ရှားနည်းကို အများဆုံး တစ်ပတ် တစ်ရက်ပဲပြုလုပ်ပါ။ Chemical Exfoliants တွေအသုံးပြုပြီး ဆဲလ် သေဖယ်ရှားနည်းကို ရွေးမယ် ဆိုရင်တော့ တစ်လတစ်ကြိမ် ပဲလုပ်ပါ။
(၄) မှီဝဲပါ
Baby Face လေး လို အရေပြားနူးညံ့စေဖို့ ဘာတွေ မှီဝဲရမလဲဆိုရင် အဓိကအားဖြင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါတဲ့ အစားအစာ၊ ဖြည့်စွက်ဆေး စတာတွေကို စားသုံးပါ။ ခန္ဓာ ကိုယ်မှာ ရေဓာတ်ပြည့်ဝနေ အောင် ရေများများသောက်ပါ။ စိတ်ဖိစီးမှုနည်းအောင် နေထိုင် ပါ။ သင့်အသားအရေရဲ့ လို အပ်ချက်နဲ့ ကိုက်ညီတဲ့ အလှ ကုန် Skin Care တွေကို ရွေးချယ်ပါ။ သင့်အသားအရေအတွက် မှန်ကန်တဲ့ အလှကုန်ဖြစ်ဖို့လိုသလို အလှကုန်ကုန် ကို အသုံးပြုနည်းမှန်ကန်ဖို့လည်း လိုပါ တယ်။
(၅)အလွန်အကျွံလုပ်တာရှောင် ပါ
ဘယ်အရာပဲလုပ်လုပ် အလွန်အ ကျွံလုပ်တိုင်း ပိုကောင်းလာတာမျိုး မရှိ ပါဘူး။ မျက်နှာလိမ်းခရင်မ်တစ်ဗူးလုံး ကို တစ်ကြိမ်တည်းအကုန်လုံးလိမ်းပစ်လိုက်လို့ ချက်ချင်းကြီး အကျိုး ထူးသွားတာမျိုး မရှိပါဘူး။ နေ့စဉ် ပုံမှန်လုပ်ဆောင်သွားတဲ့ အရာ တွေကသာ အချိန်တစ်ခုရောက် လာရင် သူ့ဘာသာသူ အကျိုး ထူးခံစားရမှာဖြစ်ပါတယ်။ ဒါ ကြောင့် နေ့စဉ်ပုံမှန် အရေပြား ကို စောင့်ရှောက်နိုင်သလောက် အကောင်းဆုံး စောင့်ရှောက် သွားဖို့ပဲလိုပါတယ် ပျိုမေတို့ ရေ။
Darliko