အများပြည်သူလူထု သုံးစွဲရန်မသင့်တော်သော အလှကုန်ပစ္စည်းများ ထုတ်ပြန်ကြေငြာ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း ၃ မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်း (မာကျူရီ) ပါဝင်နေကြောင်း စစ်ဆေးတွေ့ရရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

 

စဉ် အလှကုန်ပစ္စည်းအမည် ထုတ်လုပ်သည့်ကုမ္ပဏီ တွေ့ရှိချက်
Due Beauty Cream Kreative Cosmetics (Pvt) Ltd., Pakistan Mercury (+)
Momiji 66 Sixty Six Every Day Fancy Girl Made in Thailand Mercury (+)
HUASHUZI Ginseng Bright White Spots-removing Set  တရုတ်စာများပါသည် Mercury (+)

 

 

အဆိပ်သင့် မာကျူရီပစ္စည်း (ပြဒါး) သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။

အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်း မရှိသော၊ အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ကြောင်း ကြေငြာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Source :

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *