Beauty Salon မှာ ခေါင်းလျှော်သင့်ပါသလား

ဦးခေါင်းမှ ဦးရေပြားတွေက နှစ် ပေါင်းများစွာ ကြာလာတဲ့အခါမှာ ကျုံ့နိုင် ဆန့်နိုင်အားတွေ လျော့ကျသွားပြီး ရွေ့ လျားမှုလည်း လျော့နည်းကာ ဦးခေါင်း နဲ့ ပိုပြီး တွယ်ကပ်လာပါတယ်။

ဒါ့အပြင် သွေးလှည့်ပတ်မှုတွေ နှေးကွေးသွားတဲ့အတွက် ဦးခေါင်းကို သားရေပြားနဲ့ဖိကပ်ထားသလို ဖြစ်တာ ကြောင့် မျက်ခွံတွဲကျတာ၊ အရေးကြောင်း တွေပေါ်လာတာ၊ မျက်နှာရဲ့ ပုံပန်း သဏ္ဌာန်ပြောင်းလဲတာတွေဖြစ်ပေါ်လာ ပါတယ်။ ဦးခေါင်းနဲ့လည်ပင်းမှ ကြွက် သားနဲ့ အရွတ်တွေက အရေပြားရဲ့ အရောင်အသွေးနဲ့ တင်းမာမှုပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ သင့်အနေနဲ့ ငယ် ရွယ်နုပျိုအောင် သင့်အရေပြားကို ဘယ် လောက်ပဲ ဂရုစိုက်စိုက်၊ အရေပြား အရေးကြောင်းတွေမဖြစ်အောင် Botox ပဲ ထိုးထိုး၊ ဒါတွေက အရွယ်တင် နုပျိုဖို့အတွက် လုံလောက်မှု မရှိလှပါ ဘူး။ ဦးရေပြားကျန်းမာရေးကောင်းမွန် ပြီး ကြွက်သားတွေ ပြန်လည်သန်မာနိုင်ဖို့ နဲ့ အရွယ်တင်နုပျိုစေဖို့အတွက် ဦး ခေါင်းနေရာကို နှိပ်နယ်ပေးရပါမယ်။
Beauty Salon မှာ ခေါင်းလျှော် ရင် ဦးခေါင်းကို နှိပ်နယ်ပေးတာကြောင့် အထက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်ပါ တယ်။ ဦးခေါင်းကို နှိပ်နယ်ပေးတာ ကြောင့် –
= မွေးညင်းပေါက်အတွင်း အာဟာ ရတွေ ကောင်းမွန်စွာရရှိပြီး ဆံပင် သန်စွမ်းလာနိုင်ပါတယ်။
= သွေးလှည့်ပတ်မှုနဲ့ ပြန်ရည်ကြော စနစ် ကောင်းမွန်လာနိုင်ခြင်း
= နှလုံးလုပ်ငန်း ပုံမှန်ဖြစ်လာနိုင်ခြင်း
= ခေါင်းကိုက်ဝေဒနာဖြစ်နိုင်ခြေ နည်းသွားခြင်း
= မျက်နှာရောင်ရမ်းမှုလျော့ကျသွား ခြင်း
= မျက်နှာကို သဘာဝအတိုင်း ပင့် တင်တဲ့ အကျိုးကျေးဇူးရရှိခြင်း
= အရေးကြောင်းများ လျော့နည်း သွားနိုင်ခြင်း

ဘေးတိုက်နှိပ်နယ်ခြင်း
= ဦးခေါင်းရဲ့ ဘေးဘက်နှစ်ဖက် နား ရွက်အပေါ် တစ်လက်မနေရာက နေရှိတဲ့ဆံပင်ကို အရင်းကနေ ဦး ခေါင်းထိပ်အထိ အသာအယာဆွဲ ယူလာပြီး နာရီလက်တံအတိုင်းနဲ့ နာရီလက်တံပြောင်းပြန်အတိုင်း စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။
= ၃၀-၄၀ စက္ကန့်ကြာအောင် နှိပ်နယ် ပါ။

နားရွက်နောက်နေရာကို နှိပ် နယ်ခြင်း
= ဦးခေါင်းဘေးနှစ်ဖက် နားရွက် နောက်နေရာက ဆံစကို အရင်းက နေ ဦးခေါင်းထိပ်အထိ ရောက် အောင် ဆွဲယူလာပါ။
= ငယ်ထိပ်နေရာရောက်ရင် ကိုင်ထား ပြီး နာရီလက်တံအတိုင်းနဲ့ နာရီ လက်တံပြောင်းပြန်အတိုင်း စက် ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။
= ၃၀-၄၀ စက္ကန့်ကြာအောင် နှိပ်နယ် ပါ။

နဖူးနှင့် ဦးခေါင်းနောက်နေရာ ကို နှိပ်နယ်ခြင်း
= ပုံမှာ ပြထားတဲ့အတိုင်း နဖူးနဲ့ ဦး ခေါင်းနောက်နေရာက ဆံပင်တွေ ကို ဦးခေါင်းထိပ်နေရာကိုရောက် အောင် ဆွဲယူပြီး နာရီလက်တံအ တိုင်းနဲ့ နာရီလက်တံပြောင်းပြန်အ တိုင်း စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။
= ၃၀-၄၀ စက္ကန့်ကြာအောင် နှိပ်နယ်ပါ။

ငယ်ထိပ်မှ ဦးခေါင်းထိပ်နေ ရာကို နှိပ်နယ်ခြင်း
= သင့်လက်နှစ်ဖက်က လက်ချောင်း တွေကို ငယ်ထိပ်ပေါ်မှာတင်ပြီး ငယ် ထိပ်နေရာကနေ ဦးခေါင်းထိပ်နေ ရာအထိဖိပြီး စက်ဝိုင်းပုံသဏ္ဌာန် နှိပ်သွားပါ။
= ၃၀-၄၀ စက္ကန့်ကြာအောင် နှိပ်နယ် ပါ။
ဦးခေါင်းနောက်နေရာ နှိပ် နယ်ခြင်း
= သင့်လက်နှစ်ဖက်က လက်ချောင်း တွေကို ဦးခေါင်းနောက်နေရာမှာ တင်ပြီး အဲဒီနေရာကနေ ကုပ်နေ ရာအထိ ဖိပြီး စက်ဝိုင်းပုံသဏ္ဌာန် နှိပ်နယ်သွားပါ။
= ၃၀-၄၀ စက္ကန့်ကြာအောင် နှိပ်နယ် ပါ။

ပြန်ရည်ကြောစနစ်စီးဆင်းမှုကောင်းမွန်စေရန်နှိပ်နယ်ခြင်း
= လက်သီးကိုဆုပ်ကာ ဦးခေါင်း နောက်ဘေးတစ်ဖက်တစ်ချက် အရိုး တွေ(ပုံမှာပြထားတဲ့)ပေါ်တင်ပြီး စက်ဝိုင်းပုံစံ နှိပ်နယ်သွားပါ။
= ၃၀-၄၀ စက္ကန့်ကြာအောင် နှိပ်နယ် ပါ။
ဒီနှိပ်နယ်မှုအားလုံးကို နေ့လယ် ဘက်အချိန်မှာ ပြုလုပ်နိုင်ပါတယ်။ အကောင်းဆုံးအချိန်ကတော့ မနက်အိပ် ရာထခါစ ထိုင်လျက် ဒါမှမဟုတ် မတ် တတ်ရပ်လျက် ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုနှိပ်နယ်ဖို့က မိမိဘာသာမိမိ လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။Beauty Salon မှာ တစ်ပတ် နှစ်ခါလောက်ခေါင်း လျှော်လိုက်ရင် ဆံပင်လည်း သန့်စင်ပြီး သားဖြစ်သလို ငယ်ရွယ်နုပျိုမှုအတွက် လည်း ဦးခေါင်းကို နှိပ်နယ်ပြီးသား ဖြစ် သွားမှာပါ။

လှပတ္တမြား

Post Author: Good Health Journal