Beetroot

မုန်လာဥနီက ကျန်းမာရေးအတွက် များစွာအ ကျိုးရှိတာ လူတိုင်းသိပြီး ဖြစ်မှာပါ။ ဒါ့အပြင် သူက အရေပြားကျန်းမာရေးအတွက်လည်း တကယ့်ကို ကောင်းမွန်စေပါတယ်တဲ့။ သူ့ကို Face Pack အဖြစ် အသုံးပြုရင် မျက်နှာကြမ်းရှရှဖြစ်နေတာကို ချော မွေ့စေနိုင်ပြီး ချွေးပေါက်တွေကျဉ်းစေကာ အမည်း ရောင်အစက်အပြောက်နဲ့ နေလောင်ဒဏ်ရာတွေကို လည်း သက်သာစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါ့အပြင် သူက မျက်နှာလေးကို သဘာဝ အတိုင်း နှင်းဆီရောင်သန်းစေနိုင်ပါတယ်တဲ့။ ဒါ ကြောင့် ဒီလို ကောင်းကျိုးများစွာရှိတဲ့ မုန်လာဥနီနဲ့ Face Pack ပြုလုပ်နည်းလေးကို ပျိုမေတို့အတွက် ဖော်ပြပေးလိုက်ပါရစေ။

လိုအပ်တာတွေက . . .
– မုန်လာဥနီရည် (Beetroot) စားပွဲဇွန်း နှစ်ဇွန်း
– ဒိန်ချဉ် စားပွဲဇွန်းတစ်ဇွန်း
– သံပရာရည် စားပွဲဇွန်းတစ်ဇွန်း
– ကုလားပဲမှုန့် စားပွဲဇွန်း နှစ်ဇွန်း

ပြုလုပ်နည်း
– မုန်လာဥနီကို ရေစင်အောင် ဆေးကာ အတုံးလေးတွေ လှီးပြီး ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။
– ပြီးရင် ရလာတဲ့အနှစ်တွေကို ပိတ်စိမ်းပါးထဲ ထည့်ကာ ဆန်ခါခံပြီး အရည်စစ်ယူပါ။
– အဲဒီမုန်လာဥနီရည်ထဲကို ကုလားပဲမှုန့် စားပွဲဇွန်းနှစ်ဇွန်းစာ ထည့်ကာမွှေပါ။
– ပြီးရင် ဒိန်ချဉ် စားပွဲဇွန်းတစ်ဇွန်းစာနဲ့ သံပရာရည် စားပွဲဇွန်းတစ်ဇွန်းစာ ထပ်ပေါင်းထည့်ကာ သမအောင် မွှေပေးပါ။
– အခုဆိုရင် အသင့်အသုံးပြုနိုင်တဲ့ မုန်လာဥနီ Face Pack ရပါပြီ။

Tips
– Face Pack ကို အသုံးမပြုခင်မှာ မျက်နှာကို သေချာစင်အောင်သစ်ပြီး နူးညံ့တဲ့ ပဝါစနဲ့ ရေခြောက်အောင် ဖွဖွသုတ်ပါ။
– ပြီးရင် မိတ်ကပ်ဘရပ်ရှ်ကို အသုံးပြုကာ အဲဒီအနှစ်ကို သင့်မျက်နှာအနှံ့သုတ်လိမ်းပါ။ (မျက် လုံးနဲ့ ပါးစပ်နေရာကိုချန်ထားပါ)
– နှစ်မိနစ်ခန့် အကြာမှာ နောက်တစ်လွှာ ထပ်သုတ်လိမ်းပါ။
– ပြီးရင် အဲဒီအနှစ်တွေ ခြောက်သွားအောင် ၁၅-၂၀ မိနစ်ခန့် ထားပါ။
– နူးညံ့တဲ့အဝတ်စတစ်ခုကို ရေနွေးစိမ်ပြီးညှစ်ကာ ခုနကခြောက်သွားတဲ့ အနှစ်တွေကို ကုန်စင် အောင် တို့သုတ်ဖယ်ရှားလိုက်ပါ။
– အခုဆိုရင် မုန်လာဥနီကို အသုံးပြုပြီး ပန်းသွေးရောင်မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *