ဘာကြောင့် ငါ့မျက်စိဝါးနေရပါသလဲ?

မျက်မှန်တပ်ဖို့ လိုအပ်တာကြောင့်ပါ
သင်ရဲ့ မျက်ဝန်းဟာ ၀ိုင်းရမယ့်အစား ဘဲဥပုံဖြစ်နေရင် ဒါမှမဟုတ် သင်ရဲ့ မျက် ကြည်လွှာ မျက်စိမှန်ဘီလူးတွေက ကွေးသင့်သလောက် မကွေးရင် အလင်းဟာ ဆုံ ချက်လွဲသွားနိုင်ပါတယ်။ ဒါကြောင့် နေရာ အကွာအဝေးတစ်ခုအတွင်းမှာပဲ ကြည် လင်ပြတ်သားစွာ မြင်တွေ့ရနိုင်ပြီး အနီးမှုန် ဒါမှမဟုတ် အဝေးမှုန်တွေ ဖြစ်လာနိုင် ပါတယ်။ မျက်မှန်တပ်တာ၊ မျက်ကပ်မှန်တပ်တာ ဒါမှမဟုတ် လေဆာနဲ့ ခွဲစိတ်မှု ခံယူ တာတွေ ပြုလုပ်ပြီး ပြုပြင်နိုင်ပါတယ်။

မျက်စိပင်ပန်းနေတာကြောင့်ပါ
ကွန်ပျူတာစခရင်မ် ဒါမှမဟုတ် စာမျက်နှာတစ်ခု ဒါမှမဟုတ် ဖုန်းတွေနဲ့ အချိန် အကြာကြီး ကြည့်ရှုနေရတာကြောင့် မျက်စိအမြင်ဝါးသွားနိုင်ပါတယ်။ ဒီလိုမျိုး အလုပ် တွေကို အာရုံစိုက်နေရတဲ့အချိန်မှာ လူတွေက မျက်တောင်အခတ်နည်းသွားတတ်ပါ တယ်။ မျက်တောင်ခတ်လိုက်တိုင်းမှာ မျက်ရည်တွေက မျက်စိအတွင်းကျရောက်လာ တာကြောင့် မျက်စိကို သန့်စင်ပေးလိုက်တာတွေအပြင် ချောဆီအဖြစ် ပြုမူလိုက်တာ ကြောင့် မျက်လုံးပြန်လည် လန်းဆန်းသွားနိုင်ပါတယ်။ မျက်စိနဲ့ အချိန်အကြာကြီး အလုပ်လုပ်ရသူတွေအနေနဲ့ မကြာခဏ မျက်တောင်ခတ်တာ၊ မျက်စိကို ခဏအနား ပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။

ဆီးချိုရောဂါရှိနေတာကြောင့်ပါ
ဆီးချိုရောဂါကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ခဲ့ရင် အရည်တွေက မျက်စိမှန် ဘီလူးထဲ စိမ့်ဝင်သွားတာကြောင့် မျက်လုံးရောင်ရမ်းနိုင်ပါတယ်။ ရောဂါရှိမှန်း မသိ ခင် ဒါမှမဟုတ် အင်ဆူလင်လိုမျိုး ဆေးဝါး အသုံးပြုရချိန်မှာ စတင်တွေ့ရှိနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် ပုံမှန်ပြန်ဖြစ်သွားချိန်မှာလည်း ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ မျက်စိရောဂါပြဿနာအလွန်ဖြစ်နိုင်တာမို့ နှစ်စဉ် ဆရာဝန်နဲ့ စစ်ဆေးမှုခံယူသင့်ပါတယ်။

မျက်လုံးရောင်နေတာကြောင့်ပါ
မျက်စိကို မတော်တဆ ထိခိုက်မိတာကြောင့် မျက်လုံးတစ်သျှူးရောင်ရမ်းနိုင်ပါ တယ်။ ရေယုံဗိုင်းရပ်စ်ပိုးကြောင့်လည်း မျက်စိအတွင်း ပျံ့နှံ့ပြီး ရောင်ရမ်းနိုင်ပါတယ်။ မျက်ကပ်မှန်တပ်ပြီး အိပ်မိတာ၊ မျက်ကပ်မှန်ကို သေချာမသန့်စင်မိတာကြောင့်လည်း မျက်စိအတွင်း ရောဂါပိုးဝင်ပြီး ရောင်ရမ်းနိုင်ပါတယ်။ ဂျွတ်ရောဂါ၊ သွေးလေးဖက်နာ ရောဂါလိုမျိုး ခုခံအားစနစ်နဲ့ ဆိုင်တဲ့ရောဂါတွေကြောင့်လည်း မျက်စိအတွင်း ရောင် ရမ်းနိုင်ပါတယ်။

သွေးပေါင်ချိန်ကျဆင်းတာကြောင့်ပါ
မျက်စိအမြင်ေ၀၀ါးတာနဲ့အတူ အားနည်းပြီး ခေါင်းမူးနေတာက သွေးပေါင်ချိန် ကျဆင်းနေတာကြောင့် ဖြစ်တတ်ပါတယ်။ နေပူထဲ ပြင်းပြင်းထန်ထန်လှုပ်ရှားတာ ကြောင့် ရေဓာတ်ဆုံးရှုံးမှုများသွားတဲ့အခါမှာ သွေးပေါင်ကျသွားနိုင်ပါတယ်။ နှလုံး ပြဿနာဖြစ်တာ၊ အာဟာရမပြည့်ဝတာ၊ ဟော်မုန်းညီညွတ်မျှတမှုမရှိတာနဲ့ တချို့ ဆေးဝါးတွေကြောင့် သွေးပေါင်ကျပြီး အမြင်ေ၀၀ါးနိုင်ပါတယ်။

မျက်စိအတွင်း အရည်စုဆောင်းမှုများတာကြောင့်ပါ
မျက်စိအတွင်း အရည်စုဆောင်းမှုများနေရင် မျက်စိအာရုံကြောပေါ်မှာ ဖိအား များပြီး အာရုံကြောပျက်စီးနိုင်ပါတယ်။ ရောင်ခြည်စက်ဝန်းလိုမြင်တွေ့ရနိုင်ပြီး မျက် စိဟာ နီရဲကာ အလွန်နာကျင်နေနိုင်ပါတယ်။ အလျင်အမြန်ဖြစ်ပေါ်တတ်ပြီး ကုသမှု မခံယူခဲ့ရင် တစ်နေ့တည်းမှာပဲ အမြင်ကွယ်သွားနိုင်ပါတယ်။ ရေတိမ်ရောဂါလို့ ခေါ် ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကြောင့်ပါ
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှိသူတွေ လေးပုံတစ်ပုံခန့်က ခေါင်းမကိုက်ခင် နာရီဝက်အလိုခန့်မှာ အမြင်ေ၀၀ါးလာနိုင်ပါတယ်။ မျက်စိရှေ့မှာ ရေ ဒါမှမဟုတ် မှန် ကွဲခံပြီး ကြည့်နေရသလိုမျိုး မြင်တွေ့ရနိုင်ပါတယ်။ မျက်စိတစ်ဖက်တည်းဖြစ်ခဲ့ရင် ဆိုးရွားတဲ့ ပြဿနာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြပါ။

အတွင်းတိမ်ရောဂါကြောင့်ပါ
မျက်စိရဲ့ မှန်ဘီလူးရှေ့မှာ တိမ်ကွယ်နေသလို ဖြစ်နေတတ်ပါတယ်။ အသက် ၅၅ နှစ်နောက်ပိုင်းမှာ တဖြည်းဖြည်းဖြစ်ပေါ်တတ်ပေမယ့် အသက်ငယ်ရွယ်သူတွေ ကလေးငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ညဘက်ပိုင်းမှာ မြင်တွေ့ ရခက်ခဲနိုင်ပါတယ်။ တောက်ပတဲ့အလင်းရောင်စူးစူးဒဏ်ကိုလည်း မခံနိုင်တော့ပါဘူး။ ခွဲစိတ်ကုသမှုခံယူပြီး ကုသရပါမယ်။

အသက်ကြီးလာတာကြောင့်ပါ
အသက် ၄၀ အရွယ်မှစတင်ပြီး အနီးမှာ ရှိတဲ့အရာဝတ္ထုတွေကို သေချာမြင်ဖို့ ခက်ခဲသွားပါပြီ။ မျက်စိအတွင်းမှန်ဘီလူးက ငယ်ရွယ်စဉ်ကလောက် ကျုံ့နိုင်ဆန့်နိုင် အား မရှိတော့တာကြောင့်ပါ။ မျက်ကပ်မှန်တပ်တာ ဒါမှမဟုတ် ခွဲစိတ်ကုသမှုခံယူတာ တွေ ပြုလုပ်နိုင်ပါတယ်။

မျက်ကြည်လွှာကို ကုတ်ခြစ်မိတာကြောင့်ပါ
မျက်စိယားယံတဲ့အတွက် မျက်စိကို ပွတ်တိုက်ရာမှ မျက်စိအတွင်းဝင်နေတဲ့ ဖုန်တွေ၊ သဲတွေကြောင့် မျက်ကြည်လွှာ ပွန်းပဲ့သွားနိုင်ပါတယ်။ မျက်လုံးကို ရေအေးနဲ့ ဆေး ကြောပေးပါ။ မျက်တောင်ခဏခဏခတ်တာ တွေကြောင့် မျက်ရည်ပိုထွက်ပြီး ပြင်ပ ပစ်္စည်းတွေ သန့်စင်နိုင်ပါတယ်။ မျက်လုံးကို ပွတ်တာမျိုး မလုပ်ပါနဲ့။ ပိုမိုဆိုးရွား သွားနိုင်တာကြောင့်ပါ။ မျက်ကြည်လွှာ ပွန်းပဲ့ရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။

ဦးနှောက်အတွင်း ပြဿနာရှိနေတာကြောင့်ပါ
ခေါင်းကို ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ဦးနှောက်ကင်ဆာတွေကြောင့် အမြင် အာရုံကို ထိခိုက်နိုင်ပါတယ်။ ဦးနှောက်ရောင်ရမ်းတာ၊ ဦးနှောက်အမြှေးရောင်တာ (ရောဂါပိုးဝင်ရောက်တာကြောင့်)တွေကြောင့် ဦးနှောက်ရောင်ရမ်းပြီး အမြင်နှစ်ထပ် ဖြစ်တာလိုမျိုး လက္ခဏာပြတတ်ပါတယ်။

မြင်လွှာပျက်စီးတာကြောင့်ပါ
မျက်လုံးရဲ့ အနောက်ဘက်မှာ ရှိတဲ့ မက်ကူလာအပါအ၀င် မြင်လွှာဟာ အာဟာ ရ ချို့တဲ့တာ၊ ဆေးလိပ်အသောက်များတာ၊ ယခင်က မျက်စိအတွင်း ဒဏ်ရာရတာ၊ မျက်စိရောဂါ၊ ဒါမှမဟုတ် သွေးတိုးရောဂါ၊ သွေးတွင်း ကိုလက်စထရောမြင့်မားတာနဲ့ ဆီးချိုရောဂါလိုမျိုး ကျန်းမာရေးပြဿနာတွေကြောင့် ရောင်ရမ်းတာ ဒါမှမဟုတ် ပျက် စီးတာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်တာကြောင့်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ မျက်စိအမြင်ေ၀၀ါးတာနဲ့အတူ ခေါင်းကိုက်တာ၊ အသက် ရှူမ၀တာနဲ့ ပျို့အန်တာတွေဖြစ်ပါက ကိုယ်ဝန်ဆိပ်တက်တဲ့ပြဿနာဖြစ်နိုင်ပါတယ်။ အချင်းထဲမှာ ရှိတဲ့ သွေးကြောတွေက ကျဉ်းမြောင်းလွန်းပြီး အလုပ်သေချာမလုပ်တာ ကြောင့် ကိုယ်ဝန်ဆိပ်တက်နိုင်ပါတယ်။ ကိုယ်ဝန်အပတ် ၂၀ နောက်ပိုင်းမှာ သွေးဖိ အား မြင့်တက်တာက ကိုယ်ဝန်ဆိပ်တက်တဲ့ ပထမဆုံးလက္ခဏာပါ။ ကုသမှုမခံယူခဲ့ ရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဆိုးရွားနိုင်ပါတယ်။ မွေးဖွားတဲ့အထိ အနားယူ ပြီး ဆေးဝါးအသုံးပြုရပါမယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *