ဘဝအောင်မြင်မှုအတွက် IQ နဲ့ EQ ဘယ်ဟာ ပိုအရေးကြီးလဲ

ဘဝမှာ အောင်မြင်တဲ့လူသားတစ်ဦး အဖြစ် ရပ်တည်နိုင်ဖို့ Cognitive Intel-ligence (IQ) နဲ့ Emotional Intel-ligence (EQ)
ကဏ္ဍနှစ်ခုကို မသိ မဖြစ် သိဖို့လိုလာပါတယ်။ IQ ဆိုတာက အမြင်စူးရှစွာနဲ့လေ့လာသင်ယူနိုင်တာ၊ မှတ်ဉာဏ်စွမ်းရည်ကောင်းတာ၊ ကြောင်း ကျိုးဆက်စပ်ပြီးတွေးခေါ်တတ်တာ စတဲ့ အရည်အသွေးတွေကို ဆိုလိုနိုင်ပါတယ်။ EQ ဆိုတာက စိတ်ခံစားချက်တွေကိုသိ မြင်ခွဲခြမ်းနိုင်တာ၊ တခြားသူတွေရဲ့ စိတ် အခြေအနေတွေကိုဆန်းစစ်နိုင်တာ၊ လူမှု ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တာကို ဆိုလိုနိုင်ပါတယ်။

ဘယ်အရာပိုအရေးကြီးလဲ
IQ နဲ့ပတ်သက်ပြီး IQ Test စစ်လို့ ရပါတယ်။ ဒါပေမဲ့ EQ ကိုတော့ တိတိကျ ကျ စစ်ဆေးနိုင်တဲ့ Test မရှိသေးပါဘူး။ အရင်က IQ ကို အဓိက ထားခဲ့ကြပေမယ့် အခုခေတ်မှာ EQ ရဲ့ အရေးပါပုံကိုလည်း အသိအမှတ်ပြုလာကြပါပြီ။ ဒါကြောင့် ငယ်စဉ်အရွယ်မှာကတည်းက EQ မြင့် စေဖို့ Social and Emotional နဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးဖို့ လေ့ကျင့်ပျိုးထောင်လာကြပါတယ်။
ဘဝအောင်မြင်မှုနဲ့ပတ်သက်ပြီး IQ မြင့်တဲ့သူတွေက ပိုပြီး စွမ်းဆောင်ရည် မြင့်မားတယ်လို့ သတ်မှတ်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ IQ မြင့်တိုင်း ဘဝမှာ အောင်မြင်မယ်လို့ အာမခံချက်တော့ မရှိပါဘူး။ ပညာရေးရှုထောင့်ကကြည့် မယ်ဆိုရင် IQ မြင့်တဲ့သူတွေက အတန်း ပညာတွေမှာ ထူးထူးချွန်ချွန် အောင်မြင် ကြတာကို တွေ့ရနိုင်ပါတယ်။ Grade ကောင်းမယ်၊ အမှတ်ကောင်းမယ်ဆိုတော့ လစာဝင်ငွေများတဲ့ အလုပ်တွေကို ရရှိ နိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
ဒီနေ့ခေတ်မှာတော့ ဘဝမှာအောင် မြင်မှုကို IQ တစ်ခုတည်းနဲ့ သတ်မှတ် တိုင်းထွာလို့မရဘူးလို့ လေ့လာချက်တွေ က ထုတ်ပြန်လိုက်ပါပြီ။ လုပ်ငန်းအတော် များများမှာလည်း EQ Training တွေ လုပ်ဆောင်လာပြီး အလုပ်ခန့်အပ်ဖို့ အတွက် EQ Test ဖြေရတာတွေ ရှိလာပါ တယ်။ လူအများကို ဦးဆောင်ရတဲ့သူ တွေအနေနဲ့ EQ က IQ ထက် ပိုပြီး အ ရေးပါလာပါတယ်။ ခေါင်းဆောင်နိုင်မှု စွမ်းရည် (Leadership) အတွက် QE က ပိုပြီး အရေးပါတာကို လက်ခံလာကြ ပါတယ်။
အရောင်းအဝယ်လုပ်တဲ့နေရာမှာ လည်းပဲ EQ မြင့်တဲ့သူတွေက IQ မြင့်တဲ့ သူတွေထက် ပိုပြီး ရောင်းအားရနိုင်ခြေ ရှိတာကို လေ့လာတွေ့ရှိထားပါတယ်။ ဒါဟာလည်း ဝယ်ယူစားသုံးမယ့်သူရဲ့ စိတ်အခြေအနေကို ကောင်းစွာ နားလည် ထားပြီး ညှိနှိုင်းဆောင်ရွက်နိုင်တာ၊ ဝယ် ယူသူရဲ့ စိတ်ကိုလွှမ်းမိုးနိုင်တာကြောင့် ဖြစ်ပါတယ်။ လူအများစုက ကိုယ်ယုံ ကြည်စိတ်ချရတယ်လို့ ခံစားရတဲ့သူဆီ ကပဲ ဝယ်ယူမှုကို အများဆုံးလုပ်မှာဖြစ် ပါတယ်။

EQ မြင့်တက်ဖို့ သင်ယူလို့ရလား
လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ စိတ် ခံစားမှုဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် သင် တန်းတွေရှိလာပြီဖြစ်တာကြောင့် EQ ဉာဏ်ရည် မြင့်တက်ဖို့ သင်ယူလို့ ရပါ တယ်။ ဒီထဲမှာ ကိုယ့်စိတ်အကြောင်းကို ကိုယ်သေချာနားလည်ဖို့၊ စိတ်ခံစားချက် တွေကို ကောင်းစွာပိုင်းခြားဆန်းစစ်နိုင်ဖို့၊ အပြုအမူပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး သင်ယူဖို့၊ ကိုယ်ချင်းစာတရားရှိဖို့၊ တခြား သူတွေရဲ့ ခံစားချက်ကို နားလည်ပေး တတ်ဖို့ စတာတွေက EQ Training အတွက် အဓိကကျတဲ့အချက်တွေ ဖြစ်ပါ တယ်။
ဘဝအောင်မြင်မှုလို့ဆိုလိုက်ရင် အောင်မြင်မှုကို တိုင်းတာတဲ့ ပေတံတွေ လူတစ်ဦးနဲ့တစ်ဦးမှာ မတူပါဘူး။ IQ ရော EQ ရော နှစ်ခုစလုံးက အခြေအနေ အရပ်ရပ်တိုင်းမှာ အသုံးဝင်ပါတယ်။ လူ သားတွေမှာတွေ့ရတဲ့ ဉာဏ်ရည် ဉာဏ်သွေး ကိုးမျိုးရှိပြီး လူတစ်ဦးမှာ တစ်ခု ထက်ပိုတဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ပိုင် ဆိုင်တာလည်း ရှိပါတယ်။ IQ တစ်ခု တည်းနဲ့ အောင်မြင်မှုကို သတ်မှတ်လို့ မရသလို လူတိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိနေကြတယ်ဆိုတာ မမေ့ပါနဲ့။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal