ပျက်စီးသွားတဲ့ အသားအရေ အတွက် Body Scrub

နေလောင်ထားတဲ့ အသားအရေပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ပေါ်ပြူလာအဖြစ်ဆုံးက Body Scrub ပါ။ အသားအရေ နေလောင်ပြီး၊ အရောင်မညီဖြစ်သွားလို့ လုပ်ကြတာများပါတယ်။ ဒီနေ့ ခေတ်မှာ Skin Treatment မျိုးစုံ၊ Spa မျိုးစုံမှာ နိုင်ငံတကာကလာတဲ့ အမှတ် တံဆိပ်မျိုးစုံကို တွေ့ရပါတယ်။ သင်ရဲ့ အသားအရေနဲ့ ကြိုက်နှစ်သက်တဲ့ ရနံ့ပေါ်မူတည်ပြီး ရွေးချယ်စရာအမျိုးမျိုး ရှိပါတယ်။ 

ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အသားအရောင်၊ Type တွေမတူသလို Sensitive ဖြစ်ပုံဖြစ်နည်းတွေလည်း မတူညီကြပါဘူး။ ဓာတုပစ္စည်းတစ်ခုက တစ်ယောက်မှာတည့်ပေမဲ့ နောက်တစ်ယောက်ရဲ့ အရေပြားမှာ တည့်ချင်မှ တည့်မှာပါ။ ဒါကြောင့်မို့ ကိုယ့်အသား အရေပေါ်မူတည်ပြီး အသုံးပြုမယ့် ဓာတုပစ္စည်းတွေကိုဂရုစိုက်ရွေးပေးဖို့ လိုအပ်ပါတယ်။

အရေပြားဆိုတာ –
သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ကာကွယ်ပေးထားတဲ့ သင့်အရေပြားရဲ့ အလေးချိန်က ၈ ပေါင် ကနေ ၁၁ ပေါင် ထိ ရှိနိုင်ပါတယ်။ ဒီအရေပြားလေးက နေ့စဉ်တိုက်ချွတ်ဆေးကြောတာကို ခံနိုင်ပြီး ကျုံ့နိုင်ဆန့်နိုင်အားလည်း ရှိပါတယ်။ သူကအရေပြားသက်သက် မဟုတ်ဘဲ အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်တာ၊ မယ်လနင်ရောင်ခြယ် ထုတ်လုပ်တာ၊ ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးတာ၊ ချွေးထွက်စေတာ၊ ထိတွေ့ခံစားမှုကိုသိစေတာ၊ အမွေးအမှင် ပေါက်စေတာ၊ အရေပြားအတွင်း သွေးလှည့်ပတ်မှု ဆောင်ရွက်ပေးတာ၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတာ၊ အဆီသိုလှောင်တာ စတဲ့ လုပ်ငန်းဆောင်တာ အဝ၀ကိုလည်း ထမ်းဆောင်ပေးပါတယ်။ အရေပြားက ဆဲလ်အသစ်တွေကို အမြဲ ထုတ်လုပ်ပေးနေပြီး တစ်ကိုယ်လုံးအတွက် အရေပြားဆဲလ်အသစ်တွေ အပေါ်ဆုံးအရေပြားလွှာကိုရောက်ဖို့ တစ်လနီးပါးလောက်ကြာပါတယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် အပေါ်ယံအရေပြား (Epidermis) ရဲ့ သက်တမ်းက တစ်လဖြစ်ပါတယ်။ နေ့စဉ် နေ့တိုင်း ဆဲလ်သေတွေ ၃၀ဝ၀ဝ ကနေ ၄၀ဝ၀ဝ ထိဖြစ်ပေါ်နေပါတယ်။ အပေါ်ယံ အရေပြားလွှာက ဆဲလ်သေတွေက တစ်ခါတည်းအကုန် မကွာကျလာပါဘူး။ တစ်နေ့တာ သင်သွားလေရာနေရာတိုင်းမှာ နဲနဲစီကွာကွာကျသွားမှာပါ။

♥ Body Scrub
Body Scrub ဆိုတာက တစ်နည်းအားဖြင့် ဆဲလ်အသေတွေကို ဖယ်ရှားပစ်တဲ့နည်း Exfoliation တစ်နည်းပါပဲ။ Exfoliation မှာ နှစ်မျိုး ရှိပါတယ်။ Physical exfoliants နဲ့ Chemical exfoliants ဖြစ်ပါတယ်။ Physical exfoliants က ကိုယ်တိုင် ဝယ်ယူလို့လွယ်တဲ့ Body Scrubs၊ ဘရက်ရှ် (Brushes)၊ သပွတ်အူ တွေပါဝင်ပါတယ်။ Chemical exfoliants ကတော့ ဓာတုပစ္စည်း (အက်စစ်၊ peels) တွေ အသုံးပြုပြီး ဆဲလ်အသေဖယ်ရှားနည်းဖြစ်လို့ ကျွမ်းကျင်တဲ့ အရေပြားဆရာဝန် လုပ်ပေးမှ ရမှာဖြစ်ပါတယ်။

♥ ဘာတွေသိထားသင့်လဲ –
– အရေပြားအပေါ်ယံလွှာကို Body Scrubs တွေနဲ့ ပွတ်တိုက်ပေးတာက အသားအရေကို ယာယီချောမွတ် တောက်ပစေပြီး အသားရောင် ညီစေပါတယ်။
– ဆဲလ်အသေဖယ်ရှားတဲ့ နည်းလမ်းတွေကို အလွန်အကျွံ အသုံးပြုမယ်ဆိုရင် ဆဲလ်အသစ်တွေပါ ထိခိုက်နိုင်ပြီး အသားအရေ နီမြန်းတာ၊ အရေပြားခြောက်တာ၊ ယားယံတာ၊ Sensitive ဖြစ်တာတွေ ဖြစ်လာစေပါတယ်။
– ဒါကြောင့် နေ့စဉ် Body Scrubs တွေနဲ့ ပွတ်တိုက်ဆေးကြောတာကို ရှောင်ပါ။
– အများဆုံး တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်ထိပဲ အသုံးပြုသင့်ပါတယ်။
– အရမ်း Sensitive ဖြစ်တတ်တဲ့ အသားအရေဆိုရင် တစ်ပတ်ကို တစ်ကြိမ် ကနေ နှစ်ကြိမ်ထဲပဲ Scrubs တွေ အသုံးပြုပါ။
– ဓာတုပစ္စည်း အသုံးပြုတဲ့ Skin exfoliation တွေကိုတော့ နှစ်ပတ်ကို တစ်ကြိမ်ပဲ ပြုလုပ်သင့်ပါတယ်။

#ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *