Borax Toilet Bombs

အိမ်သာထဲအနံ့ဆိုးဆိုးတွေကို မသန့်စင်၊ မဖယ်ရှားနိုင်ရင် အိမ် ရှေ့ဧည့်ခန်း၊ အိပ်ခန်းတွေအထိပါ အနံ့ဆိုးတွေလှိုင်လှိုင်ထွက်ပြီး ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ ဧည့်သည်လာရင်လည်း အိမ်သာနံနံကြီးထဲ အသုံးပြုစေဖို့ မသင့်တော်ဘူးမဟုတ်လား။ ဒါ ကြောင့် အိမ်ရှင်မကောင်းတို့အတွက် အနံ့ဆိုးကင်းတဲ့အိမ်သာဖြစ်စေ မယ့် လက်ချား Toilet bombs ပြုလုပ်နည်းကို ဖော်ပြပေးလိုက် ပါရစေ။

လိုအပ်တာတွေက

– မုန့်ဖုတ်ဆော်ဒါ ခွက်တစ်ဝက်စာ
– စစ်ထရစ်အက်စစ်မှုန့် ခွက်တစ်ဝက်စာ (iHerb.com တွင်ရရှိနိုင်)
– လက်ချားမှုန့် ခွက်တစ်ဝက်စာ
– Lemon Essential Oil ၁၅ စက်ခန့်
– ရေ

ပြုလုပ်နည်း
– စစ်ထရစ်အက်စစ်၊ မုန့်ဖုတ်ဆော်ဒါနဲ့ လက်ချားမှုန့် ခွက်တစ်ဝက်စာစီကို ပန်းကန် လုံးတစ်လုံးထဲထည့်ကာ သစ်သားဇွန်းနဲ့မွှေပါ။
– ရေကို စပရေးဘူးထဲထည့်ကာ အဲဒီထဲကို အနည်းငယ်စီ ဖျန်းကာ မွှေပေးပါ။ စိုထိုင်းထိုင်းအခြေအနေဖြစ်တဲ့အထိလောက်သာ ရေထည့်ပေးရပါမယ်။ အရမ်းများ မသွားစေပါနဲ့။
– ပြီးရင် အဲဒီထဲကို Lemon Essential Oil ၁၅ စက်ခန့်ကို ထည့်ကာ ထပ်မွှေပါ။ (သံပရိုနံ့၊ လာဗံဒါ၊ ရို့စ်မယ်ရီ စသဖြင့် သင်ကြိုက်နှစ်သက်ရာ Essential Oil ကို အသုံးပြုနိုင်ပါတယ်)
– ရလာတဲ့အရောအစပ်ကို ပုံစံခွက် ဆီလီကွန်မိုလ်ထဲထည့်ပါ။ (ဆီလီကွန်မိုလ်ကို သင်ကြိုက်နှစ်သက်ရာ ပုံစံခွက်လေးတွေ အသုံးပြုနိုင်ပါတယ်။ ဥပမာ အသည်းပုံတို့၊ အဝိုင်းတို့ပေါ့)
– ပြီးရင် ၄-၁၀ နာရီခန့်ထားကာ အခြောက်ခံပါ။ (အဲဒီအချိန်အထိ စိုထိုင်းထိုင်းဖြစ်နေဦးမယ်ဆိုရင် အဲဒီပုံစံခဲလေးတွေကို ကတ်ထူစက္ကူပေါ်တင်ကာ ခြောက်သွားတဲ့အထိ ထားပါ။
– အားလုံးပြီးသွားပြီဆိုရင်တော့ လေလုံဖန်ပုလင်းထဲ ထည့်ကာ သိမ်းဆည်းပါ။

အသုံးပြုနည်း 
– Toilet bomb တစ်ခဲကို ယူပြီး အိမ်သာထဲထည့်ကာ အမြှုပ်ထပျော်ကျတဲ့အထိထားပါ။
– ၁၀ မိနစ်ခန့်အကြာမှာ အိမ်သာကို ရေဆွဲချလိုက်ပါ။
– ပြီးရင် အိမ်သာဆေးတဲ့အတံနဲ့ အညစ်အကြေးတွေကို ပွတ်တိုက်ဆေးကြောပါ။
– အခုဆိုရင် သန့်ရှင်းပြီး အနံ့ဆိုးကင်းတဲ့အိမ်သာလေး ဖြစ်သွားပါပြီ

ဆူးမြာ 

Post Author: Good Health Journal