“ဥာဏ်ကောင်းစေမယ့်အပြုမူများ – ဒေါက်တာစိမ့်”

မိုဘိုင်းဖုန်းအလွန်အကျွံသုံးတာကို လျော့ပြီး –

  • ဖုန်းကြောင့် အိပ်ရေးမပျက်အောင်နေပါ။ အိပ်ရေးဝအောင် အိပ်မှသာ မှတ်ဥာဏ်အတွက် အထောက်အကူဖြစ်မှာပါ။ ကိုယ်လက်လှုပ်ရှားမှုတွေကလည်း ဦးနှောကို သွေးစီးဆင်းမှု မြန်ဆန်ကောင်းမွန်စေပြီး ဦးနှောက်ကို ကာကွယ်ပေးတဲ့ Brain Protection Compound တွေကို ထွက်စေပါတယ်။ ဒါ့အပြင် နာ့ဗ်ဆဲလ်တွေရဲ့စွမ်းအားကိုလည်း Boost လုပ်ပေးသလို ဖြစ်စေပါတယ်။
  • vitamin B-12 ဗီတာမင် ဘီ ၁၂၊ folic acid ဖောလစ်အက်စစ် စတာတွေပါတဲ့ သစ်သီးတွေ၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ကြက်သားနဲ့ ဥတွေ၊ Omega-3 fatty acids အိုမီဂါသရီး ဖက်တီးအက်စစ်ကြွယ်ဝတဲ့ အစားစာတွေ (ငါးကြီး) စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားစာတွေကို စားသောက်ပေးတာကလည်း ဦးနှောက်နဲ့ စိတ်ခံစားချက်အတွေးတွေကို တည်ငြိမ်ကောင်းမွန်စေပါတယ်။

  • စာကောင်း၊ ပေကောင်းတွေ ဖတ်ရှုတာ (အထူးသဖြင့် ဝတ္ထုတွေ)၊ သီချင်းနားထောင်တာတွေကလည်း တီထွင်ကြံဆနိုင်စွမ်းတွေ၊ စိတ်ကူးတွေကို တိုးတက်ကောင်းမွန်စေပြီး ဦးနှောက်ကျန်းမာရေးအတွက် အများကြီး အထောက်ပံ့ဖြစ်စေပါတယ်။

 

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *