ဟော်လိုဝင်းမှာ Cashire’s Smile လေးခြယ်မယ်ဆိုရင်

ဟော်လိုဝင်း (Halloween) ပွဲတော် ဆိုတာကတော့ အနောက်တိုင်း နိုင်ငံ တွေရဲ့ ဓလေ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာရဲ့ ရိုးရာဓလေ့ ပွဲတော်တွေ အတော်များများ ကျင်းပလာကြပါပြီ။ ဒီထဲမှာမှ ဟော်လိုဝင်း ပွဲတော်ကတော့ ထူးခြားတဲ့ ပွဲတော်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဟော်လိုဝင်းပွဲတော်ပါတီတွေ ကျင်းပတဲ့အခါ ကြောက်စရာကောင်းတဲ့ မိတ်ကပ်အပြင်အဆင်တွေ ဖန်တီးတာ၊ သွေးစုပ်ဖုတ်ကောင်၊ Zombie၊ သရဲ ပုံတွေလို ဝတ်ဆင်တာတွေလည်း တွေ့ရပါတယ်။

ဒီအပတ်မှာတော့ ဟော်လိုဝင်းပွဲတော်အတွက် ကိုယ်တိုင်ပြင်ဆင်ခြယ်သနိုင်ဖို့ လွယ်ကူတဲ့ Makeup Look တစ်မျိုးရွေးချယ်ထားပါတယ်။

Cashire Cat
ဒီကြောင်လေးကို နာမည်ကြီး ကာတွန်းရုပ်ရှင်ကားဖြစ်တဲ့ Alice in Wonderland မှာ တွေ့ဖူးမှာပါ။ ဒီကြောင်လေးရဲ့ အပြုံးကို inspire လုပ်ထားတဲ့ Makeup Look လေး ခြယ်နည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ
ကြောင်လေးရဲ့ အပြုံးကိုရဖို့ လိုအပ်တာတွေကတော့ မျက်နှာမှာခြယ်တဲ့ ဆေး အဖြူရယ်၊ အနက်ရယ်၊ အိုင်းရှဲဒိုး အညိုရောင်၊ လိုင်နာဘရပ်ရှ်၊ စုတ်တံတစ် ချောင်းရယ်ပဲ ဖြစ်ပါတယ်။

Cashire’s Smile Creation
(၁) အညိုရောင် ရှဲဒိုးကို လိုင်နာဘရပ်ရှ်နဲ့ အရင်ဆုံး ဒီလို အရာချထားပါမယ်။


(၂) ပါးစပ်တစ်လျှောက်မှာ ရှဲဒိုးအညိုရောင်နဲ့ပဲ ဒီလိုမျိုး အရင်ဆွဲထားပါ။


(၃) စုတ်တံကို သုံးပြီး မျက်နှာမှာ ခြယ်လို့ရတဲ့ Face Paint အနက်ရောင်နဲ့ တြိဂံပုံစံလေးတွေ လိုက်ဆွဲပါမယ်။ ပန်းချီဆွဲတဲ့ စုတ်တံနဲ့ ဆွဲလို့ရပါတယ်။


(၄) ဒီလိုပုံစံ ရပါမယ်။ Face Paint ကို သုံးတာက အသားအရေကို အလာဂျီ မဖြစ်စေပါဘူး။


(၅) နောက်ဆုံးမှ အဖြူရောင် Face Paint ကိုသုံးပြီး Teeth နေရာတွေကို လိုက်ဖြည့်ပါမယ်။


(၆) ဒီလို အပြည့် လိုက်ဖြည့်ပေးပါ။ နောက်ပိုင်း လိုအပ်တဲ့နေရာကို အနက်ရောင်နဲ့ ပြန်အနားသတ်လို့ ရပါတယ်။


(၇) ဒါဆို Cashire’s Smile ရပါပြီ။

Darliko 

Post Author: Good Health Journal