ကိုဗစ်နှင့် နေရောင်ခြည်

နေရောင်ခြည်က COVID-19 ကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ဗိုင်းရပ်စ်ပိုး အတော်များများကို ဖယ်ရှားပစ်နိုင်တယ်လို့ အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုက ကျန်းမာ ရေးဝန်ကြီးက ထုတ်ဖော်ထားပါတယ်။ လေ့လာမှုတစ်ခုအရလည်း ကိုရိုနာဗိုင်းရပ်စ် ပိုးတွေက မြင့်မားတဲ့အပူချိန်နဲ့ စိုထိုင်းဆများတဲ့နေရာမှာ ပျံ့နှံ့နှုန်း သိသိသာသာ နည်းတယ်လို့ သိရပါတယ်။ အပူချိန် ၁ ဒီဂရီစင်တီဂရိတ်တက်လာတိုင်း ဗိုင်းရပ်စ် ပျံ့နှံ့နိုင်ခြေက တစ်ရာခိုင်နှုန်းလျော့ကျတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရောဂါပျံ့နှံ့နေတဲ့အချိန်မှာ အေးတဲ့ရာသီဥတုနဲ့ စိုထိုင်းဆနည်းတဲ့ အီတလီ၊ စပိန်၊ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်၊ အီရန်၊ ပြင်သစ်၊ တောင်ကိုရီးယားလို နိုင်ငံတွေမှာ ရောဂါ ဖြစ်နှုန်း ပိုများကာ ပူပြီး စိုထိုင်းဆများတဲ့ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းလို နေရာမျိုးတွေမှာ ရောဂါဖြစ်နှုန်းက အဲဒီနိုင်ငံတွေထက် သိသိသာသာ လျော့နည်းတာ ကို […]

Covid-19 ကူးစက်ခံရရင် ဘယ်သူတွေမှာ အန္တရာယ်များနိုင်သလဲ ?

အသက် ၆၅ နှစ်ကျော်သူ၊ ကင်ဆာ ရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ အဆုတ်ရောဂါရှိသူ၊ ဆီးချိုရောဂါရှိသူ၊ နှလုံး ရောဂါရှိသူ၊ စိုးရိမ်စိတ်များသူ၊ ခုခံအား စနစ်ကျဆင်းသူနဲ့ ခုခံအားစနစ်အတွက် ဆေးဝါးမှီဝဲနေရသူတွေမှာ COVID-19 ကူးစက်ခံရရင် အသက်အန္တရာယ်အလွန် များပါတယ်။ COVID-19 ကြောင့် သေဆုံးသူတွေက ရောဂါဖြစ်သူရဲ့ ၃-၄ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပေမယ့် နှလုံးရောဂါအခံရှိသူတွေမှာ သေ ဆုံးနှုန်းက ၁၀.၅ ရာခိုင်နှုန်းလောက်ရှိ တယ်လို့ WHO မှ ဖော်ပြချက်အရ သိရ ပါတယ်။ အဆုတ်ရောဂါအခံရှိသူတွေမှာ သေဆုံးနှုန်းက ၆.၃ ရာခိုင်နှုန်းရှိပါတယ်။ COVID-19 ကြောင့် ခန္ဓာကိုယ်မှာ အလွန်အမင်းရောင်ရမ်းမှုဖြစ်စဉ်တွေဖြစ် ပေါ်လာပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်က နှလုံးတိုက်ခိုက်ခံရတာရဲ့ အဓိကအ ကြောင်းရင်းပါ။ ရောင်ရမ်းမှုကြောင့် သွေးကြောထဲမှာရှိတဲ့ အဆီအနှစ်တွေ ကနေ သွေးခဲဖတ်တွေဖြစ်လာပြီး […]

Covid-19 အတွက် ကုသနိုင်တဲ့ဆေးရှိပြီ

တုပ်ကွေးရောဂါပိုးအသစ်ကို ကုသဖို့အတွက် ဂျပန်နိုင်ငံက ဆေးဝါးတွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတွေ အတွက် ထိရောက်မှုရှိတယ်လို့ တရုတ် နိုင်ငံက ဆေးပညာရှင်တွေက ထုတ်ဖော် လိုက်ပါတယ်။ Fuji Film Co.,Ltd. မှ ထုတ်လုပ်တဲ့ AVIGAN ဆေးဝါးကို ဝူဟန်နဲ့ ရှင်းစင်မြို့နယ်မှ လူနာပေါင်း ၃၄၀ ကို စမ်းသပ်ကုသအပြီးမှာ ထုတ် ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီ ဆေးဝါးနဲ့ အသုံးပြုတဲ့လူနာတွေက ရော ဂါပိုးတွေ့အပြီး လေးရက်အကြာမှာ ပျောက်ကင်းသွားပေမယ့် ဆေးဝါးနဲ့ ကုသမှု မခံယူရတဲ့လူနာတွေက ၁၁ ရက် အကြာမှ ပျောက်ကင်းသွားတယ်လို့ သိရ ပါတယ်။ ဒါ့အပြင် အဆုတ်ပျက်စီးသူတွေ ကို ဒီဆေးဝါးနဲ့ ကုသပြီး ဓာတ်မှန်နဲ့ စစ် ဆေးကြည့်ရာမှာ ၉၁ ရာခိုင်နှုန်းက ရော ဂါသက်သာသွားကြပါတယ်။ […]

သင့် အိမ်လေးကို ဗိုင်းရပ်စ်အန္တရာယ်မှ ကာကွယ်ဖို့ အသုံးပြုနိုင်သော အိမ်သုံးပစ္စည်းများ

ယခုနှစ် နွေရာသီကတော့ ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာကြောင့် နိုင်ငံအတော် များများမှာ မငြိမ်သက်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ စတိုးဆိုင်တွေမှာ ဆိုရင်လည်း တစ်ရှူးတွေ၊ လက်သန့် ဆေးရည်တွေဟာ ပစ္စည်းပြတ်လပ်သွား တဲ့အထိ အရောင်းရဆုံးစာရင်းဝင်တွေ ဖြစ်လာပါတယ်။ ဒီတော့ သင့်အိမ်နဲ့ သင့် မိသားစုအတွက် ဗိုင်းရပ်စ်အန္တရာယ်က နေကာကွယ်နိုင်ဖို့ ဘယ်လို အိမ်သုံးပစ္စည်းတွေအသုံးပြုနိုင်လဲဆိုတာ ရေးပေး လိုက်ပါတယ်။ ♦ ဘယ်လိုနေရာတွေကို အဓိကထားပြီး သန့်စင်ရမလဲ အိမ်မှာထိမိ၊ ကိုင်တွယ်မိတဲ့ မျက် နှာပြင်တွေအကုန်လုံးကိုတော့ တစ်နေ့ တာလုံးမှာ အချိန်ပြည့်သန့်စင်နိုင်မှာ မ ဟုတ်ပါဘူး။ သဘာဝအားဖြင့် ကမ္ဘာ မြေကြီးမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ် တွေ၊ ပိုးမွှားတွေဆိုတာ ပျံ့နှံ့နေတာဖြစ် ပြီး လက်နဲ့လည်း မကြာခဏ ထိမိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် […]

COVID-19 နှင့် Quarantine, Isolation, Social Distancing  ဆိုသည်မှာ . . .

COVID-19 ဆိုတာက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။CO ဆိုတာက ကိုရိုနာ၊ VI ဆိုတာက ဗိုင်းရပ်စ်ကို ရည်ညွှန်းတာဖြစ်ပြီး D-19 ဆိုတာကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မှာ စတင်တွေ့ရှိခဲ့တာဖြစ်တဲ့အတွက် WHO က COVID-19  ဆိုတဲ့ နာမည်ကို ရွေးချယ်လိုက်တာပါ။ WHO ကပဲ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို SARS-CoV-2 လို့ တရားဝင်ထုတ်ပြန်လိုက်တာက ဒီဗိုင်းရပ်စ် က ၂၀၀၃ ခုနှစ် SARS ရောဂါပျံ့နှံ့နေစဉ်မှာ ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုး SARS-CoV  နဲ့ မျိုးရိုးဗီဇ ချင်း ဆင်တူနေတာကြောင့်ပါ။ ဒါပေမဲ့ တစ်ထေရာတည်း ချွတ်စွပ်မတူဘူးလို့တော့ ဆိုပါတယ်။ ယနေ့အချိန်အထိ ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၁၇၃ နိုင်ငံက ဒီ COVID-19 ရောဂါကူးစက် ပြန့်ပွားနေချိန်မှာ ဒီရောဂါအတွက် […]

ကိုရိုနာဗိုင်းရပ်စ်အသစ်က ဓာတ်ခွဲခန်းက ပြုလုပ်တာမဟုတ်

ကိုရိုနာဗိုင်းရပ်စ်အသစ်က သဘာဝတရားကြောင့်ဖြစ်လာတာဖြစ်ပြီး ဓာတ်ခွဲခန်းနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။ နယူးယောက်၊ သြစတြေးလျနဲ့ နယူးအော်လန်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ပေါင်းစပ်ပြီးပြုလုပ်ထားတဲ့ သုတေသနတွေအရ SARS-CoV-2 ခေါ်တဲ့ COVID-19 ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်က လူလုပ်ဗိုင်းရပ်စ်ဖြစ်ဖို့အတွက် သက်သေပြဖို့ အချက်တစ်ချက်မှ မရှိဘူးလို့ သိရပါတယ်။ ♥ ဒေါက်တာခင်မိုးမိုး (Ref: WebMD)

COVID နှင့် သွေးအမျိုးအစား

  COVID-19 ရောဂါဟာ A သွေးအမျိုးအစားရှိသူများတွင် ကူးစက်ခံရနိုင်ခြေပိုများ၍ ရောဂါဖြစ်လျှင်လည်း ရောဂါလက္ခဏာပိုမိုပြင်းထန်လေ့ရှိကြောင်း၊ O သွေးအမျိုးအစားရှိသူများတွင် ကူးစက်ခံရနိုင်ခြေနည်းကြောင်း (မှတ်ချက်။ မကူးစက်နိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ) တရုတ်သုတေသနပညာရှင်များရဲ့ ဝူဟန်နှင့် ရှန်ကျင့်မြို့မှ လူနာ ၂၀၀၀ ကျော် ကို အကြိုလေ့လာဆန်းစစ်တွေ့ရှိချက်အရ သိရပါတယ်။ ♥ ဒေါက်တာတင်ထွန်းဦး Ref: South China Morning Post.

ဝေဘာဂီဆေးရုံမှာ သံသယလူနာတွေကို ဘယ်လိုကုသမှုပေးနေလဲ

♦ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဝေဘာဂီ ဆေးရုံအနေနဲ့ ဆောင်ရွက်ထားပုံကို ပြောပြ ပေးပါ။ ပြည်သူ့ဆေးရုံကြီးဝေဘာဂီမှာ သံ သယလူနာတွေ၊ စောင့်ကြည့်လူနာတွေ ကို ပြုစုကုသမှုပေးနေပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ သံသယရှိတာပဲဖြစ် ဖြစ်၊ စောင့်ကြည့်လူနာဖြစ်ဖြစ် ရောဂါပျိုး ချိန်ကာလအတွင်းမှာ လုပ်သင့်တာ၊ ကျန်း မာရေးဝန်ထမ်းတွေက အကြံပေးတာ တွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။ နှာခေါင်း၊ အာခေါင်တို့ကနေ ဓာတ်ခွဲစစ် ဆေးဖို့ နမူနာယူတဲ့အခါမှာလည်း လေ့ ကျင့်ထားတဲ့ ဓာတ်ခွဲဆိုင်ရာဌာနက စနစ်တကျယူပေးပါတယ်။ စနစ်တကျယူ သလို ပါသွားဖို့လည်းလိုအပ်ပါတယ်။ ဂွမ်းကို နှာခေါင်းထဲထည့်ချိန် နှာချေတတ် တာကြောင့် လုပ်ဆောင်တဲ့သူအနေနဲ့လည်း PPE လို့ ခေါ်တဲ့ ဝတ်စုံကို ဝတ်ဆင်ထား သင့်ပါတယ်။ အရေးကြီးဆုံးက သူက ဘယ်သူတွေနဲ့ အတူနေထိုင်သလဲ၊ ခရီး သွားခဲ့သလဲဆိုတာကို […]

ဝူဟန်တုပ်ကွေးကာကွယ်ဖို့အတွက် ချင်းစားသုံးတိုင်း အန္တရာယ်ကင်းပါရဲ့လား

ချင်းဟာ သဘာဝအတိုင်းရောဂါတွေကို ပျောက်ကင်းစေနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ အတွက် နှစ်ပေါင်းများစွာကတည်းက လူတွေအသုံးပြုလျက်ရှိကြပါတယ်။ လေထိုး လေအောင့်သက်သာတာ၊ အစာမကြေတာအတွက် ကောင်းမွန်တာ၊ နာကျင်မှုဝေဒနာ ပျောက်ကင်းတာ၊ ကင်ဆာဆဲလ်တွေကို သေစေနိုင်တာ စတဲ့ ဂုဏ်သတ္တိတွေကြောင့် ချင်းကို ရှေးခေတ်အာရှတိုက်သားတွေက စပြီး ယခုခေတ် ကျန်းမာရေးလိုက်စားသူ တိုင်း အသုံးပြုနေကြပါတယ်။ အခုလို ဝူဟန်တုပ်ကွေးကူးစက်မှုများနေတဲ့အချိန်မှာ ချင်းကို ပျားရည်၊ သံပရာရည်တို့နဲ့ ရောစပ်ပြီး ရောဂါကို ကာကွယ်နိုင်အောင် သောက် သုံးနေကြသူတွေလည်း အများအပြားပါပဲ။ ဒီလိုကောင်းကျိုးတွေ အများအပြားရှိပေမယ့်လည်း ချင်းကို အကန့်အသတ်နဲ့ သာ သောက်သုံးသင့်သူတွေရှိတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ♦ သွေးကျဲဆေးသောက်သုံးနေရသူများ ချင်းဟာ သွေးကျဲစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် သွေးကျဲဆေးသောက်သုံးရသူ ဒါမှမဟုတ် သွေးမတိတ်နိုင်တဲ့ရောဂါရှိသူတွေနဲ့ မသင့်တော်ပါဘူး။ ဒီရောဂါရှိသူတွေ အနေနဲ့ ချင်းကို မမှီဝဲခင်မှာ […]

ရောဂါပိုးအများဆုံးခိုအောင်းနိုင်သော လူအများနှင့်ထိတွေ့မှုများသည့်ပစ္စည်းများ

Covid-19 ရောဂါက ကူးစက်မှုမြန်တဲ့ ကမ္ဘာ့ကပ်ရောဂါအသွင်အဖြစ် ရှိနေ စဉ်မှာ ဒီရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် မိမိလက်ကို မကြာခဏဆေးကြော တာ၊ လူအများအသုံးပြုတဲ့ ပစ္စည်းတွေကို သတိနဲ့ကိုင်တွယ်တာ၊ သူတို့ကို ကိုင်တွယ် အပြီး လက်ဆေးတာ၊ လူထူထပ်တဲ့နေရာတွေကို မသွားတာ၊ လက်မဆေးဘဲ မျက်နှာ နှာခေါင်း ပါးစပ် မျက်လုံးကို မကိုင်တွယ်တာလိုမျိုးတွေ ပြုလုပ်ရပါမယ်။ ဒါ့အပြင် မိမိနေ့စဉ်အသုံးပြုနေတဲ့ ဖုန်းကိုလည်း မကြာခဏ သန့်စင်ပေးရပါမယ်။ ရောဂါပိုး အများဆုံးခိုအောင်းနိုင်တဲ့ လူအများနဲ့ထိတွေ့မှုများတဲ့ မျက်နှာပြင်တွေကတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်တဲ့အတွက် သူတို့နဲ့ မလွဲမသွေထိတွေ့ရတော့မယ်ဆိုရင် သတိ ထားမိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ♦ အားကစားခန်းမ လေ့လာမှုအရ အားကစားခန်းမမှာရှိတဲ့ အလေးမပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေ ပေါ်မှာ အိမ်သာထဲက ရောဂါပိုးမွှားတွေလိုမျိုး ပိုးမွှားတွေကပ်ငြိနေတယ်လို့ သိရပါ တယ်။ […]