အသားအရေ ထိန်းသိမ်းစောင့်ရှောက်နည်း မှန်ရဲ့လား

အသားအရေထိန်းသိမ်းစောင့်ရှောက်မှုအကြောင်း ခေါင်းစ ခြေဆုံးပြောရမယ်ဆိုရင် တော့ အရမ်းကျယ်ပြန့်ပါတယ်။ ဒီထဲမှာ အ သားအရေအလိုက် မိတ်ကပ်ရွေးချယ်မှု၊ Sk­in­care ရွေးချယ်မှု၊ Facial Treatment Plan စတာတွေပါဝင်ပါတယ်။ အသားအရေ အလိုက် ထိန်းသိမ်းစောင့်ရှောက်မှုပုံစံ မှန်ဖို့ အတွက် ဘယ်လိုအသားအရေ ပိုင်ဆိုင်ထား လဲဆိုတာကိုသိထားဖို့ လိုပါတယ်။ ♦ ဘယ်လို အသားအရေ ပိုင်ဆိုင်ထားလဲ အရင်ဆုံးသိထားရမှာက ကိုယ်ရဲ့အသား အရေအမျိုးအစားပါ။ ဒါမှ အလှကုန်တွေဝယ် တဲ့အခါ အသားအရေနဲ့ကိုက်ညီတာကို ရွေး နိုင်မှာပါ။ အသားအရေ အမျိုးအစားဆိုတာ ကလည်း အသက်အရွယ်အလိုက် ပြောင်းလဲ နိုင်သလို၊ ကိုယ်တိုင်ရဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ ကြောင့်လည်း ပြောင်းလဲနိုင်ပါတယ်။ အရေ ပြားရဲ့ ရေဓာတ်ပြည့်မှု၊ ကျုံ့နိုင်ဆန့်နိုင်အား ကောင်းမှု၊ အဆီပြန်မှု၊ နူးညံ့ပျော့ပျောင်းမှု၊ ထိရှလွယ်မှုတွေက […]

အရွယ်အိုမင်းမှု မြန်ဆန်စေသည့် အပြုအမူများ (၂)

တစ်နေ့ကို ရှစ်နာရီထက် ပိုထိုင်တာက ရှစ်နှစ်လောက် ပိုအိုစာတယ်လို့ ထင်ရစေနိုင်သလို သူငယ် ချင်းမရှိတာ၊ တစ်ယောက်တည်းနေရတာတွေက အရွယ်အိုမင်းမှုမြန်ဆန်ပြီး တခြား ကျန်းမာရေး ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ အရွယ်အိုမင်းမှုမြန်ဆန်စေတဲ့ တခြား အပြုအမူတွေလည်း ရှိသေးတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ၁။ အိပ်ရေးဝအောင် မအိပ်ခြင်း သင့်အနေနဲ့ အိပ်ရေးမဝခဲ့ရင် သင့်အရေပြားက အချိန်မတိုင်ခင် အရေးကြောင်းတွေပေါ်ပြီး တွဲကျနိုင် ပါတယ်။ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောတွေ အထွက်များလာပြီး အရေပြားချောမွေ့ တင်းရင်းစေတဲ့ ကော်လာဂျင်တွေကို ဖျက်ဆီးလိုက် တာကြောင့်လို့ဆိုပါတယ်။ ဒါကြောင့် အိပ်ချိန်ကိုပုံမှန် ထားပြီး အိပ်ရေးဝအောင် အိပ်ရပါမယ်။ အိပ်ရာမဝင် ခင် အရက်သောက်တာ၊ ကော်ဖီသောက်တာနဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာကြည့်တာတွေကို ရှောင် ကြဉ်ပါ။ ၂။ ဆေးလိပ်သောက်ခြင်း ဆေးလိပ်သောက်တာက […]

အရွယ်နုပျိုစေတဲ့ ဆေး

“အရမ်းနုတယ်နော် …”လို့ အပြောခံရရင် လူတိုင်းသဘောကျကြပါတယ်။ ဘယ်သူမဆို အသက်ကြီးနေပြီ၊ အိုနေပြီ ဆိုတာကို လက်မခံချင်ကြဘူးလေ။ ရှိရင်းစွဲအသက်ထက် နုပျိုတယ်ဆိုတာကိုပဲ လူအတော် များများကလက်ခံချင်ကြတာပါ။ အိုမင်းခြင်းဖြစ်စဉ်ဆိုတာကိုတော့ လူတိုင်းမလွဲမသွေရင်ဆိုင် ရမှာပါ။ ဒါပေမဲ့ အရွယ်တင်အောင်၊ အိုမင်းခြင်းဖြစ်စဉ်ကို နှောင့်နှေးအောင်လုပ်နိုင်တဲ့ နည်း လမ်းတွေတော့ရှိပါတယ်။ လက်တွေ့ကိုနုပျိုစေရပါမယ်၊ ဒီအချက်တွေကိုသာလိုက်နာလိုက်ပါ… ♦ စားသောက်ပုံစနစ်မှန်ရဲ့လား … ? စားဝင်အိပ်ပျော်တာက ကျန်းမာရေး ကောင်းတယ်ဆိုတဲ့ လက္ခဏာတစ်ခုဖြစ်သလို စားဝင်၊ အိပ်ပျော်မှ အရွယ်တင် နုပျိုမှာပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ စုံလင်ရပါမယ်။ ပိန်လွန်းတာက နုပျိုတာ မ ဟုတ်ပါဘူး၊ ကျန်းမာရေးနဲ့ညီတဲ့ BMI ဘောင် တွင်းဝင်နေဖို့ လိုပါတယ်။ Anti-aging လို့ ခေါ်တဲ့ သက်ကြီးဖြစ်စဉ် နှောင့်နှေးစေဖို့ဆိုရင် အဓိကစားရမှာက […]

ဝက်ခြံနှင့် အလှကုန်

ဝက်ခြံရှိတဲ့သူတွေအနေနဲ့ အရင်ဆုံး သိထားရမှာကတော့ အသားအရေကို သေချာစောင့်ရှောက်မှုမလုပ်ဘူးဆိုရင် ကွာ လတီ ဘယ်လောက်ကောင်းတဲ့ အလှကုန်ပစ္စည်းကိုပဲသုံးသုံး၊ ဝက်ခြံတွေ သက်သာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို မပျက်မကွက်ပြုလုပ်ဖို့လိုပါတယ်။ အလှကုန်ရွေးချယ်တဲ့အခါ အသားအရေနဲ့ ကိုက်ညီတာဖြစ်ပေ မယ့် အသုံးပြုတဲ့အချိန် မှားနေတာ၊ မတည့်တဲ့ အလှကုန်အချင်း ချင်းရောပြီး အသုံးပြုမိနေတာ၊ အရေပြားနဲ့ မကိုက်ညီတဲ့ အလှ ကုန်တွေ အသုံးပြုမိနေတာတွေက အရေပြားမှာ ဝက်ခြံတွေ ထွက်လာစေပါတယ်။ ဒီတစ်ပတ်မှာ ဝက်ခြံထွက်တတ်တဲ့ အသားအရေရှိသူတွေ အတွက် အလှကုန်ရွေးချယ်နည်း Tips တွေကို ရေးပေးလိုက် ပါတယ်။ Tips ♦ ဝက်ခြံထွက်တတ်တဲ့အရေပြားအတွက် မိတ်ကပ်မလိမ်း ခင် Primer လိမ်းဖို့ လိုအပ်ပါတယ်။ Primer လိမ်းတာက အရေပြားရဲ့ အလာဂျီဖြစ်တာကို […]

ဝက်ခြံပေါက်တတ်ရင် သတိပြုရမယ့် အချက် ၄ ချက်

မျက်နှာအရေပြားအလှကို ဖျက်တတ်တာ ဝက်ခြံတွေပါ။ ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းတွေကလည်း အများကြီး ရှိပါ တယ်။ ဟော်မုန်း ဒါမှမဟုတ် ပိုးကြောင့်ဆိုရင် အရေပြားဆရာ ဝန်နဲ့တိုင်ပင်ကုသဖို့လိုပါတယ်။ သူက ဟော်မုန်းထိန်းချုပ်ဆေး ဒါမှမဟုတ် ပိုးသတ်ဆေးတွေ သောက်ဖို့ပေးပါလိမ့်မယ်။ ဒီ အချက်တွေကြောင့် မဟုတ်ဘဲ ဝက်ခြံက ဘာကြောင့်မှန်းမသိ ထွက်လာတတ်တယ်ဆိုရင်တော့ ဒါတွေကို ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ (၁) အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေ တည့်ရဲ့လား အသုံးပြုနေတဲ့ အလှကုန်တွေနဲ့ မျက်နှာအရေပြား ဓာတ် မတည့်တဲ့အခါ ဝက်ခြံထွက်တတ်ပါတယ်။ ဘယ်အလှကုန် ကြောင့် ဖြစ်တယ်ဆိုတာ သေချာမသိရင် တစ်မျိုးချင်းစီ ရက် ခြားလိမ်းပြီး သတိထားကြည့်ပါ။ အလှကုန်အသစ် စမ်းသုံး ကြည့်တဲ့အခါမှာလည်း ဝက်ခြံထွက်တတ်ပါတယ်။ နောက်ပြီး အသုံးပြုနေတဲ့ အလှကုန်တွေရဲ့ သက်တမ်းကိုလည်း ပြန် ကြည့်ပါ။ […]

အသက် ၃၀ မတ်မတ်တို့အတွက် Fashion Tips

အသက်အရွယ် ပြောင်းလဲလာတာနဲ့အမျှ စဉ်းစားတွေးခေါ်ပုံ၊ အယူအဆတွေနဲ့ အဝတ်အစားရွေးချယ်တာတွေပါ လိုက်ပြီးပြောင်းလဲလာပါတယ်။ ဆယ်ကျော်သက်မှာ ဘာဝတ်ဝတ်လှတဲ့အရွယ်၊ နှစ်ဆယ်ကျော်သက်မှာ ခေတ်စနစ် လူငယ်ပုံစံဖက်ရှင်ဝတ်တဲ့ အရွယ်တွေကျော်လွန်လာပြီး သုံးဆယ်တန်းထိပ်စည်းပြောင်း ပြီဆိုရင်တော့ လူငယ်မဟုတ်၊ လူကြီးမဟုတ်တဲ့အရွယ်မို့ အဝတ်အစားရွေးချယ်တာမှာ တစ်ကျော့ပြန်ပြီး စဉ်းစား ရပါမယ်။ လူငယ်ပုံစံလိုက်ဝတ်တာမျိုးက မလိုက် ဖက်တာများသလို၊ သက်တူရွယ်တူ အနုပညာ ရှင်တွေပုံစံလိုက်ကြည့်ပြီး ဝတ်တာကလည်း လူတိုင်းအတွက် မလိုက်ဖက်တတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်ရယ်၊ သင်ရဲ့ Image ကိုပါ ထည့်စဉ်းစားရမယ့်အရွယ် ရောက်လာ ပါပြီ။ ဒီတစ်ပတ်မှာ အသက် ၃၀ ဝန်းကျင် မတ်မတ်တို့အတွက် ဖက်ရှင် Tငဈ တွေကို ရေးပေးလိုက်ပါတယ်။ 30’s Fashion Tips (၁) လက်ကိုင်အိတ် မတ်မတ်တို့အတွက် လက်ကိုင်အိတ်က အရေးကြီး ပါတယ်။ တည်ကြည်ထက်မြတ် […]

ကြေးချွတ်ခြင်း၏ ကောင်းကျိုး

အရေပြားက သူ့သက်တမ်းကုန်ရင် ဆဲလ် သေတွေအဖြစ် ကွာကျပါတယ်။ ဆဲလ်သေတွေ စုလာတဲ့အခါ အရေပြားပေါ်မှာ ထူပြီး ခြောက် သွေ့လာတာ ဖြစ်လာပါတယ်။ အဲဒါတွေကို ကြေး တွန်းဖယ်ရှားပေးဖို့ လိုပါတယ်။ ကြေးတွန်းတာ ကြောင့် အရေပြားပေါ်က အဆီနဲ့ ချွေးဂလင်းတွေ ကို လှုံ့ဆော်ပေးလို့ အသားအရေ စိုပြည်စေပါ တယ်။ သွေးလှည့်ပတ်မှုကောင်းစေပြီး အရေပြား ဆီ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုရရှိစေ ပါတယ်။ ကြေးချွတ်ခြင်း၏ကောင်းကျိုး – ပြန်ရည်ကြောစနစ်ကို ကောင်းမွန်စေတယ် – ခုခံအားစနစ်ကို ကောင်းမွန်စေတယ် – သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ် – ဆဲလ်သေတွေကို ဖယ်ရှားပေးတယ် – အသားအရေ ကြည်လင်လှပစေတယ် – အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီး ပေးတယ် – […]

မွေးညင်းပေါက်ကျယ်စေသည့်အသားအရေ ထိန်းသိမ်းမှုအမှားများ

အရေပြားဆဲလ်သေ၊ ဖုန်မှုန့်၊ အဆီပြန်တာနဲ့ ဘက်တီးရီးယားတွေကြောင့် မွေးညင်းပေါက်ကို ပိတ်ဆို့မှုဖြစ်ပြီး မွေးညင်းပေါက်တွေ ကျယ်ပြန့်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အရေပြားထိန်း သိမ်းမှုတွေ ပြုလုပ်ကြရပါတယ်။ ဒါပေမဲ့ မိမိပြုလုပ်တဲ့ အောက်ပါ Skin Care အမှားတွေကြောင့် မွေးညင်းပေါက်တွေကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ အဆီစုပ်စက္ကူကို မကြာခဏ အသုံးပြုခြင်း နေပူလွန်းတဲ့နေ့တွေမှာ မျက်နှာမှာ ချွေးနဲ့ အဆီတွေထွက်လာတာကြောင့် အဆီစုပ်စက္ကူကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ ဒီစက္ကူကို အသုံးပြုပါ များလာရင် အရေပြားကို ထိခိုက်မှုရှိနိုင်ပါတယ်။ အ ရေပြားအတွက် အဆီလွှာပါးပါးလေးရှိနေဖို့ လိုအပ် ပါတယ်။ မျက်နှာပြင်ပေါ်က အဆီတွေကို အဆီစုပ် စက္ကူနဲ့ တစ်ချိန်လုံးသုတ်ပစ်နေရင် အရေပြားကို အဆီပိုထုတ်ဖို့ လှုံ့ဆော်နေသလို ဖြစ်သွားတတ်ပါ တယ်။ သူ့ကြောင့် မွေးညင်းပေါက်တွေ ပိတ်ဆို့မှု ဖြစ်ပြီး အပေါက်ကျယ်လာနိုင်ပါတယ်။ […]

Filter မလိုဘဲ လှစေဖို့ …

ဒီနေ့ခေတ်မှာ ဖုန်းထဲ အလွယ်တကူ ဒေါင်းလုတ်ဆွဲပြီး အသုံးပြုနိုင်တဲ့ ကင်မရာ ဗစဈ တွေ အများအပြား ထွက်ရှိလာ ပါတယ်။ ညိုသူချော၊ ဖြူသူလှစေမယ့် Filter တွေ တစ်ပုံတစ် ပင်ပေါ့။ တချို့လည်း No Filter ဆိုပြီး မိတ်ကပ်အပြည့်လိမ်းပြီး ဓာတ်ပုံရိုက်သူတွေလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ လူတိုင်း မှာ ပင်ကိုအလှကိုယ်စီက မွေးကတည်းက ပါလာပြီးသားနော်။ အလှမပျက်အောင် ထိန်းသိမ်းတတ်ဖို့ပဲ လိုတာပါ။ ဒီအချက် လေးတွေ ဂရုစိုက်ပေါ့။ (၁) အသက်အရွယ် အသားအရေရဲ့ တည်ဆောက်ပုံက အသက်အရွယ်နဲ့ လိုက်ပြီး ပြောင်းပါတယ်။ အသားအရေ တင်းရင်းမှုရှိအောင် စွမ်းဆောင်ပေးတဲ့ ခန္ဓာကိုယ်တွင်းဓာတ်ပစ္စည်းတွေက အသက် ကြီးလာလေလေ လျော့နည်းလေလေပါ။ ဒီထဲမှာ ကိုလာဂျင်၊ ကိုအင်ဇိုင်းကျူ – ၁၀၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ […]

အသက်အရွယ်ကြီးရင့်တယ်လို့ ထင်ရစေတဲ့ ဖက်ရှင်အမှားများ

ဝတ်စားဆင်ယင်တဲ့အခါမှာ ရှိရင်းစွဲ အသက်ထက်ငယ်ရွယ်နုပျိုသယောင် ထင်ရနိုင်သလို ပြင် လွန်းလို့ ဖင်ချွန်းသွားပြီး အိုစာသွားတာမျိုးလည်းရှိနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးရင့်တယ်လို့ ထင်ရစေနိုင်တဲ့ ဖက်ရှင်ရွေးချယ်မှုမျိုးမပြုလုပ်မိအောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။ အရောင်ရင့်လွန်းသည့် သို့မဟုတ် ရွှေရောင် သန်းသည့် ဆံပင်ဆေးဆိုးခြင်း အသက်ကြီးတာကို ဖုံးအုပ်ဖို့အတွက် ဆံပင်ဖြူ တွေကို ဆေးဆိုးလေ့ရှိကြပါတယ်။ ဆေးဆိုးတဲ့အခါ မှာ အနက်ရောင်ကိုဆိုးမိရင် မျက်နှာပေါ်က အသက် အရွယ်ကြောင့်ဖြစ်တဲ့အရေးကြောင်းတွေကို ပိုမိုထင် ရှားသွားစေနိုင်ပါတယ်။ ဆံပင်ကို အဝါရောင် ဒါမှမ ဟုတ် ရွှေရောင်ဆေးဆိုးလိုက်ရင်လည်း အသက် အရွယ်ကြီးရင့်တယ်လို့ ထင်ရနိုင်စေပါတယ်။ အဖြူ ကို ဖုံးချင်လို့ ဆံပင်ဆိုးချင်တယ်ဆိုရင်တော့ သင်ရဲ့ ဆံပင် မူလအရောင်ထက် နှစ်ဆင့်လျော့တဲ့အရောင် မျိုးကို ရွေးချယ်သင့်ပါတယ်။ ၂။ အရာရာပြည့်စုံလွန်းအောင် ဝတ်စားဆင် ယင်ခြင်း Stylish […]