မိမိကလေးကို ကျန်းမာစေချင်သည့် မေမေတို့ သတိထားသင့်သည့်အရာများ

မွေးကင်းစနဲ့ နို့စို့ကလေးငယ်တွေက ပန်းလေးလိုပဲ နုနယ်လှပါတယ်။ သူတို့ကို ရှုထောင့်အစုံကနေ မျက်ခြည်မပြတ် စောင့်ကြည့် ဂရုစိုက်နိုင်မှ အန္တရာယ်ကင်းကင်းနဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးတွေ ဖြစ်လာမှာပါ။ ဒါကြောင့် မိခင်တွေအနေနဲ့ မိမိကလေးကို ကျန်းကျန်းမာမာကြီးပြင်းလာဖို့အတွက် သတိထားသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ နို့စို့ကလေးတွင် ဦးခေါင်းမညီမညာဖြစ်ခြင်း မိခင်အများစုကတော့ မိမိရဲ့ မွေး ကင်းစကလေးငယ်တွေရဲ့ ဦးခေါင်းမညီ မညာဖြစ်တာကို သတိထားမိကြမှာပါ။ ဦးခေါင်းတစ်ခြမ်းပြားနေတာက အလှအ ပပြဿနာတစ်ခုတည်းဖြစ်မှာ မဟုတ်ပါ ဘူး၊ ဦးခေါင်းခွံရိုးတွေရဲ့ အနေအထား မမှန်ကန်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးကို သိပ်တဲ့အခါမှာ အနေအထားမျိုးစုံပြောင်း လဲပြီးသိပ်ပေးပါ။ ကလေးမအိပ်ဘူးဆိုရင် လည်း ကလေးကို လှဲမထားဘဲ ချီထားပါ။ ကလေးခြောက်လအရွယ်မှာ ဦးခေါင်းပုံ သဏ္ဌာန်မှန်သွားပါလိမ့်မယ်။ လည်ပင်းစောင်းခြင်း မွေးကင်းစကလေးငယ်တွေမှာ တွေ့ရတတ်တဲ့အတွက် […]

မွေးကင်းစများတွင်ဖြစ်တတ်သည့် စိတ်ပူရန်မလိုသောပုံမှန်အခြအနေများ

မေမေတွေအနေနဲ့ ကိုးလခန့် လွယ်ထားတဲ့မိမိရင်သွေးကို မွေးဖွားလာတဲ့ အခါမှာ ကိုယ်လက်အင်္ဂါ ပြည့်စုံ မစုံ အရင်ဆုံးသိချင်ကြပါတယ်။ ဒါ့အပြင် မွေးဖွား လာတဲ့ရင်သွေးငယ်တွေမှာ တွေ့ရှိရတဲ့ တချို့လက္ခဏာတွေက ပုံမှန်မှဖြစ်ရဲ့လား ဆိုပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့ မိခင်တွေအနေနဲ့ စိတ်ပူဖို့မလိုတဲ့ မွေး ကင်းစကလေးတွေမှာဖြစ်တတ်တဲ့ ပုံမှန်အခြေအနေတွေကို ဖော်ပြပေးလိုက်ပါ တယ်။ ဝမ်းခဏခဏသွားခြင်း မွေးကင်းစကလေးငယ်တွေမကြာ ခဏ ဝမ်းသွားတာက ပုံမှန်အခြေအနေ ပါပဲ။ သူတို့လေးတွေက အရည်ဝမ်း တွေသာ သွားတတ်တဲ့အတွက် အရှိန် ပြင်းပြင်းနဲ့ ဝမ်းသွားတတ်တာပါ။ စိုးရိမ်ရမည့်အခြေအနေ ဝမ်းအရောင်က အညို၊ အစိမ်း ဒါ မှမဟုတ် အဝါ ဒါမှမဟုတ် အစေ့လေး တွေ ပါနေခဲ့ရင် စိုးရိမ်စရာမရှိပါဘူး။ ဝမ်းထဲမှာသွေးစလေးတွေပါနေရင် တော့ ကလေးဆရာဝန်နဲ့ ပြသသင့်ပါပြီ။ ရင်သားကြီးခြင်း […]

မိမိကလေးငယ်၏ ကျန်းမာရေးအတွက် မိဘတို့ ပြုလုပ်သင့်သည့်အကြောင်းအရာများ

လမစေ့ကလေးငယ်တွေကို နှိပ်နယ်မှုပြုလုပ်ပေးတာက သူတို့ကျန်းမာရေးအတွက် အကျိုးများစွာရှိပြီး မျှော် မှန်းထားတဲ့ရက်ထက် ပိုမိုစောပြီး ဆေးရုံကနေ ဆင်းရနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ လမစေ့ကလေးငယ်တွေ ကို နှိပ်နယ်ပေးတဲ့ ကုထုံးကြောင့် သူတို့ရဲ့ ခုခံအားစနစ်တွေ သန်မာလာတာ၊ ဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်လာတာတွေ ဖြစ်လာပြီး ကျန်းမာရေးတွေ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်တယ်လို့ သိရပါတယ်။ ကလေးငယ်တို့ရဲ့ ကျန်းမာရေးအပေါ်မှာ အ ထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖိစီးမှုလျော့ကျအောင် ခြေဖဝါးကို နှိပ်ပေးပါ ကလေးငယ်တွေ အီနေရင် မိဘတွေအနေနဲ့ သူတို့ရဲ့ ခြေဖဝါး ဒါမှမဟုတ် လက်ဖဝါးလေးတွေကို အသာအယာပွတ်တိုက်ပေးသင့်ပါတယ်။ ကလေး ငယ်တွေက ဒီ Reflexology ကို တုံ့ပြန်မှုအား ကောင်းပါတယ်။ ခြေဖဝါးကို အသာအယာနှိပ်ပေး တာကြောင့် ကလေးငယ်တွေ အလွယ်တကူ အိပ် ပျော်နိုင်တဲ့အတွက် နေ့စဉ်လုပ်နေကျအလုပ်တစ်ခု […]

ဆောင်းရာသီမှာကလေးငယ်ရဲ့အသားအရေကိုဘယ်လိုဂရုစိုက်ပေးသင့်လဲ

ဆောင်းရာသီက ပီပီပြင်ပြင်နဲ့ အေး လာနေပြီမို့ နုနယ်တဲ့ကလေးတွေရဲ့ အ ရေပြားက လူကြီးတွေထက် ပိုပြီး ထိခိုက် နိုင်ပါတယ်။ အေးတဲ့မြောက်လေတွေ တိုက်ခတ်တာကြောင့်လည်း ကလေးရဲ့ အရေပြားကို ခြောက်သွေ့စေတတ်ပါ တယ်။ အရေပြား ခြောက်တာကြောင့် ယားယံတာ၊ နီရဲတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အဲ့ဒီကတစ်ဆင့်ကုတ်ခြစ်ရင်းက ပိုးဝင် ပြီး အနာရင်းတာတွေအထိ ဖြစ်လာနိုင်ပါ တယ်။ နုနယ်လွန်းတဲ့ ကလေးငယ်တို့ရဲ့ အသားအရေကို မထိခိုက်စေဖို့ လိုက်နာ ဆောင်ရွက်သင့်တာတွေကို ရေးသား လိုက်ပါတယ်။ နွေးနွေးထွေးထွေး ဝတ်ဆင်ပေးပါ အပြင်က လေအေးတွေနဲ့ ရာသီဥ တု အေးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် ကလေးကို နွေးနွေးထွေးထွေးဖြစ်စေဖို့ အထပ်ထပ်ဝတ်ဆင်ပေးပါ။ အနွေးထည် ထပ်ဝတ်ပေးပါ၊ ဦးထုပ် ဆောင်းပေးပါ။ ကလေးတွေက လူကြီးတွေထက် တစ် ထပ်ပိုဝတ်ပေးဖို့ […]

‘က’ ကလေးငယ် ချစ်စဖွယ် အာဟာရပြည့်မှ ကျန်းမာမယ်

ကလေးငယ်တွေဆိုတာ ပြုစုပျိုးထောင် သူရဲ့ပုံသွင်းမှုအတိုင်း ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပုံစံတွေ၊ စိကလေးငယ်တွေဆိုတာ ပြုစုပျိုးထောင် သူရဲ့ပုံသွင်းမှုအတိုင်း ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပုံစံတွေ၊ စိတ်ဓါတ်ပိုင်း ရင့်ကျက်မှုတွေ ပြောင်းလဲလာကြရတာပါ။ ဒါကြောင့် ကျွေးမွေးစောင့်ရှောက်တဲ့ မိခင်ဖြစ်သူက အစာအာဟာရနဲ့ ပတ်သက်ပြီးတော့ ဖြစ်စေ၊ အတွေးအခေါ်အယူအဆ နဲ့ ပတ်သက်ပြီးတော့ဖြစ်စေ မသိနားမလည် တာတွေ များတဲ့အခါ ကလေးမှာ ရုပ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ချို့ ယွင်းကြရရှာပါတယ်။ အဲဒီလိုချို့ယွင်းမှုတွေထဲကမှ ရုပ်ပိုင်းဆိုင် ရာချို့ယွင်းမှုတွေဖြစ်တဲ့ အာဟာရချို့တဲ့ တာတွေကို ကျွန်မတို့လို ဆင်းရဲတဲ့နိုင်ငံ တွေမှာ အများဆုံးတွေ့ရပါတယ်။ကလေး တွေမှာလိုအပ်တဲ့အစာအာဟာရတွေ ကောင်းစွာ မရရှိတဲ့အခါ အာဟာရချို့တဲ့ တဲ့ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ ဒီရောဂါလက္ခဏာတွေကို (PEM- Protein Energy Malnutrition) လို့ ခေါ်ပါတယ်။ […]