Cinnamon Clove Mouthwash Spray ပြုလုပ်နည်း

•• အခုဖော်ပြပေးမယ့် သဘာဝခံတွင်းသန့်ရည်ပြုလုပ်နည်းက ခံတွင်းရနံ့တင် သင်းပျံ့စေတာမဟုတ်ပါဘူး၊ သူ့မှာ ပါဝင်တဲ့ပစ္စည်းတွေရဲ့ ရနံ့ကြောင့် ခေါင်းအုံ၊ ခေါင်းခဲ စိတ်မကြည်မလင်ဖြစ်နေတာတွေကိုပါ သက်သာစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ ကဲ ပြုလုပ်ကြည့်ရအောင်…။ လိုအပ်သည့်ပစ္စည်းများ ♦ သစ်ကြံပိုးခေါက် ♦ လေးညှင်းပွင့် ♦ Organic Agave (iHerb.com တွင်ရရှိနိုင်) ♦ ဗနီလာဆီ ♦ ရေ ပြုလုပ်နည်း ♦ အိုးတစ်လုံးထဲကို ရေခွက်တစ်ခွက်နဲ့တစ်ဝက်စာ ထည့်ကာ ကျိုပါ။ ♦ ပွက်ပွက်ဆူလာရင် လေညှင်းပွင့် ၁၃-၁၄ စေ့ခန့်ထည့်ပါ။ ♦ ပြီးရင် သစ်ကြံပိုးခေါက်မှုန့် ဇွန်းတစ်ဇွန်းစာထည့်ပါ။ ♦ အဲဒီနှစ်မျိုးပေါင်းကို ခဏကျိုပြီးနောက် မီးဖိုပိတ်ကာ သေချာမွှေပါ။ ♦ ပြီးရင် မီးအေးအေးနဲ့ ၁၀ မိနစ်ခန့် […]

Rice Coconut Hair Mask

ထမင်းအိုးပြဲ(အရမ်းပျော့)သွားလို့ ကုန်ပါပြီဆိုပြီး နှမြောနေမယ့်အစား ဒီထမင်းပြဲပြဲကိုပဲ သင့်ဆံသားအလှအပအတွက် သုံးကြည့်လိုက်ရအောင်။ လိုအပ်သည့်ပစ္စည်းများ ထမင်း အုန်းသီးမှုန့် အုန်းဆီ ပြုလုပ်နည်း ထမင်းကို ပျော့ပြဲနေအောင် ချက်ပါ။ အဲဒီထမင်းထဲကို အုန်းသီးမှုန့် ခွက်တစ်ဝက်စာ ထည့်ပါ။ ပြီးရင် အုန်းဆီ ခွက်တစ်ခွက်စာ ပေါင်းထည့်ပါ။ အားလုံးကို မွှေတံနဲ့ သေချာမွှေပါ။ ကော်ပြဲလိုအခြေအနေဖြစ်သွားပြီဆိုရင် အသင့်အသုံးပြုလို့ ရပါပြီ။ အသုံးပြုနည်း ရလာတဲ့အနှစ်ကို သင့်လက်နဲ့ ယူပြီး ဆံသားတွေပေါ်မှာ နှံ့စပ်အောင် လိမ်းပါ။ (အလှပြင်ဆိုင်တွေမှာ ပြုလုပ်တဲ့နည်းအတိုင်း) ပြီးရင် ငွေပြားပတ်ကာ အုပ်လိုက်ပါ။ ၄၅ မိနစ်ခန့် ထားပြီးနောက် သဘာဝခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ် တစ်ကြိမ် ပေါင်းတင်နိုင်ပါတယ်။ (မှတ်ချက် ။ ။ ပိုနေတဲ့အနှစ်တွေကို အဖုံးပါပုလင်းထဲထည့်ကာ ရေခဲသေတ္တာမခဲခန်းထဲမှာ သိမ်းဆည်းနိုင်ပါတယ်) […]

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့ပစ္စည်းမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Hand Sanitizer ကို နှစ်မိနစ်အတွင်း ကိုယ်တိုင်ပြုလုပ်နည်း

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့ပစ္စည်းမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Hand Sanitizer (လက်သန့်စင်ဆေးရည်) ကို နှစ်မိနစ်အတွင်း ကိုယ်တိုင်ပြုလုပ်နိုင်ဖို့ ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်နော်။ အချိန်လည်းအများကြီးမပေးရတာကြောင့် ကိုယ်တိုင်ပြုလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေရှင့်။ အားလုံးပဲ ရောဂါဘယ ကင်းရှင်းကြပါစေ။ ♥ ဆူးမြာ

Activated Charcoal and Clay Mask

Activated Charcoal နဲ့ Clay ပါဝင်တဲ့ ဒီ face mask ဟာ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေအတွက် အဆီ စုပ်ယူပေးနိုင်ပြီး သဘာဝအတိုင်း အသားအရေကို တင်းရင်းစေ ပါတယ်။ ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှား ပေးနိုင်တာကြောင့် ဝက်ခြံမဖြစ်အောင်လည်း ကာကွယ်ပေးပါ တယ်။ ဒါကြောင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေနဲ့ အသင့်တော်ဆုံးဖြစ်တဲ့ ဒီ face mask ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လိုအပ်တာတွေက . . . – Clay Powder – ထမင်းစားဇွန်းတစ်ဇွန်းစာ – Activated Charcoal (မီးသွေးမှုန့်) – လက်ဖက်ရည်ဇွန်းတစ်ဝက်စာ – ပန်းသီးရှလကာရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်စာ – နှင်းဆီပွင့်ဖတ်ရည် (လိုသလောက်) ပြုလုပ်နည်း – […]

ဆားနှင်းဆီ ရေချိုးဆားပြုလုပ်နည်း

တစ်နေ့လုံးပင်ပန်းသမျှ ရေချိုးကန်ထဲမှာ ရေချိုးဆားလေး နဲ့ စိမ်ရင်းနှပ်လိုက်ရရင် ဘယ်လောက် အပန်းပြေသွားမလဲနော်။ ရေချိုးဆားကို ကိုယ်တိုင်ပြုလုပ်ဖို့ မခက်ခဲလှတာမို့ ဈေးကြီးပေး ဝယ်မနေဘဲ ကိုယ်တိုင်ပဲလုပ်ကြည့်ရအောင်။ လိုအပ်သောပစ္စည်းများ – Baby Soap – ခွက်တစ်ခွက်စာ(Baby Mild ကဲ့သို့) – ဆားခါး – ခွက်တစ်ဝက်စာ – ပန်းရောင်ပင်လယ်ဆား – ခွက်တစ်ဝက်စာ – Liquid Bubble Bath – ထမင်းစားဇွန်း တစ်ဝက်စာ (City mart များတွင် ရရှိနိုင်) ပြုလုပ်နည်း – ပြီးရင် ကလေးဆပ်ပြာရည် ခွက်တစ်ခွက်စာနဲ့ Liquid Bubble Bath ထမင်း စားဇွန်းတစ်ဝက်စာကို ပေါင်းထည့်ပါ။ – ပြီးရင် အားလုံးသမအောင် မွှေပါ။ […]

Tinted Lip Balm

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ Tint နှုတ်ခမ်းနီလေးတွေကိုမှ ရွေးချယ်အသုံးပြုတတ်တဲ့ပျိုမေတို့အတွက် သဘာဝအတိုင်း Tint နှုတ်ခမ်းနီပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါရစေ။ တချို့ tint နှုတ်ခမ်းနီတွေလိုမျိုး နှုတ်ခမ်းက ခြောက်သွားတာ မျိုးမဖြစ်ဘဲ သဘာဝအတိုင်း နီရဲလှပ ချောမွေ့တဲ့နှုတ်ခမ်းလေးကို ပိုင်ဆိုင်စေပါလိမ့်မယ်တဲ့။ လိုအပ်တဲ့ပစ္စည်းတွေက – ရေ ထမင်းစားဇွန်း တစ်ဇွန်းစာ – Vaseline လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ – ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ – Food Coloring တစ်စက်-နှစ်စက်ခန့် (မိမိနှစ် သက်ရာအရောင်) ပြုလုပ်နည်း  – ပန်းကန်လုံးတစ်လုံးထဲမှာ ရေ ထမင်းစား ဇွန်းတစ်ဇွန်းစာခန့်ထည့်ပါ။ – အဲဒီထဲကို Vaseline လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာပေါင်းထည့်ပါ။ – ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း စာထည့်ပါ။ – အဲဒီထဲကို Food Coloring […]

Coffee Oatmeal Bodyscrub

ညိုတစ်ကွက်၊ မည်းတစ်ကွက်၊ ဖြူတစ်ကွက်နဲ့ နေလောင်ထား တဲ့အသားအရေတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်း နေပါသလား။ စိတ်မပျက်ပါနဲ့။ အခုဖော်ပြပေးမယ့် ကော်ဖီအုတ်စပါး ကြေးချွတ်ခရင်မ်ပြုလုပ်နည်းလေးနဲ့ အချိန်ယူပြီး sခမကဘ လုပ်ကြည့် ပါ။ လင်းလက်တောက်ပကြည်စင်တဲ့ အသားအရေပိုင်ရှင်လေးတွေ ဖြစ်လာပါလိမ့်မယ်။ လိုအပ်တာတွေက . . . – ကော်ဖီမှုန့် ခွက်တစ်ခွက်စာ – အုတ်စပါး ခွက်တစ်ဝက်စာ – သကြား ခွက်တစ်ဝက်စာ – ပျားရည် ခွက်တစ်ဝက်စာ – သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစာ ဒီပြုလုပ်နည်းမှာ ပါဝင်တဲ့ ကော်ဖီ၊ သကြားနဲ့ အုတ်စပါးက သဘာဝကြေးချွတ်နိုင်စွမ်း ရှိပါတယ်။ ကော်ဖီက သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ဆဲလ်ူဖြစ်ပေါ်မှုကို လျော့နည်း စေပါတယ်။ အုတ်စပါးကတော့ သဘာဝအစိုဓာတ်ထိန်းပစ္စည်းအဖြစ် အသုံးဝင်ပြီး ပျားရည် ကတော့ […]

ရနံ့ကုထုံးအမွှေးတိုင်ပြုလုပ်နည်း

ကျွန်မတို့ အလုပ်ကပြန်လာလို့ မောပန်းနွမ်းနယ်လာတဲ့အခါမှာ သံပရာရနံ့၊ သစ်ကြံပိုးခေါက်ရနံ့လိုမျိုး ရနံ့တစ်ခုခုရလိုက်ရင် လန်း သွားတတ်ကြတယ်မလား။ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းလျမှုတွေ အတွက် ရနံ့ကုထုံးက မရှိမဖြစ်လိုအပ်တယ်လေ။ ဒီတော့ ပင်ပန်း သမျှပျောက်ပြီး အိပ်ကောင်းခြင်းနဲ့ အိပ်စက်နိုင်ဖို့ ရနံ့ကုထုံးအမွှေး တိုင်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါရစေ။ လိုအပ်တာတွေက . . . – စန္ဒကူးမှုန့် ထမင်းစားဇွန်းနှစ်ဇွန်းစာ – Rosemary essential oil သငူ ထမင်းစားဇွန်းတစ်ဇွန်းစာ -စန္ဒကူးမှုန့်နှစ်ဆ Essential oil တစ်ဆ) – ဟင်းခတ်အမွှေးအကြိုင်ရွက်များ (သစ်ကြံပိုးခေါက်၊ စမုန်စပါး၊ နာနတ်ပွင့်၊ လေးညှင်းပွင့် စသဖြင့်) – ရေ – အမွှေးတိုင်ပြုလုပ်သည့်တုတ်ချောင်းလေးများ ပြုလုပ်နည်း – စန္ဒကူးမှုန့်တွေကို ရေအနည်းငယ်နဲ့ ပျစ်နှစ်နေအောင် ရောစပ်မွှေပါ။ […]

Borax Toilet Bombs

အိမ်သာထဲအနံ့ဆိုးဆိုးတွေကို မသန့်စင်၊ မဖယ်ရှားနိုင်ရင် အိမ် ရှေ့ဧည့်ခန်း၊ အိပ်ခန်းတွေအထိပါ အနံ့ဆိုးတွေလှိုင်လှိုင်ထွက်ပြီး ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ ဧည့်သည်လာရင်လည်း အိမ်သာနံနံကြီးထဲ အသုံးပြုစေဖို့ မသင့်တော်ဘူးမဟုတ်လား။ ဒါ ကြောင့် အိမ်ရှင်မကောင်းတို့အတွက် အနံ့ဆိုးကင်းတဲ့အိမ်သာဖြစ်စေ မယ့် လက်ချား Toilet bombs ပြုလုပ်နည်းကို ဖော်ပြပေးလိုက် ပါရစေ။ လိုအပ်တာတွေက – မုန့်ဖုတ်ဆော်ဒါ ခွက်တစ်ဝက်စာ – စစ်ထရစ်အက်စစ်မှုန့် ခွက်တစ်ဝက်စာ (iHerb.com တွင်ရရှိနိုင်) – လက်ချားမှုန့် ခွက်တစ်ဝက်စာ – Lemon Essential Oil ၁၅ စက်ခန့် – ရေ ပြုလုပ်နည်း – စစ်ထရစ်အက်စစ်၊ မုန့်ဖုတ်ဆော်ဒါနဲ့ လက်ချားမှုန့် ခွက်တစ်ဝက်စာစီကို ပန်းကန် လုံးတစ်လုံးထဲထည့်ကာ သစ်သားဇွန်းနဲ့မွှေပါ။ – ရေကို […]

လေးညှင်းပွင့် သွားတိုက်ဆေး

ဟင်းခတ်အမွှေးအကြိုင်တွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်မှာပါ။ ဒါ့အပြင် သင့်သွားနဲ့ခံတွင်းကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုနိုင်တယ်လို့ လေ့လာသူတွေက တွေ့ရှိထားပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေထဲက လေးညှင်းပွင့်နဲ့ သွားတိုက်ဆေးပြုလုပ် နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ မနက်တိုင်း ကိုယ်တိုင်လုပ်ထားတဲ့ သွား တိုက်ဆေးလေးနဲ့ သွားတိုက်ကြရ အောင်လား။ သွားချေးဖတ်ချိုးတွေ တောင် ကွာကျစေနိုင်တယ်လို့ ဆိုပါတယ်။ လိုအပ်တာတွေက – လေးညှင်းပွင့်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း – အုန်းဆီခဲ ခွက်တစ်ဝက်စာ – မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း ၂-၃ ဇွန်း – နွယ်ချိုမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာ – Myrrh extract ၁၀ စက်ခန့် (iHerb.com တွင် မှာယူရရှိနိုင်) – အပူခံပန်းကန်လုံးထဲမှာ အုန်းဆီကို ထည့်ကာ မီးဖိုပေါ်မှာ […]