ခါးနာနေစဉ် ချက်ချင်းရှောင်ရှားသင့်သည့် အပြုအမူ ခြောက်မျိုး

ခါးနောက်ကျောနာတာက အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အဲဒီပြဿနာကြောင့် အလုပ်အကိုင် ထိခိုက်တာတွေ ဖြစ်တတ်ပါ တယ်။ ခါးနောက်ကျောအောက်ပိုင်း နာတာဖြစ်ပေါ်လာခဲ့ရင် ချက်ချင်းရပ်တန့်သင့်တဲ့ အပြုအမူ ခြောက်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁) နာကျင်မှု ပျောက်ကင်းအောင် စောင့်ဆိုင်းနေခြင်း ခါးနာတဲ့ဝေဒနာက တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကျော် ကြာနေခဲ့ရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။ မိမိဘာသာ ရောဂါပျောက်နိုးနိုးနဲ့ အကိုက်အခဲ ပျောက်ဆေးတွေသောက်နေမယ်ဆိုရင် ကုသမှုမှာ ခက်ခဲသွားနိုင်ပါတယ်။ ခါးနာ တာကို စောစောစီးစီးကုသမှုခံယူလေလေ၊ ပျောက်ကင်းနှုန်း မြန်လေလေပါ။ ၂) အပူ သို့မဟုတ် အအေးကပ်ခြင်းကို ရပ်တန့်လိုက်ပါ ခါးနာတာကြောင့် အပူ ဒါမှမဟုတ် အအေးကပ်တာက နာကျင်တဲ့ဝေဒ နာသက်သာနိုင်ပေမယ့် ယာယီသာ ပျောက်ကင်းနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ ခန္ဓာကိုယ်အနေအထားမှန်ကန်အောင် လေ့ကျင့်ပေးတာက ခါးနောက် ကျောနာကျင်မှုအတွက် အလွန်ထိရောက်တဲ့ကုသမှုလို့ […]

သင့်ဒူးခေါင်းပျက်စီးစေနိုင်သည့် အမူအကျင့် ငါးမျိုး

ဒူးခေါင်းကို ဒဏ်ရာရထားဖူးတဲ့အတွက် ဒူးနာဝေဒနာခံစားရနိုင်ပါတယ်။ ဒါကြောင့် သင် နေ့စဉ် လုပ်ဆောင်နေတဲ့လုပ်ငန်းထဲက အမှတ်မထင် ဒူးခေါင်းကို ဒဏ်ရာရစေနိုင်တဲ့အမူအကျင့်ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကိုယ်အလေးချိန်မြင့်မားခြင်း သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန် တစ်ပေါင်တိုးလာတိုင်း သင် မတ်တတ်ရပ်စဉ် မှာ သင့်ဒူးအပေါ် ဖိအားသက်ရောက်တဲ့ ပေါင်ချိန် သုံးပေါင် တိုးလာပါတယ်။ အဝလွန် တာကြောင့် အရိုးအဆစ်ရောင်ရောဂါ ဝေဒနာခံစားရကာ ဒူးခေါင်းအတွင်းမှ အရိုးနု တွေပျက်စီးလာပြီး အလွယ်တကူ ဒဏ်ရာရရှိနိုင်ပါတယ်။ ကိုယ်အလေးချိန် ၁၀ ပေါင်ကျော် လျှော့ချလိုက်ရုံနဲ့ အရိုးအဆစ်ရောင်ရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ လေ့လာမှုအရ သိရှိထားပါတယ်။ ၂။ လေ့ကျင့်ခန်းလုံလုံလောက်လောက် မလုပ်ခြင်း ဒူးခေါင်းကျန်းမာရေးနဲ့ပတ်သက်လာရင် လေ့ကျင့်ခန်းလုပ်တာက အသွား နှစ်ဖက်ပါ ဓားသွားလိုမျိုး အကျိုးသက်ရောက်မှုရှိပါတယ်။ ဒူးခေါင်းကျန်းမာဖို့အ တွက် လေ့ကျင့်ခန်းလုပ်ဖို့ […]