ပြန်လည်ခေတ်စားလာသော ဖက်ရှင်များ

ဖက်ရှင် စက်ဝန်းသံသရာကြီးက အမြဲတမ်းလည်ပတ်လျက်ရှိနေပါတယ်။ အခုမှာလည်း ၁၉၉၀ မှ၂၀၀၀ ပိုင်း အစတုန်းက ခေတ်စားခဲ့တဲ့ ဖက်ရှင် ဟောင်းတွေက တစ်ဖန် ပြန်လည်ဆန်းသစ်လာတာမို့ ဖော်ပြပေးလိုက်ပါတယ်။ အမဲသား နှုတ်ခမ်း Beef lips ဒီလိုမျိုးတင်စားပြီး ခေါ်ထားတာက နှုတ်ခမ်း အနားသားတွေကို အညိုရင့်ရောင်ခဲတံနဲ့ Liner ဖော်ထားပြီး အတွင်းသားတွေကို ပန်းရောင်ဆိုးထား တာမို့ အမဲသားကို Medium Rare Steak ပြုလုပ် ထားတဲ့ ပုံစံပေါက်နေလို့ပါ။ ဒီဖက်ရှင်က ၁၉၉၈ ခုနှစ်က ခေတ်စားခဲ့ဖူးပြီး အခုတစ်ဖန် ပြန်လည် ခေတ်စားနေပါတယ်။ မူလက်ဆံပင်ပုံစံ Mullet haircut ဒီဆံပင်ပုံစံက လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကတည်းက ခေတ်စားခဲ့ပြီး အမျိုးသားရော အမျိုးသမီးတွေပါ ဒီဆံပင်ပုံစံကို ညှပ်ခဲ့ပါတယ်။ ပထမလှိုင်းအနေနဲ့ […]

အဝတ်အစားနဲ့ ဖုံးအုပ်နိုင်သော သင့်ရဲ့ မလှမပနေရာများ

ခြောက်ပစ်ကင်း သဲလဲစင်၊ ပစ်မျိုးမှည့် မထင် တဲ့၊ စင်းလုံးချောတဲ့ အလှအပတွေကို ရရှိထားသူ မိန်းကလေးတွေက ရှေးဘဝကပြုခဲ့ဖူးတဲ့ ကုသိုလ် ကံတော်တော်ကိုထူးကဲတာမို့ပါ။ အမျိုးသမီးအများ စုကတော့ အလှအပနဲ့ပတ်သက်လာရင် တစ်နေရာ မဟုတ် တစ်နေရာ ချို့ယွင်းချက်ရှိနေတတ်ပါတယ်။ ဒါပေမဲ့ မိမိရဲ့ မလှမပဖြစ်နေတဲ့ အရာတွေကို မိတ်ကပ်၊ အဝတ်အစားတွေနဲ့ ပြုပြင်ဖုံးအုပ်နိုင်တဲ့ အတွက် နိုင်ငံကျော်ဆယ်လီတွေရဲ့ အဝတ်အစား အကူအညီနဲ့ သူတို့ရဲ့ မလှမပနေရာတွေကို ဖုံးအုပ် ပြီး အလှအပပေါ်လွင်လာအောင် ပြုလုပ်နည်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။ Sarah Jessica Parker က ကိုယ်အပေါ်ပိုင်းကို ပိုပြီးကြီးမားအောင် လှည့်စားထားပါတယ် သူရဲ့ မလှမပတဲ့ ရင်သားကို ပလတ်စတစ် Surgery နဲ့ ခွဲစိတ် မပြုပြင်တော့ဘဲ ကိုယ်အပေါ်ပိုင်းကြီးမားစေတဲ့ လက်ဖောင်းအင်္ကျီနဲ့ […]

အသက်အရွယ်ကြီးရင့်တယ်လို့ ထင်ရစေတဲ့ ဖက်ရှင်အမှားများ

ဝတ်စားဆင်ယင်တဲ့အခါမှာ ရှိရင်းစွဲ အသက်ထက်ငယ်ရွယ်နုပျိုသယောင် ထင်ရနိုင်သလို ပြင် လွန်းလို့ ဖင်ချွန်းသွားပြီး အိုစာသွားတာမျိုးလည်းရှိနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးရင့်တယ်လို့ ထင်ရစေနိုင်တဲ့ ဖက်ရှင်ရွေးချယ်မှုမျိုးမပြုလုပ်မိအောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။ အရောင်ရင့်လွန်းသည့် သို့မဟုတ် ရွှေရောင် သန်းသည့် ဆံပင်ဆေးဆိုးခြင်း အသက်ကြီးတာကို ဖုံးအုပ်ဖို့အတွက် ဆံပင်ဖြူ တွေကို ဆေးဆိုးလေ့ရှိကြပါတယ်။ ဆေးဆိုးတဲ့အခါ မှာ အနက်ရောင်ကိုဆိုးမိရင် မျက်နှာပေါ်က အသက် အရွယ်ကြောင့်ဖြစ်တဲ့အရေးကြောင်းတွေကို ပိုမိုထင် ရှားသွားစေနိုင်ပါတယ်။ ဆံပင်ကို အဝါရောင် ဒါမှမ ဟုတ် ရွှေရောင်ဆေးဆိုးလိုက်ရင်လည်း အသက် အရွယ်ကြီးရင့်တယ်လို့ ထင်ရနိုင်စေပါတယ်။ အဖြူ ကို ဖုံးချင်လို့ ဆံပင်ဆိုးချင်တယ်ဆိုရင်တော့ သင်ရဲ့ ဆံပင် မူလအရောင်ထက် နှစ်ဆင့်လျော့တဲ့အရောင် မျိုးကို ရွေးချယ်သင့်ပါတယ်။ ၂။ အရာရာပြည့်စုံလွန်းအောင် ဝတ်စားဆင် ယင်ခြင်း Stylish […]

Valentine’s Fashion

ဗယ်လင်တိုင်းအတွက် ဖက်ရှင်စဉ်းစားရင်တော့ ဦးစား ပေးရမယ့်အရောင် သုံးရောင်ရှိပါတယ်။ အနီရောင်၊ အဖြူရောင် နဲ့ ပန်းရောင်တွေဟာ ဗယ်လင်တိုင်းနေ့ကို ကိုယ်စားပြုတဲ့ အရောင်တွေပါ။ ဒီတစ်ပတ်မှာ ဗယ်လင်တိုင်းနေ့ကို ကိုယ်စား ပြုတဲ့အရောင်တွေရဲ့ အဓိပ္ပာယ်ကိုသိရှိပြီး Valentine’s Day Vibe ရစေဖို့ ရေးသားလိုက်ပါတယ်။ (၁) အနီရောင် အနီရောင်က ချစ်ခြင်းမေတ္တာ၊ ရှင်သန်ခြင်းတွေကို ကိုယ် စားပြုတဲ့အရောင်ပါ။ လူသားမျိုးနွယ်စတင်ခဲ့တဲ့ အာဒံရဲ့နာ မည်အဓိပ္ပာယ်ဟာ အနီရောင်နဲ့မြေကြီးလို့ ဆိုပါတယ်။ သူဟာ လူသားတို့ရဲ့ ချစ်ခြင်းတရားကို စတင်ခံစားဖူးသူမဟုတ်ပါလား။ ဒါကြောင့် ဗယ်လင်တိုင်းနေ့မှာ ချစ်ခြင်းတွေနဲ့ လွှမ်းခြုံထား တယ်ဆိုတာ ကိုယ်စားပြုဖို့ အနီရောင်တောက်တောက်လေး ဝတ်ဆင်ပါ။ (၂) အဖြူရောင် အဖြူရောင်က သန့်ရှင်းစင်ကြယ်ခြင်း၊ ခွင့်လွှတ်ခြင်းတွေ ကိုကိုယ်စားပြုပါတယ်။ အပြစ်ကင်းစင်တဲ့ ဖြူဖြူဖွေးဖွေး နှင်း […]

ဒီရောဂါတွေရှိနေရင်ဖိနပ်ဘယ်လိုရွေးချယ်မလဲ…

တချို့ရောဂါအခြေအနေတွေက ဖိနပ်သေချာ ရွေးချယ်ဖို့ လိုပါတယ်။ ဖိနပ်က ခြေထောက်ကျန်းမာရေးအပေါ်များစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် လှတာထက် သက် သောင့်သက်သာ ဖြစ်ဖို့ကို အဓိက ရွေးချယ်ရပါတယ်။ (၁) ဆီးချိုရောဂါရှိရင် သင်ဟာ ဆီးချိုရောဂါရှိသူဆိုရင် ခြေထောက်ကို အထူး သတိထားဖို့လိုပါတယ်။ ခြေထောက်ကို သေချာသန့်ရှင်း ခြောက်သွေ့အောင်ထားပါ။ ဒေါက်မြင့်ဖိနပ်တွေကို ရှောင်တာ အကောင်းဆုံးဖြစ်ပါတယ်။ အရမ်းကျပ်တဲ့ ဖိနပ်တွေ မစီးပါနဲ့။ သင်စီးတဲ့ဖိနပ်က လမ်းလျှောက်တိုင်းမှာ သင့်ခြေထောက်ကို သက်သောင့်သက်သာဖြစ်စေဖို့ Sole ပါတဲ့ ရှူးဖိနပ်မျိုးရွေး ချယ်ပါ။ (၂) အဆစ်အမျက်ရောင်ရောဂါရှိရင် သင်ဟာ အဆစ်အမျက်ရောင်ရောဂါရှိသူဆိုရင် သင့် အတွက် သက်သောင့်သက်သာဖြစ်တဲ့ ဖိနပ်တစ်စုံကို အတော် ရှာရခက်နိုင်ပါတယ်။ ခြေနင်းပြားပျော့ပြီး အလေးချိန်ပေါ့တဲ့ ဖိနပ်မျိုးဖြစ်ရပါမယ်။ ခြေထောက်ကို ဝန်မပိ၊ ဒဏ်မဖြစ်စေတဲ့ ဖိနပ်မျိုးရွေးချယ်ပါ။ […]

ဖက်ရှင်အမြင် ရှိဖို့လိုတယ်

လူတစ်ယောက်နဲ့ တစ်ယောက်မှာ ဖက်ရှင်အမြင်ချင်းတူမှာ မဟုတ်ပါဘူး။ ဖက်ရှင်အမြင်ဆိုတာ ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ပေါ် မူတည်သလို ခေတ်စနစ်နဲ့ အသက်အရွယ်ပေါ်လည်း မူတည်ပါ တယ်။ ခေတ်နှောင်းဖြစ်သွားတဲ့ ဖက်ရှင်ပုံစံတွေပြန်ပြီး တစ်ခေတ် ဆန်းသစ်လာတာရှိသလို၊ တစ်ခဏပဲ ထင်ရှားပြီး ပြန်မြုပ်သွားတဲ့ ဖက်ရှင်တွေလည်း ရှိပါတယ်။ ဖက်ရှင်ကျကျသစ်လွင်ဆန်းသစ် လှပဖို့၊ ဖက်ရှင်အမြင်ရှိဖို့ဆိုရင် အသစ်အဆန်းထွက်တိုင်းကိုယ် ပေါ်တင်ဝတ်ပြီး သင်မဟုတ်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲပစ် လိုက်ဖို့ မဟုတ်ပါဘူး။ ဖက်ရှင်မဂ္ဂဇင်းစာအုပ်တစ်အုပ် လှန် ကြည့်လိုက်ပြီး ကိုယ်ကြိုက်တဲ့ ပုံစံအတိုင်း ပုံ တူလိုက်ကူးဝတ်လိုက်တာက လူသက်သာတာ အမှန်ပါ။ ဒါပေမဲ့ အမြဲတမ်း အလွယ်တကူ ပုံတူလိုက်ကူးပြီး ဝတ်ဆင်တာပဲ လုပ်မယ်ဆို ရင် ရေရှည်မှာ သင်ရဲ့ကိုယ်ပိုင်စတိုင်လ်၊ ကိုယ် ပိုင်ဟန်ပန် ပျောက်သွားပါလိမ့်မယ်။ လူတိုင်း မှာ မွေးရာပါ ဘယ်သူနဲ့မှမတူတဲ့ […]

ခန္ဓာကိုယ်အချိုးအစားအလိုက်စကတ်ဘယ်လိုရွေးချယ်မလဲ…

လူတစ်ယောက်နဲ့ တစ်ယောက်မှာ ခန္ဓာကိုယ်အချိုးအစား တွေ မတူညီကြပါဘူး။ ပိန်တာ၊ ဝတာထက်ကို တချို့က ခါးသေး တာ၊ တချို့က ပခုံးကျယ်တာ စသဖြင့် ကွဲပြားပါသေးတယ်။ ခန္ဓာကိုယ် အချိုးအစားကိုကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် ငါးမျိုးရှိပါတယ်။ (၁) သဲနာရီပုံစံခန္ဓာကိုယ်ပိုင်ရှင် သဲနာရီပုံစံခန္ဓာကိုယ်ရှိသူတွေမှာ ခါးက ရင်အုပ်နဲ့တင်ပါး ထက်ပိုပြီး သေးသူတွေဖြစ်ပါတယ်။ ပခုံးအကျယ်နဲ့တင်ပါး အကျယ်က တူတူလောက်ရှိပြီး ခါးက ပို သေးတာပါ။ သဲနာရီပုံစံ ခန္ဓာကိုယ်ပိုင်ရှင်အတွက် အလိုက်ဖက်ဆုံးစကတ်ပုံစံက ခါး သေးတာပေါ်လွင်စေတဲ့ Pencil Skirt ဖြစ်ပါတယ်။ (၂) သစ်တော်သီးပုံစံခန္ဓာကိုယ်ပိုင်ရှင် သစ်တော်သီးပုံစံက အောက်ပိုင်းက အပေါ်ပိုင်းထက် ပိုကြီးတဲ့ ခန္ဓာကိုယ်ပုံစံ ဖြစ်ပါတယ်။ တင်အကျယ်က ပခုံးအ ကျယ် ထက်ပိုကျယ်ပါတယ်။ အောက်ပိုင်းအရမ်းမကားတဲ့ A-Line စကတ်ပုံစံနဲ့ လိုက်ဖက်ပါတယ်။ […]

ဆယ်ကျော်သက်ညီမလေးတို့အတွက်Fashion tips

ဆယ်ကျော်သက်ဆိုတဲ့ ရင်ခုန်တတ်စ အရွယ်ဆိုတာ အသစ်အဆန်းတွေ၊ လေ့လာ စရာတွေများတာမို့ စိတ်လှုပ်ရှားစရာ အ ကောင်းဆုံးအရွယ်ဖြစ်ပါတယ်။ ဖက်ရှင်ရေစီး ကြောင်းကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံတ ကာက ဒီဇိုင်းမျိုးစုံကို ပြည်တွင်းမှာတင် ဝယ် ယူလို့ရတဲ့ခေတ် ဖြစ်နေပါပြီ။ သူ့အကြိုက် ကိုယ့်အကြိုက် မတူလည်း ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ရင် စည်းမျဉ်းစည်းကမ်းတွေမရှိပေမယ့် သူ့အ ရွယ်နဲ့သူတော့ လိုက်ဖက်ညီအောင် ဝတ်ဆင် ဖို့လိုပါတယ်။ ဒီတစ်ပတ်မှာတော့ ခေတ်သစ် ညီမလေးတို့အတွက် ဆယ်ကျော်သက် ဖက် ရှင်Tips တွေကို ရေးပေးလိုက်ပါတယ်။ (၁) ရောင်စုံလေးတွေရွေးချယ်ပါ ဆယ်ကျော်သက်အရွယ်ဟာ သွက်လက်ဖျတ်လတ်တဲ့ အ ရွယ်ဖြစ်ပါတယ်။ လူတစ် ယောက်ဝတ်ဆင်ထားတဲ့ အ ဝတ်အစားရဲ့အရောင်ကလည်း ထိုလူအပေါ် သက်ရောက်မှုရှိ စေပါတယ်။ လူငယ်ပီပီအရောင် တောက်တောက်လေးတွေ၊ […]

ပျိုမေတို့ Gym သွားရင်ဘာတွေ ယူသွားမလဲ

အားကစားသေချာလုပ်တော့မယ်လို့ဆုံးဖြတ်ပြီး Gym သွားဖို့ ပြင်ဆင်နေတဲ့ ပျိုမေတွေအတွက်Gym သွားတဲ့အခါ မပါမဖြစ် ယူသွားသင့်တာတွေကို List လုပ်ပေးလိုက်ပါတယ် နော်။ (၁) Towel Gym သွားတဲ့အခါ တဘက်အသေးလေးတစ်ခုလောက် ယူသွားပါ။ Gym တွေမှာပေးတဲ့ Towel တွေက ရာနှုန်းပြည့် သန့်ရှင်းပါတယ်လို့ အာမမခံနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ပိုင်တစ် ကိုယ်ရေသုံးဖို့ တဘက်လေးယူသွားတာမမှားပါဘူး။ ချွေးသုတ် ဖို့အပြင် Yoga Mat ပေါ်မှာ ခေါင်းအုံးဖို့လိုအပ်ရင် အောက်က အခင်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ပခုံးပေါ် အလေးထမ်းမပြီး ကစားတဲ့အခါ ပခုံးမနာအောင်လို့လည်း တဘက်ခံထားလို့ရပါ တယ်။ (၂) Hand Sanitizer Gym ဆိုတာ လူပေါင်းစုံလာတဲ့ နေရာတစ်ခုဖြစ်ပြီး ချွေး ထွက်များတဲ့ နေရာဖြစ်လို့ ပိုးမွှားတွေအလွယ်တကူ ပေါက်ဖွား […]

ပျိုမေတို့ ဖက်ရှင်ကျကျလန်းမယ်

ပျိုမေတို့ရေ ဒီနေ့ခေတ်မှာ နိုင်ငံတကာက ဖက်ရှင်ရေစီးကြောင်းတွေဟာ ကိုယ်တွေရဲ့ ယဉ်ကျေးမှုအပေါ်ကို လွှမ်းမိုးလာတာတွေ့ရပါတယ်။ နေရာအနှံ့ကြည့်လိုက်ရင် အနောက်တိုင်းဖက်ရှင်ပုံစံကြိုက်သူတွေက အနောက်တိုင်းပုံစံ အဝတ်များတယ်၊ ကိုရီးယားစတိုင်လ်ကတော့ လူငယ်တွေအဝတ်များတယ်၊ နောက်ထပ် ဖက်ရှင်ပုံစံအမျိုးမျိုးကိုလည်း တွေ့မြင်နေရပါတယ်။ ဒီတော့ ဘယ်လို ဖက်ရှင်ပုံစံမျိုးပဲဝတ်ဝတ် ကြည့်လိုက်တာနဲ့ အရမ်းအိုဗာဖြစ်မနေစေဘဲ ဖက်ရှင်ကျကျ လန်းနေဖို့ဆိုရင် လိုက်နာရမယ့် ဖက်ရှင် Tips လေးတွေ ရှိပါတယ်။ (၁) ဂျက်ကက်အင်္ကျီထပ်ဝတ်ပါ ဂျက်ကက်အင်္ကျီက အတော်များများ ဝတ်စုံတွေအပေါ်က ထပ်ဝတ်လိုက်ရင် ပိုပြီး စမတ်ကျလှသွားစေပါတယ်။ အခုခေတ်မှာ ဒီဂျက်ကက်အင်္ကျီ Trend က ပေါ်ပြူလာ ဖြစ်နေတုန်းပါပဲ။ လယ်သာ ဂျက်ကက်မို့လို့ လယ်သာဖိနပ်တွေ၊ လယ်သာဘောင်းဘီတွေနဲ့ တွဲဝတ်တာကတော့ Cowboy စတိုင်လ်ပုံ ပေါက်စေပါတယ်။ လူငယ်ပုံစံပေါက်ချင်ရင် တော့ Dress လေးတွေ၊ ပေါ့ပေါ့ပါးပါး […]