ပျိုမေတို့အတွက် GYM Fashion

ရာသီဥတုအေးအေးလေးက အားကစား လုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဆောင်း ရာသီမှာ အပြေးပြိုင်ပွဲတွေ၊ အားကစားပြိုင်ပွဲ တွေလည်း ရှိလာတော့မှာပါ။ စာရေးသူကတော့ နှစ်တိုင်း အပျော်တမ်းအပြေးပြိုင်ပွဲတွေမှာ ဝင်ပြေးလေ့ရှိပါတယ်။ နွေရာသီကလည်း ပူလို့ အားကစားမလုပ်နိုင်၊ မိုးရာသီကလည်း စိုစိစိနဲ့မို့ အားကစားလုပ်ဖို့ အဆင်မပြေခဲ့ဘူးဆိုရင် ဆောင်းတွင်းမှာတော့ အားကစားလုပ်ဖို့ တိုက် တွန်းချင်ပါတယ်။ ဒီဆောင်းပါးလေးကတော့ ပျိုမေတို့ Gym သွားဖို့ ဝတ်စုံရွေးချယ်တဲ့အခါ အမှားနည်းစေဖို့ စာရေးသူကိုယ်တွေ့ ကြုံဖူး တာလေးတွေကို ဝေမျှပေးထားပါတယ်။ Sport Bra ပျိုမေတို့အနေနဲ့ အားကစားဝတ်စုံရွေး ချယ်တဲ့အခါ Sport Bra ကို အဓိထားပြီး သေ ချာရွေးပါ။ သူက အထဲမှာ အရေပြားနဲ့အရင်ဆုံး ထိတွေ့ရတာဖြစ်လို့ အားကစားလုပ်တဲ့အခါ အရေပြားနဲ့ အဝတ်နဲ့ပွတ်တိုက်မှုဒဏ် အများ ဆုံးခံရလို့ […]

ပရော်ဖက်ရှင်နယ်ကျကျ Pose ပးမယ်

ဓာတ်ပုံရိုက်ပြီး အမှတ်တရလေးတွေသိမ်းဆည်းရတာကို လူအတော်များများ နှစ်သက်ကြ ပါတယ်။ နေရာအသစ်ရောက်ရင်ဖြစ်ဖြစ်၊ ခရီးသွားတာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့အတူ အပြင် ထွက်တာဖြစ်ဖြစ်၊နေ့ထူးနေ့မြတ်တွေမှာဖြစ်ဖြစ် အမှတ်တရဓာတ်ပုံရိုက်ကြလေ့ရှိပါတယ်။ သူ ငယ်ချင်းတွေနဲ့အုပ်စုလိုက် ဓာတ်ပုံရိုက်တာက သိပ်ပြီး စိတ်ဖိစီးစရာမရှိပေမယ့် တစ်ကိုယ်တော် Solo ဓာတ်ပုံအလှရိုက်ဖို့ဖြစ်လာရင်တော့ ဘယ်လိုနေရမလဲ၊ ဟိုဘက်ကြည့်ရမှာလား၊ ဒီဘက် ကြည့်ရမှာလား၊ ဘယ်ဘက်လှည့်ရမှာလဲ စသဖြင့် စဉ်းစားဖို့က လိုလာပါတယ်။ ဒီတစ်ပတ်မှာ တော့ ဓာတ်ပုံရိုက် ဝါသနာရှင်တို့အတွက် ပရော်ဖက်ရှင်နယ် ဆန်ဆန် Pose ပေးနိုင်ဖို့ နည်း လမ်းကောင်းတွေကို ရေးပေးလိုက်ပါတယ်။ (၁) ယုံကြည်မှုရှိပါ ဓာတ်ပုံရိုက်ဖို့နေရာ၊ အပြင်အဆင်တွေ အားလုံးက ပြီးပြည့်စုံလှနေပြီး သင့်ဘက်က အဆင်သင့်မဖြစ်ရင် ပုံကောင်းရမှာ မဟုတ်ပါ ဘူး။ စိတ်ထဲမှာဖြစ်နေတဲ့ ခံစားချက်က အမူ အရာနဲ့မျက်နှာမှာပေါ်တတ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုရှိရှိနဲ့ […]

ခရီးသွားရင်းဓာတ်ပုံရိုက်တဲ့အခါလန်းနေဖို့ . . .

ခရီးသွားဖို့ အဝတ်အစားတွေ ထည့်တာ က လွယ်မလိုနဲ့ ခက်တတ်ပါတယ်။ အထူး သဖြင့် သင်ဟာ ခရီးသွားအိတ်ကို အလေးကြီး လည်း မသယ်ချင်ဘူး၊ သင်သွားတဲ့ခရီးမှာ လည်း အလှဓာတ်ပုံတွေရိုက်ဖို့ စုံစုံလင်လင် ထည့်သွားချင်တယ်ဆိုရင် ပိုပြီး စီစဉ်ရ ခက် တတ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ခရီး သွားရင်း ဓာတ်ပုံရိုက်တဲ့အခါ လန်းနေဖို့ ရေး ပေးလိုက်ပါတယ်။ (၁) ရာသီဥတုအကဲခတ်ပါ သင်သွားမယ့်ခရီးစဉ်ကို အရင်ဆုံးဖြတ် ပြီးရင် သွားမယ့်နေရာရဲ့ ရာသီဥတုအခြေအ နေကို အရင်အကဲခတ်ပါ။ နေသာမှာလား၊ မိုး ရွာမှာလား၊ အေးမှာလားစသဖြင့် မိုးလေဝသ အခြေအနေကိုကြိုတင်လေ့လာပါ။ ဒါမှအဝတ် အစားရွေးချယ်တဲ့အခါ ရာသီဥတုနဲ့လည်း ကိုက်ညီမယ်၊ သင့်အတွက်လည်း သက် သောင့်သက်သာဖြစ်စေမှာပါ။ အရမ်း ပူတဲ့ရာသီဥတုမှာ အနွေးထည် […]

ကိုယ်ဝန်ဆောင်မေမေတို့ဘယ်လိုဖိနပ်မျိုးရွေးစီးသင့်လဲ

ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ဘယ်သွားသွား အစစ အရာရာ ဂရုစိုက်ပြီးသွားလာလှုပ်ရှားကြရပါတယ်။ ဒီထဲမှာ အရေးကြီးဆုံးက ဖိနပ်လေးတွေလည်း ပါပါတယ်။ သူတို့က ကိုယ်ဝန်ဆောင်မေမေတို့ကို ထမ်းပေးတာအပြင် ရင်သွေးငယ် ကိုပါ ထမ်းပေးရတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ခြေထောက်အရွယ်အစား ကြီးလာတတ်တာကလည်း သဘာ၀ ပါပဲ။ ကိုယ်ဝန်ဆောင်မေမေတို့ ဖိနပ်ရွေးချယ်တဲ့အခါ ဒီအချက် လေးတွေက အထောက်အကူပြုပါလိမ့်မယ်။ – ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အလေးချိန်ပိုတိုးလာ တာကို ခြေထောက်လေးတွေက ထမ်းပေးရတာဖြစ်ပါတယ်။ ခြေထောက်ကြွက်တက်တာ၊ နာကျင်ကိုက်ခဲတာတွေလည်း အဖြစ်များတဲ့ကာလဖြစ်ပါတယ်။ – ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံးဖိနပ်ဆိုတာ ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကို သက်သာစေတဲ့ ဖိနပ်မျိုးဖြစ်ရပါမယ်။ – သင်အရင်ကစီးနေကျ သက်သောင့်သက်သာဖြစ်ပါ တယ်ဆိုတဲ့ဖိနပ်ကလည်း ကိုယ်ဝန်ဆောင်ချိန် ခြေထောက် အရွယ်အစားကြီးလာနိုင်တာကြောင့် အဆင်ပြေဖို့ ခက်ပါတယ်။ – အောက်ပါဖိနပ်အမျိုးအစားတွေကို ဦးစားပေးရွေး ချယ်ပါ။ […]

ကြိုးမဲ့ဘရာစီယာသို့မဟုတ်ကပ်ခွာဘရာစီယာ၏ကျန်းမာရေးအကျိုးအပြစ်များ

ဘရာစီယာဆိုတာက အဝတ်အထည်တစ်မျိုးတောင် မဟုတ်ပါဘူး။ သူက အမျိုးသမီးတွေရဲ့ အဝတ်ဗီဒိုအတွင်းမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုပါ။ ဘရာစီယာကို ဝယ်ဝတ်တဲ့အခါမှာ အရွေးမှားခဲ့ရင် သင့်အလှအပတွေကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ မှန်ကန်တဲ့ဘရာစီယာဆိုတာ သင့် ရင်သားကိုကောင်းမွန်စွာ အထောက်အပံ့ ပေးနိုင်ပြီး ပုံမပျက်ဖြစ်စေတာ၊ ခန္ဓာကိုယ် အတွင်း ဘာအမှတ်အရာမှ ထင်မကျန် ရစ်ခဲ့ဘဲ သင့်ကို သက်သောင့်သက်သာ ရှိနေရပါမယ်။ ညပါတီပွဲတွေတက်ဖို့ လည်ဟိုက်အင်္ကျီ ဒါမှမဟုတ် နောက် ကျောပြောင်အင်္ကျီတွေ ဝတ်တဲ့အခါမှာ သင်ရဲ့အတွင်းခံဘရာစီယာနဲ့ သူ့ကြိုး တွေ ပေါ်လွင်နေရင် စတိုင်ကျလှပမှာ မဟုတ်ပါဘူး။ ဒီလိုအခါမျိုးမှာ ကပ်ခွာ ဘရာစီယာလိုမျိုးကို ဝတ်ဆင်ရပါမယ်။ ဒီဘရာစီယာတွေက အရေပြားနဲ့ကပ်နေ ပြီး ပုံမှန်ဘရာစီယာတွေကနေရရှိတဲ့အကျိုးကျေးဇူးအားလုံးကို ရရှိနိုင်ပါတယ်။ ကပ်ခွာဘရာစီယာဆိုတာ =============== ကပ်ခွာဘရာစီယာဆိုတာက ဘာ ကြိုး၊ ဘာချိတ်မှ မရှိဘဲ […]

Fashion Mistakes

လေဒီတို့ အဝတ်အစားရွေးချယ်တဲ့နေရာမှာ ဖြစ်တတ်တဲ့ အလွဲတွေကို ကြိုတင်ပြင်ဆင်နိုင်အောင် ရေးပေးလိုက်ပါ တယ်။ ခန္ဓာကိုယ် အချိုးအစားနဲ့ မကိုက်ညီတာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အချိုးအစားမှာ hourglass, apple, inverted triangle, pear, and rectangle ဆိုပြီး မျိုးစုံရှိတာမှာ သင်ဟာ ဘယ်အချိုးအစားထဲပါဝင်လဲဆိုတာ သိဖို့လိုပါတယ်။ ဒါမှ အင်္ကျီဒီဇိုင်းရွေးတဲ့အခါ သင်နဲ့ လိုက်ဖက် တာရှာဖို့ အထောက်အကူပြုမှာပါ။ သင်ကြိုက်တဲ့ ဖက်ရှင်ပုံစံနဲ့ ခန္ဓာကိုယ်အချိုးအစားက မလိုက်ဖက်ရင် ကြည့်မကောင်းနိုင် ပါဘူး။ အဝတ်အထည်Size မမှန်တာ ဒါကလည်း အမျိုးသမီးအတော်များများ ကြုံဖူးမှာပါ။ သင့်ခန္ဓာကိုယ်နဲ့ ကွတ်တိလည်းဖြစ်ပြီး သက်သောင့်သက် သာဖြစ်တာကို ရွေးဝယ်ပါ။ အမှတ်တံဆိပ်မျိုးစုံနဲ့ နိုင်ငံတကာ တင်သွင်း ထုတ်လုပ်ထားတဲ့ အဝတ်အထည်တွေရဲ့Size က သူတို့နိုင်ငံမှာရှိတဲ့ လူမျိုးတွေရဲ့ […]

အသားအရောင်ကပြောတဲ့ fashion

သင်ရဲ့ ဆံပင်ပုံစံနဲ့ မျက်နှာသွင်ပြင်က လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုအပေါ် သက် ရောက်နိုင်ပါတယ်။ ဒါပေမဲ့ သင်သိပါသလား၊ သင်ရဲ့အသားအရောင်နဲ့ ဝတ်ဆင်တဲ့ အဝတ် အစားအရောင်ကလည်း လူတစ်ယောက်ရဲ့ ဆွဲ ဆောင်မှုကိုပိုတိုးစေနိုင်ပါတယ်။ အသားအရောင် ဘယ်အရောင်ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့အရောင် နဲ့ တွဲဖက်ဝတ်ဆင်ရင် အလှတိုးမှာ အသေ ချာပါပဲ။ ဒါကြောင့် ဒီတစ်ပတ်မှာ ဖက်ရှင်ချစ် သူတွေအတွက် အသားအရောင်အလိုက် ဝတ် ဆင်ရမယ့်အရောင်၊ ရှောင်ရမယ့်အရောင်တွေ ကို ရေးပေးလိုက်ပါတယ်။ အသားအရောင်ကို ဘယ်လိုခွဲခြားလဲ အသားအရောင်ကို အဓိကအားဖြင့် လေးမျိုးခွဲခြားထားပါတယ်။ အသားအရောင် အရမ်းဖြူဖျော့သူ(Pale)၊ အလယ်အလတ် အသားဖြူသူ(Light)၊ အဝါရောင်ဘက်သန်း သောအသားရောင်ရှိသူ (Olive)၊ အသားညို သူ(Dark) တို့ ဖြစ်ပါတယ်။ Pale သင်ဟာ နေရောင်ခံထွက်သော်လည်း အလွယ်တကူTan Skin […]