ဆေးကြောင့် ဓာတ်မတည့်ဖြစ်တဲ့အခါ အရေပြားမှာ ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်လဲ

သောက်သုံးလိုက်တဲ့ ဆေးဝါးတွေနဲ့ ဓာတ်မ တည့်မှုတွေဖြစ်တဲ့အခါ အရေပြားမှာ ဘယ် လိုလက္ခဏာမျိုးတွေ ဖြစ်ပွားတတ်ပါသလဲ ဆရာ။ ဆေးနဲ့ဓာတ်မတည့်တဲ့အခါမျိုးမှာ အရေပြားမှာ ဦးစွာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ကြတာ များပါတယ်။ မျိုးစုံပါပဲ။ အရေပြားမှာ ဘာအကွက်၊ ဘာအဖု၊ ဘာအပြင်မှ မပေါ်ဘဲနဲ့လည်း ယားချင် ယားလာတာမျိုးပါ။ များသောအားဖြင့် တော့ မိတ်လိုလို၊ ဝက်သက်ပေါက်တဲ့ အခါ ထွက်လာတဲ့အဖုအပြင်လိုလို ယားဖုတွေ ထွက်လာတတ်တာပါပဲ။ ဆေး ပညာမှာတော့ Morbilliform Rashes လို့ ခေါ်ပါတယ်။ ဝက်သက်နဲ့ ဆင်တူတဲ့ အဖုအပြင်တွေပေါ့။ အလွန်ယားပါတယ်။ တချို့ကျတော့ အင်ပျဉ်အကွက် တွေ အစုလိုက် အဝေးလိုက်ပေါ့။ သိပ် ပြင်းထန်တဲ့ ဓာတ်မတည့်မှုမျိုးမှာတော့ အရေပြားဟာ အတော်ကို ထိခိုက်ခံရပါ တယ်။ အပေါ်ယံ အရေခွံတွေ […]

တညင်းသီးနှင့် ကျန်းမာရေး

ဇီဝကတို့လို ပြည်သူလူထုတွေနဲ့ ရှေ့ဆုံးက ထိတွေ့နေရတဲ့ အထွေထွေရောဂါကု ဆရာဝန်တွေအတွက် ကွာရန် တင်းဝင်ရမယ့် သတ်မှတ်ချက်က ရေရေ ရာရာမသိတဲ့အတွက် ဇီဝကတစ်ယောက် လည်း တော်ရုံ လူနာသစ်တွေမကြည့်ဖြစ် တော့ဘဲ လူနာဟောင်းတွေအတွက် Tele-consultation နဲ့ ကုသမှုပေးဖို့ ဗီဒီယို call ခေါ်နိုင်တဲ့ ဆေးခန်းဖုန်းနံပါတ်တွေပေး ထားပြီး ကုသနေတာတောင် ရက်သတ္တ ပတ် အတော်ကြာခဲ့ပြီ။ တစ်နေ့ ဆီးချိုသွေး ချိုလူနာတစ်ယောက်အိမ်မှ ဖုန်းခေါ်လာ တယ်။ ဒေါ်ပြုံးသန်း ။ ။ ဆရာရေ ဒီနေ့ ရက် ချိန်းမို့ ခေါ်လိုက်တာပါ။ ဇီဝက ။ ။ ဆီးချိုဖောက်ထားတာ ကောင်းရဲ့လား ဒေါ်ပြုံးသန်း။ ဒေါ်ပြုံးသန်း ။ ။ ကောင်းပါတယ်ဆ ရာ။ မစားခင် မနက်စောစော […]

ပြန်လည်ကျန်းမာလာသော Covid-19 လူနာများ ဆေးရုံဆင်းခွင့်ရပြီးသည့်နောက် ရောဂါပိုးကူးစက်မှု ဖြစ်နိုင်သေးလား

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန က Covid-19 ဓာတ်ခွဲအတည်ပြု လူနာတွေကို ဆေးရုံဆင်းခွင့်သတ်မှတ်ချက် အနေနဲ့ ရောဂါလက္ခဏာစပြီး ပြတဲ့ရက် က ၁၀ ရက်နဲ့ ရောဂါလက္ခဏာ ပျောက် ကင်းပြီးနောက် ၄ ရက်အကြာမှာ ဖျား နာတာတွေနဲ့တခြားရောဂါလက္ခဏာ မရှိရင် သာမန် ဒါမှမဟုတ် အသင့်အတင့် ရောဂါ လက္ခဏာရှိသူတွေကို အတွင်း လူနာအဖြစ် အနည်းဆုံး ၁၄ ရက်ကြာ ထားရှိမှာဖြစ်ပြီး ပြင်းထန်တဲ့ ရောဂါ လက္ခဏာရှိတဲ့လူနာ ဒါမှမဟုတ် အသည်း အသန်လူနာတွေ ဒါမှမဟုတ် ကိုယ်ခံ အားကျဆင်းနေတဲ့ လူနာတွေကို အတွင်းလူနာအဖြစ် အနည်းဆုံး ၂၁ ရက် ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးရုံကဆင်းခွင့်ပြုတဲ့အခါမှာလည်း နေအိမ် မှာ ၇ ရက် အသွားအလာ ကန့်သတ်နေထိုင်ရမှာ […]

Covid-19 ရောဂါပိုးရှိသူတွေနဲ့ ဆက်စပ်မိသူတွေကို ဆက်သွယ်တဲ့အခါ လိုလိုလားလား ပူးပေါင်းဆောင်ရွက်မှုတွေရှိပါသလား

စက်တင်ဘာလ ၂ ရက်နေ့က Covid-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေဖော် ထုတ်ခြင်း၊ ကာကွယ်ထိန်းချုပ်ရေးစီမံ ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်း စုကြည်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်တောင်ပိုင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သက်စုမွန်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ယင်းဆွေးနွေး ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ဆောင်ရွက်ထားသည့် အချက်များနှင့် ပတ်သက်ပြီး ဒေါက်တာ သက်စုမွန်၏ ဆွေးနွေးချက်များကို ပြန် လည်ကောက်နုတ်ရေးသားထားခြင်း ဖြစ်ပါသည်။ Q : Covid-19 ရောဂါပိုးရှိသူတွေနဲ့ဆက်စပ် မိတဲ့သူတွေကို ရှာဖွေတဲ့အခါ ဘယ်လို ဆောင်ရွက်ရပါသလဲ။ A : Covid-19 ရောဂါက […]

နှာခေါင်းကင်ဆာ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲ

နှာခေါင်းကင်ဆာရောဂါက အဖြစ်များတဲ့ ရောဂါတစ်ခုပါလား ဆရာ။ နှာခေါင်းကင်ဆာရောဂါက အဖြစ် နည်းပါတယ်။ အဖြစ်နည်းတာကြောင့် အတွေ့အကြုံနည်းတဲ့ ဆရာဝန်တွေဆို လွတ်သွားနိုင်ပါတယ်။ နှာခေါင်းကင်ဆာ ရောဂါရဲ့ လက္ခဏာတွေက ရိုးရိုးနှာခေါင်း ရောဂါတွေမှာဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတတ်တာကြောင့်လည်း ရောဂါရှာ ဖွေဖော်ထုတ်ရာမှာ လွတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ရိုးရိုးနှာခေါင်းရောဂါ တွေမှာဖြစ်တဲ့ နှာစေး၊ နှာပိတ်တာက အ ဖြစ်များတယ်။ နှာစေး၊ နှာပိတ်၊ နှာရည် ကျတာတွေက မဖြစ်ဖူးတဲ့သူ မရှိသလောက် ပါပဲ။ ဒါပေမဲ့ နှာခေါင်းကင်ဆာမှာ ထူး ခြားတဲ့ အချက်လေးတွေတော့ ရှိပါတယ်။ အဲဒါတွေကိုသတိမထားမိရင် လွတ်သွား တတ်ပါတယ်။ နှာခေါင်းကင်ဆာရောဂါ ဖြစ်နေတာကို ဘယ် လိုသိရှိနိုင်ပါသလဲဆရာ။ နှာခေါင်းပိတ်တာ ဆက်တိုက်ဖြစ် နေတယ်၊ ဆေးသောက်ပေမယ့် မသက် သာဘူး၊ နှာခေါင်းထဲက […]

အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ

လူတွေသတိမထားမိကြတဲ့ အိမ်တွင်း လေထုညစ်ညမ်းမှုတွေကြောင့် ရောဂါဝေ ဒနာတွေခံစားနိုင်ရတဲ့အတွက် အိမ်တွင်း သန့်ရှင်းရေးကလည်း ကျန်းမာရေးကောင်း မွန်စေဖို့ အဓိကကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုကိုဖြစ် စေတဲ့အကြောင်းရင်းကို သိပါရစေ။ အိမ်တွင်းလေဝင်လေထွက်စနစ် အားနည်းတာကြောင့် အိမ်တွင်းမှာ ခို အောင်းနေတဲ့ ၊ ကျန်းမာရေးနဲ့မညီညွတ် တဲ့လေကို ရှူမိရာကနေ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာတာဖြစ် ပါတယ်။ အဓိကဖြစ်ရတဲ့အကြောင်းရင်း တွေက ထင်း^မီးသွေးမီးဖိုတွေကို အသုံး ပြုပြီး အစားအသောက်ချက်ပြုတ်တာ၊ ဖယောင်းတိုင် အမွှေးတိုင် ခြင်ဆေးခွေ ထွန်းတာ၊ အိမ်တွင်းမှာ ဆေးလိပ်သောက် တာ၊ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အမွေးအ မှင်တွေ၊ အညစ်အကြေးတွေနဲ့ ပတ်ဝန်း ကျင်က အမှိုက်တွေကို မီးရှို့တဲ့အခါထွက် လာတဲ့ မီးခိုးငွေ့တွေကြောင့် အိမ်တွင်း လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ ကျေးလက်ဒေသတွေမှာဆိုရင် ထ မင်း၊ ဟင်းချက်ပြုတ်ဖို့ […]

မမျိုးပွားအင်္ဂါစနစ်မှာ ဘာတွေပါလဲ

♦ မမျိုးပွားအင်္ဂါမှာ အပြင်ဘက်အကျ ဆုံးအပိုင်းကတော့ အမျိုးသမီးအင်္ဂါ ဇာတ်လို့ခေါ်ကြတဲ့ Vulva ပါ။ ပေါင် ကြားမှာရှိပြီးကိုယ်တွင်းရှိ မမျိုးပွားအင်္ဂါ တွေနဲ့ သားမွေးလမ်းကြောင်း ယောနိ (Vagina) အပေါက်ဝကို ဖုံးကာပေးထား ပါတယ်။ ယောနိဝထိပ် အပေါ်နားက အသားဆိုင်ကိုတော့ ဆီးခုံ(Manis Pubis) လို့ခေါ်ပါတယ်။ ယောနိဝပတ် လည်ရှိ အသားဖတ်နှစ်စုံကို နှုတ်ခမ်း ကြီးနဲ့ နှုတ်ခမ်းငယ် (Labia) လို့ခေါ်ပါ တယ်။ အမျိုးသမီးအင်္ဂါဇာတ်အပေါ် နားက နှုတ်ခမ်းကြီးနဲ့နှုတ်ခမ်းငယ်တို့ နှစ်ဖက်ဆုံရာနေရာရှိ အာရုံခံစားတဲ့ အင်္ဂါ အစေ့သေးသေးလေးကိုတော့ အမျိုး သမီးအင်္ဂါစေ့ငယ် (Clitoris)လို့ခေါ်ပါ တယ်။ နှုတ်ခမ်းနှစ်ဖက်ကြားမှာဆီးသွားရာဆီးထွက်ပေါက်နဲ့ ယောနိဝတို့ရှိနေပါ တယ်။ မိန်းကလေးတွေ အပျိုဖော်ဝင်တဲ့ အခါ နှုတ်ခမ်းကြီးနဲ့ ဆီးခုံပေါ် အမွေး တွေပေါက်လာတတ်ပါတယ်။ အတွင်း […]

စစ်တွေမြို့ မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇပြောင်းလဲမှုကို စစ်ဆေးဖော်ထုတ်နိုင်ဖို့ ဘာတွေ ဆောင်ရွက်နေပြီလဲ

ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါကူးစက်ပျံ့ပွားနေမှု မြန်ဆန်နေပြီး ၂၇-၈-၂၀၂၀ ရက်နေ့၌ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ စစ်တွေမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့ နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့ နယ်၊ မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သံတွဲမြို့နယ်တို့ တွင် Covid-19 ရောဂါပိုး တွေ့ရှိနေပါ သည်။ ယင်းကဲ့သို့ ဖြစ်ပွားမှုများကြောင့် ပြည်သူတွေအကြား ရောဂါလက္ခဏာမပြ ဘဲ ကူးစက်နေမှုများလည်း ရှိနေမှာဖြစ် ပါသည်။ Coronavirus Disease (Covid -19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်လမ်းညွှန်မှုနှင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ရခိုင် ပြည်နယ် အစိုးရအဖွဲ့အပါအဝင် သက် […]

ဒီလိုဝေဒနာတွေကို ခံစားနေရပါသလား  ဆေးဝါးအကူအညီမပါဘဲ ဖြေရှင်းကြည့်ပါ

♥ ခေါင်းကိုက်ဝေဒနာသက်သာအောင် (က) ခေါင်းကိုက်နေရင် အကိုက်အခဲပျောက်ဆေးကို သောက်မယ့်အစား လက်မနဲ့လက်ညှိုးကြားက အသားဆိုင်နေရာကို နှိပ်ကြည့်ပါ။ ပုံမှာ ပြထားတဲ့နေရာကို ငါးမိနစ်ခန့်နှိပ်ပေးတာ ကြောင့် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒ နာတွေ သက်သာသွားနိုင်ပါတယ်။ သွားကိုက်တာ၊ ပခုံးနာကျင်တာနဲ့ ကလေးမွေး ဖွားခါနီးနာကျင်တာတွေပါ သက်သာနိုင်ပါတယ်။ (ခ) ဘုံဘိုင်ခေါင်းက ကျဆင်းလာတဲ့ ရေအေးနဲ့ လက်ဆေးတာကြောင့်လည်း ခေါင်းကိုက်ဝေဒနာ သက်သာနိုင်ပါတယ်။ ရေအေးကြောင့် သွေးကြောကျုံ့သွားနိုင်ပြီး အာရုံကြောအပေါ် ဖိအားကျရောက်မှု လျော့ပါးသွားပါတယ်။ လက်က အာရုံကြောတွေက ဦးနှောက်နဲ့ ဆက်သွယ်မှု ရှိပါတယ်။ (ဂ) ခြေမကို နှိပ်လိုက်ပါ။ ခြေမရဲ့ အပေါ်၊ ဘေးနဲ့ အောက်ခြေ နေရာ တွေမှာ Head Reflex ရှိပါတယ်။ ဒီနေရာတွေကို နှိပ်ပေးလိုက်ရင် ခေါင်းနဲ့ လည်ပင်းက […]

ဆီးချိုကြောင့်နောက်ဆက်တွဲရောဂါတွေ ရှိသော်လည်း သက်တမ်းမတိုအောင်

♦ ဆီးချိုသွေးချိုရောဂါကြောင့် ကိုယ့်မှာ နောက်ဆက်တွဲရောဂါတွေ ရှိနေပြီလား ဆိုတာကို သိအောင် ဘယ်လိုလုပ်သင့်ပါ သလဲဆရာ။ ဆီးချိုသွေးချိုရောဂါတွေ မဖြစ် အောင် ကြိုတင်ကာကွယ်မယ်၊ ဆီးချို ရောဂါဖြစ်လာပြီဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ကြိုတင်ကာ ကွယ်မယ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်ဆိုရင် ဆီးချိုသွေးချိုကို နိုင် အောင်ထိန်းမယ်၊ သွေးတိုးကို နိုင်အောင် ထိန်းမယ်၊ သွေးတွင်းအဆီဓာတ်ကို နိုင်အောင် ထိန်းမယ်၊ နောက်တစ်ချက် ထပ်ဖြည့်ပြောချင်တာက ကိုယ့်မှာ နောက် ဆက်တွဲဆိုးကျိုးတွေ ရှိပြီလားဆိုတာကို အရင်စစ်ဆေးဖို့ လိုပါလိမ့်မယ်။ တချို့က ကိုယ့်မှာ ဆီးချိုသွေးချို ရောဂါရှိတယ်၊ ဆရာဝန်ဆီသွားတယ်၊ ဆေးသောက်တယ်။ လူကလည်း နေ ကောင်းနေတော့ စစ်ဆေးမှုတွေကို စစ် ချင်မှလည်း စစ်မယ်၊ မစစ်ချင်လည်း မစစ်ဘူး။ […]