ရေမလိုလက်သန့်ဆေးရည်များက တုပ်ကွေးကူးစက်မှုကို မကာကွယ်နိုင်

ရေမလိုလက်သန့်ဆေးရည်တွေက ပြင်းထန်အသက်ရှူလမ်းကြောင်းကူး စက်ရောဂါတွေနဲ့ တုပ်ကွေးကူးစက်မှုတွေ ကို ထိရောက်စွာကာကွယ်မပေးနိုင်ဘူးလို့ ဂျပန်နိုင်ငံ ကျိုတိုဆေးတက္ကသိုလ်က လေ့လာမှုမှာ ဆိုထားခဲ့ပါတယ်။ တုပ် ကွေးမိနေသူတွေဆီက ချွဲသလိပ်ကို စု ဆောင်းယူထားပြီး လေ့လာမှုအတွက် ပူး ပေါင်းကူညီပေးတဲ့ စေတနာ့ဝန်ထမ်း ၁၀ ဦးရဲ့ လက်ချောင်းထိပ်တွေမှာ ထားပြီးတဲ့ နောက် ရေမလိုလက်သန့်ဆေးရည်နဲ့ ပွတ်ဆေးစေခဲ့ပါတယ်။ အသေးစိတ်လေ့ လာမှုတွေမှာ ရေမလိုလက်သန့်ဆေးရည် ရဲ့အယ်လ်ကိုဟောက တုပ်ကွေးဗိုင်းရပ်စ် တွေကို မသေစေနိုင်တာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရေမလိုလက်သန့်ဆေးရည် မှာပါတဲ့ ပိုးသတ်ဆေးက လက်ချောင်း ထိပ်တွေမှာ ၂ မိနစ်ကြာမျှသာရှိနေနိုင်ခဲ့ တာဖြစ်ပြီး ဗိုင်းရပ်စ်တွေကို အပြည့်အဝသုတ်သင်နိုင်ဖို့ဆိုရင်အချိန် ၄ မိနစ် လောက်လိုအပ်တယ်လို့ သုတေသီတွေ က ဆိုပါတယ်။ ရေနဲ့ပိုးသတ်ဆေးပါတဲ့ လက်ဆေးဆပ်ပြာနဲ့အသေအချာ ဆေး ကြောတာကတော့ […]

သန့်စင်ခန်းသွားတိုင်း ဖုန်းယူသွားသူများလိပ်ခေါင်းဖြစ်နိုင်ခြေများ

အိမ်သာတက်ရင်းနဲ့ ဖုန်းလျှောက် ပွတ်နေရင် မျက်လုံးသာမက စအိုပါ ထိ ခိုက်နိုင်ပါတယ်လို့ ဆရာဝန်တစ်ယောက် က သတိပေးလိုက်ပါတယ်။ အိမ်သာ တက်တိုင်း ဖုန်းယူသွားရင် လိပ်ခေါင်း ဖြစ်နိုင်တယ်လို့ ဒေါက်တာ ဆာရာဂျာဗစ် က ပြောလိုက်တာပါ။ ဖုန်းသုံးလို့ ဒီလို ဖြစ်တာ မဟုတ်ပေမယ့် ဖုန်းသုံးရင်းနဲ့ ဖုန်းဆီစိတ်ရောက်ပြီး အိမ်သာမှာ အကြာ ကြီး ထိုင်မိနေတာကြောင့် ဒီလိုဖြစ်နိုင် တာပါ။ အလေးစွန့်ဖို့ ညှစ်ထုတ်နေရ တော့ စအိုဝက သွေးကြောတွေပေါ် ဒဏ် ပိပြီး လိပ်ခေါင်းဖြစ်သွားနိုင်တာပါ။ ]ဝမ်း ချုပ်တာ၊ ဝမ်းသွားရင်အတင်းညှစ်ထုတ်နေရတာတွေကြောင့် လိပ်ခေါင်းဖြစ်နိုင် တယ်။ ကိုယ်ဝန်ရှိနေတာ၊ နာတာရှည် ချောင်းဆိုးတာ၊ အသက်အရွယ်ကြီးရင့် တာတို့ကြောင့်လည်း လိပ်ခေါင်းဖြစ်နိုင် တယ်။ ဒါပေမဲ့ အိမ်သာမှာ ကြာသင့်တာ ထက် […]

ညအိပ်ရာဝင်ခါနီး ဒါတွေ မစားပါနဲ့

အိပ်ခါနီးမှ ဗိုက်ဆာတာ၊ ဗိုက်ဆာပြီး နိုးလာတာ ကို လူအတော်များများကြုံဖူးပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်မှုရအောင် ဒီအစားအစာတွေကိုရှောင်ပါ။ (၁) ဟင်းသီးဟင်းရွက် ဟင်းသီးဟင်းရွက်တွေဟာ ဗီတာမင်စုံစုံလင်လင် ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက် အကူပြုတဲ့စားစရာတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဘရိုကို လီ၊ ပန်းဂေါ်ဖီစတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ရေမှာ မပျော်ဝင်တဲ့အမျှင်ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ် က အစာခြေဖို့အတွက် အချိန်ကြာကြာလိုအပ်ပါတယ်။ ညအိပ်ရာဝင်ခါနီးစားမိမယ်ဆိုရင် ခန္ဓာကိုယ်က အစာ ချေစနစ်အလုပ်လုပ်နေရမှာဖြစ်လို့ အိပ်စက်တာကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ (၂) အနီရောင်အသား အနီရောင်အသားတွေဟာလည်း ပရိုတင်းဓာတ်အများအပြားပါဝင်တာမို့ ခန္ဓာကိုယ်အတွက်အစာခြေ ချိန်ကြာမြင့်စွာ အလုပ်လုပ်ရစေပါတယ်။ ဒါကြောင့် ကောင်းမွန်စွာအိပ်ပျော်စေဖို့ အိပ်ရာဝင်ခါနီး အနီရောင် အသားတွေ စားတာကိုလည်း ရှောင်ပါ။ (၃) အစပ်စာများ အစပ်စာတွေဟာ သင်ရဲ့ ခန္ဓာကိုယ် အပူချိန်ကို […]

ယောက်ျားပီသစေဖို့ဘယ်လိုအစားအစာတွေစားသုံးဖို့လိုလဲ

ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏက ယောက်ျားပီသမှုကိုဖြစ်စေတဲ့ အကြောင်းတွေထဲမှာ တစ်ချက် ပါဝင်ပါတယ်။ ဒီဟော်မုန်းပမာဏတက်စေဖို့ဆိုရင် အောက်ပါ အစားအစာတွေ စားသုံးဖို့လိုပါတယ်။ ၁။ ကန်စွန်းဥနှင့် အာလူး တက်စထရိုစတီရုန်းဟော်မုန်း ထုတ် လုပ်ဖို့ ကာဗိုဟိုက်ဒရိတ်ရရှိဖို့ လိုအပ်ပါ တယ်။ ကောက်နှံကွေကာတွေကနေ ကာဗိုဟိုက်ဒရိတ်ကို ရရှိနိုင်တယ်ဆိုပေ မယ့် ဂလူတန်နဲ့မတည့်တဲ့သူတွေမှာ ပြ ဿနာတချို့ရှိတတ်ပါတယ်။ ကန်စွန်းဥ၊ အာလူးတွေကနေရရှိတဲ့ ကာဗိုဟိုက်ဒ ရိတ်မှာ ဂလူတန် မပါဝင်တဲ့အပြင် တက် စထရိုစတီရုန်းထုတ်လုပ်ဖို့ လုံလောက်တဲ့ ကာဗိုဟိုက်ဒရိတ်ကို ရရှိနိုင်ပါတယ်။ ၂။ ကော်ဖီ ကော်ဖီသောက်သုံးတာက အာရုံ ကြောစနစ်ကို လှုံ့ဆော်ပေးလို့ တက်စထ ရိုစတီရုန်းထုတ်လုပ်မှုကို အားပေးပါ တယ်။ ကော်ဖီမှာ အင်တီအောက်ဆီး ဒင့်တွေလည်း များစွာပါဝင်လို့ မနက်စာ စားတိုင်းမှာ ကော်ဖီတစ်ခွက် သောက်ဖြစ် […]

စက်ဘီးစက်ဖြင့် စက်ဘီးစီးလေ့ကျင့်ခြင်းက ပါကင်ဆန်ရောဂါကို သက်သာစေ

နယ်သာလန်နိုင်ငံ Radboud တက္ကသိုလ်ဆေးရုံရဲ့လေ့လာမှုအရ စက် ဘီးစီးစက်နဲ့ စက်ဘီးစီးလေ့ကျင့်ပေးတာ က ပါကင်ဆန်ရောဂါကို သက်သာစေ တယ်လို့ ဆိုပါတယ်။ ပါကင်ဆန်ရောဂါခံ စားနေရသူတွေကို အုပ်စုနှစ်စုခွဲပြီး တစ် စုကို စက်ဘီးစက်တွေနဲ့ စက်ဘီးစီးလေ့ ကျင့်စေကာ ကျန်တစ်စုကို အကြော လျှော့လေ့ကျင့်ခန်းတွေပြုလုပ်စေကာ ခြောက်လကြာစစ်ဆေးလေ့လာမှုပြုလုပ် ခဲ့ကြတာပါ။ လေ့လာမှုအချိန်ကာလပြီး ဆုံးချိန်မှာ စက်ဘီးစက်နဲ့လေ့ကျင့်ခဲ့သူ တွေက အကြောလျှော့လေ့ကျင့်ခန်းတွေ ပြုလုပ်သူတွေထက် ပါကင်ဆန်ရောဂါ လက္ခဏာတွေ သိသိသာသာပိုပြီး လျော့ ပါးလာတာကို လေ့လာတွေ့ရှိခဲ့ကြတာ ပါလို့ သုတေသနဦးဆောင်သူဘက်စ်ဘ လိုရမ်က ဆိုပါတယ်။ ဆေးအကူအညီ လိုအပ်မှု နည်းပါးလာနိုင်ပြီး ပါကင်ဆန် ရောဂါခံစားရသူတွေဆီမှာ အဆုတ်နဲ့ နှလုံးရောဂါတွေဖြစ်ပွားလာနိုင်ခြေကို လည်း လျော့နည်းသက်သာစေတာကို တွေ့ရှိခဲ့တယ်လို့ သုတေသီဘက်စ်ဘ လိုရမ်က ဆိုပါတယ်။ စက်ဘီးစက်နဲ့လေ့ ကျင့်မှုတွေက […]

သွေးဆုံးပြီးသူများတွင် မကောင်းသည့်ကိုလက်စထရောများ မြင့်တက်နိုင်ခြေပိုများ

သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ မကောင်းတဲ့ကိုလက်စ ထရောပမာဏမြင့်တက်နိုင်ခြေပိုများတယ်လို့သိရပါတယ်။ သိပ် သည်းဆနည်းတဲ့ lipoproteins ပရိုတင်းက လူ့ခန္ဓာကိုယ်ထဲမှာ အဆီမော်လီကျူးတွေကို လျင်မြန်စွာသွားလာနိုင်အောင် အ ထောက်အကူပေးတာကြောင့် မကောင်းတဲ့ကိုလက်စထရော LDL ပမာဏမြင့်တက်နေသူတွေကို လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးဖို့နဲ့ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးကြဖို့ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းခဲ့ကြပါတယ်။ အမျိုးသမီးပေါင်း ၁၁၄၆၅၅ ဦးပါဝင်ခဲ့တဲ့ လေ့လာမှုပေါင်း ၆၆ ခုမှာ သွေးမဆုံးသေး သူ ၆၈၀၀၀ ဦးနဲ့သွေးဆုံးပြီးသူ ၄၆၂၆၁ ဦးတို့ပါဝင်ခဲ့ကြပါတယ်။ လေ့လာမှုအရ အဝလွန်ပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သွေး ဆုံးပြီးအမျိုးသမီးတွေမှာ LDL ပမာဏပိုများတာကို တွေ့ရှိခဲ့ရ တာဖြစ်တယ်လို့ သိရပါတယ်။ (AP,19.9.19) အေးယုနိုင်

ကလေးကိုမျက်လုံးချင်းဆုံကြည့်ပေးခြင်းဖြင့် ကလေး၏ဆက်သွယ်ပြောဆိုမှုစွမ်းရည် ပိုတိုးတက်စေ

မိဘတွေအနေနဲ့ သားသားမီးမီးလေးတွေကို မျက်လုံးချင်း ဆုံကြည့်ပေးတာက ကလေးရဲ့ဆက်သွယ်ပြောဆိုမှု စွမ်းရည်ကို ပိုမိုတိုးတက်စေတယ်လို့ ဗြိတိန်သုတေသီတွေက ဆိုပါတယ်။ ကလေးငယ်ရဲ့ အစောပိုင်းအသက်အရွယ်မှာ မိဘတွေအနေနဲ့ ကလေးကို မျက်လုံးချင်းဆုံကြည့်ရင်းစကားပြောဆိုပေးမယ်ဆိုရင် ကလေးအသက်တစ်နှစ်အရွယ်မှာ အသံရဲ့အဓိပ္ပာယ်တွေကို နား လည်မှတ်သားနိုင်စွမ်းရှိလာပြီး အသက်နှစ်နှစ်အရွယ်လောက် မှာ ဘာသာစကားစွမ်းရည်ပိုပြီးတိုးတက်လာတာကိုတွေ့ရတယ် လို့ သုတေသီတွေက ဆိုပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ဆက်သွယ်တဲ့ဘာသာစကားပုံစံမျိုးလိုပဲ မျက်လုံးချင်းဆုံကြည့်ပြီး မိဘ နဲ့ကလေးအကြား အချင်းချင်းသိလွယ်နားလည်လွယ်တဲ့ ဘာ သာစကားပံ့ပိုးမှုဖြစ်စေတာလို့ ရှယ်ဖီးတက္ကသိုလ်နဲ့ ဝါးဝစ်တက္က သိုလ်မှ သုတေသီတွေက ဆိုပါတယ်။ လေ့လာမှုမှာ အသက် ၁၁ လကနေ ၁၂ လကြားကလေးတွေနဲ့ မိဘတွေကြား အချင်း ချင်းနားလည်မှုစွမ်းအားကို လေ့လာခဲ့ကြပြီး ကလေးတွေအသက် ၂ နှစ်အရွယ်ရောက်တဲ့အခါ မျက်လုံးချင်းဆုံကြည့်ပေးရင်းစ ကားတွေပြောဆိုနေတဲ့ မိဘတွေရဲ့ကလေးတွေက တခြားသာမန် ကလေးတွေထက် စကားလုံးပေါင်း […]

နေ့လယ်နေ့ခင်းဘက်အိပ်လျှင် အသက်ရှည်ရေးအတွက် အထောက်အကူပြုနိုင်

နေ့လယ်နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်တတ်တဲ့လူ တွေနှလုံးဖောက်နိုင်ခြေ ဒါမှမဟုတ် လေဖြတ်နိုင်ခြေ ထက်ဝက် နည်းသွားနိုင်ပြီး အသက်ရှည်ရှည်နေရနိုင်တယ်လို့ လေ့လာ ချက်က ဆိုပါတယ်။ တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် တစ်ရေးတစ်မောအိပ်ပေးတဲ့လူတွေဟာ နေ့ခင်းဘက်မှာ လုံးဝမ အိပ်တဲ့လူတွေနဲ့ယှဉ်ရင် နှလုံးဖောက်နိုင်ခြေ၊ လေဖြတ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနီးပါး နည်းသွားနိုင်တာပါတဲ့။ ဒါပေမဲ့ တစ်ပတ် ကိုနှစ်ကြိမ်ထက်ပိုအိပ်ရင်နှလုံးကျန်းမာရေးအတွက် ဒီ့ထက်ပို ပြီး အကျိုးထူးမှာမဟုတ်ပါဘူးတဲ့။ အိပ်ရေးမ၀တဲ့အခါ သွေး ကြောတွေမာတောင့်သွားနိုင်ပြီး သွေးကြောကျဉ်းသွားနိုင်ပါ တယ်။ တစ်ညကို ရှစ်နာရီအိပ်ပေးမှ အဲဒီဘေးကဝေးမှာပါ။ နေ့ ခင်းဘက်အိပ်ပေးတော့ ညဘက်မှာရှစ်နာရီပြည့်အောင် မအိပ်ခဲ့ ရလည်း စုစုပေါင်းလိုက်ရင်ရှစ်နာရီပြည့်သွားမှာပါ။ ဆွစ်ဇာလန် သုတေသီအဖွဲ့က အသက် ၃၅ နှစ်ကနေ ၇၅ နှစ်ကြား လူပေါင်း ၃၄၀၀ ကို ပျမ်းမျှငါးနှစ်ကြာလိုက်လေ့လာပြီးမှ […]

ခြေထောက်ကြွက်တက်ခြင်းက နှလုံးရောဂါအစောပိုင်းလက္ခဏာဖြစ်နိုင်

ခြေထောက်ကြွက်တက်တာဟာ နှလုံးရောဂါရဲ့အစောပိုင်း လက္ခဏာဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုလိုက်ပါတယ်။ ကြွက်တက်တာဟာ peripheral artery disease (PAD) ရဲ့လက္ခဏာတစ်ခုဖြစ်တာကြောင့် နှလုံးနဲ့ဦးနှောက်ကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ PAD ရောဂါသည်တွေမှာ ခြေထောက် သွေးလွှတ်ကြောတွေမှာအနည်ထိုင်ကျန်နေတဲ့ အဆီတွေက ကြွက်သားတွေသာမက ဦးနှောက်နဲ့နှလုံးအထောက်အပံ့ပေး နေတဲ့သွေးလွှတ်ကြောတွေဆီ သွေးစီးဆင်းမှုကို ဟန့်တားလိုက် သလိုဖြစ်သွားပါတယ်။ ဒါကြောင့် PAD ရောဂါသည်တွေဟာ ရုတ်တရက်နှလုံးရပ်သေဆုံးနိုင်ခြေများပါတယ်။ အစောပိုင်းမှာ အမျိုးသားတွေအများဆုံးဖြစ်လေ့ရှိတယ်လို့ထင်ခဲ့ကြပေမယ့် နောက်ပိုင်းလေ့လာမှုတွေအရ အမျိုးသမီးတွေမှာ အများဆုံး မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အသက်အ ရွယ်ကြီးသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ သွေးတိုးရှိသူတွေ၊ ကိုလက်စထရောများသူတွေနဲ့ဆီးချိုရောဂါသည်တွေမှာ ပိုဖြစ် နိုင်တယ်လို့ သုတေသီတွေက ဆိုခဲ့ကြပါတယ်။ (AP,12.9.19) အေးယုနိုင်

ဝမ်းဗိုက်ခွဲစိတ်ထားသူများ ပီကေဝါးပေးခြင်းဖြင့် လျင်မြန်စွာသက်သာနိုင်

ဝမ်းဗိုက်ပိုင်းခွဲစိတ်မှုပြုလုပ်ထားရသူတွေအနေနဲ့ ပီကေ စားပေးမယ်ဆိုရင် မြန်မြန်ဆန်ဆန်သက်သာလာနိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။ ဆန်တာဘာဘရာကော့တေ့ဂ်ျ ဆေးရုံမှသုတေသီတွေရဲ့လေ့လာမှုအရ အူမှာခွဲစိတ်ဖြတ် တောက်မှုခံယူထားရတဲ့ လူနာ ၃၄ ဦးမှာလေ့လာခဲ့တာဖြစ်ပြီး ပီ ကေဝါးပေးတာက အူရဲ့လုပ်ဆောင်ချက်တွေအချိန်တိုတွင်း ပြန် လည်မှန်ကန်လာစေပြီး မြန်မြန်သက်သာလာတာကို တွေ့ရှိခဲ့ တာဖြစ်ပါတယ်။ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုတွေတိုင်းမှာ အူရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အနှောင့်အယှက်ဖြစ်စေပြီး တစ်ခါ တစ်ရံမှာ လှုပ်ရှားလုပ်ဆောင်မှုရပ်ဆိုင်းတဲ့အထိ ဖြစ်ရတတ်ပါ တယ်။ ကူးစက်ပိုးဝင်နိုင်ခြေလည်း မြင့်မားလာတတ်ပါတယ်။ လေ့လာမှုမှာ လူနာဦးရေထက်ဝက်မျှလောက်က ခွဲစိတ်မှုခံယူခဲ့ ပြီးချိန်မှာ သကြားမပါတဲ့ပီကေကို တစ်နေ့သုံးကြိမ်ဝါးခဲ့ကြရပြီး အူရဲ့လှုပ်ရှားမှုတွေ မြန်မြန်ဆန်ဆန်ပဲပုံမှန်ပြန်ဖြစ်လာပြီး ဝမ်းပုံ မှန်သွားနိုင်တာကို လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်မှုပြီး တဲ့နောက် ပီကေဝါးခဲ့တဲ့လူနာတွေက ဆေးရုံမှာနေရတဲ့ ရက် လည်း ပိုတိုတောင်းခဲ့ပြီး သာမန်ဝမ်းဗိုက်ဆိုင်ရာခွဲစိတ်လူနာ တွေက ဆေးရုံမှာ ၆ ရက်ကနေ […]