လေ့ကျင့်ခန်းလုပ်အပြီး အရက်သောက်ခြင်းက ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်နိုင်

အားကစားသမားတွေဟာ ပြိုင်ပွဲပြီးတဲ့နောက်မှာ အောင်ပွဲ ခံတဲ့အနေနဲ့ ရှန်ပိန်ပုလင်းဖောက်ပြီးအရက်သောက်လေ့ရှိကာ ဒီလိုအပြင်းအထန်လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အရက် သောက်တာဟာ ခန္ဓာကိုယ်ကို ပိုမိုဆိုးကျိုးဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။ အပြင်းအထန် လှုပ် ရှားမှုပြုလုပ်ပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာ တွေကို ပြန်လည်နေရာတကျဖြစ်အောင် ကြိုးပမ်းနေရပါတယ်။ အဲဒီလိုအချိန်မှာမှ အရက်သောက်မယ်ဆိုရင် ပြန်လည်လုပ် ဆောင်မယ့်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေကို ထိခိုက်မှုရှိနိုင်ပါတယ်။ ပြေးခြင်း၊ ခုန်ခြင်းတို့လို ပြင်းထန်စွာလှုပ်ရှားရတဲ့လုပ်ဆောင် မှုတွေက ယာယီကြွက်သားပျက်စီးမှုနဲ့ရောင်ရမ်းမှုတွေကို ဖြစ် ပေါ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်က ကြာမြင့်မယ်ဆိုရင် ကြွက်သားတွေထဲမှာ စွမ်းအင်အတွက် သိုလှောင်ထားတဲ့ ဂလိုင် ကိုဂျင်ကလည်း ကုန်ခန်းလာတတ်ပါတယ်။ အားကစား သမားတွေဟာ ပြင်းထန်စွာလှုပ်ရှားပြီးရင် ရက်ပေါင်းများစွာ ကြာအောင် စွမ်းအားနဲ့ခံနိုင်ရည်တွေ ကျဆင်းနေတတ်ပါတယ်။ ဒါပေမဲ့ အာဟာရဓာတ်နဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေး ခြင်းအားဖြင့် ပုံမှန်ပြန်ဖြစ်လာစေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအ […]

နေ့စဉ် အခွံမာသီးလက်တစ်ဆုပ်စာ စားသုံးပါက အမျိုးသားများ၏ မျိုးပွားစွမ်းရည် ကောင်းမွန်နိုင်

တစ်ရက်လျှင် အခွံမာသီးလက်တစ် ဆုပ်စာကို တစ်နှစ်တိတိစားသုံးပေးပါက အမျိုးသားတွေရဲ့သုက်လွှတ်မှုနှုန်းက မြင့်တက်လာနိုင်တယ်လို့ စပိန်တက္ကသိုလ်တစ်ခုရဲ့သုတေသနသစ်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ အခွံမာသီးက သုက် ပိုးရဲ့လှုပ်ရှားမှု၊ပုံသဏ္ဌာန်နဲ့စွမ်းအင်ပမာ ဏကိုလည်း မြင့်တက်စေနိုင်တာကြောင့် အမျိုးသားတွေရဲ့မျိုးပွားစွမ်းရည်ကို ကောင်းမွန်စေပြီး ကလေးရနိုင်ခြေများ အောင်လုပ်ဆောင်ပေးပါတယ်။ အခွံမာ သီးတွေက အိုမီဂါ-၃ အက်စစ်နဲ့ anti- oxidants  ကြွယ်ဝစွာပါဝင်တာကြောင့် သုက်ပိုးအတွက်အကျိုးရှိစေတယ်လို့ လူ သိများပါတယ်။ စပိန်သုတေသီတွေက ကျန်းမာသန်စွမ်းတဲ့လူငယ် ၁၁၉ ယောက် ကို တစ်နှစ်ကြာအောင် တစ်နေ့ကို အခွံ မာသီးလက်တစ်ဆုပ်စာကျွေးပြီး လေ့ လာစောင့်ကြည့်ခဲ့ရာမှာ သုက်ပိုးအရေ အတွက်က ၁၆ ရာခိုင်နှုန်းမြင့်တက်လာ တာကိုမြင်တွေ့ခဲ့ကြရပါတယ်။ သုက်ပိုး တွေရဲ့လှုပ်ရှားမှုက ၆ ရာခိုင်နှုန်းပို ကောင်းလာသလို သုက်ပိုးတွေရဲ့စွမ်းအင် ကလည်း ၄ ရာခိုင်နှုန်းလောက် မြင့်တက် လာခဲ့ပါတယ်။ ◘ […]

ကိုယ်ဝန်ဆောင်ချိန်တွင် ဖောလစ်အက်စစ် သောက်သုံးပေးပါက ကလေးကို အော်တစ်ဇင်မဖြစ်ရန် ကာကွယ်ပေးနိုင်

ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ် အက်စစ်ပါတဲ့ အစားအစာ ဒါမှမဟုတ် ဖြည့်စွက်ဆေးဝါးသောက်သုံးပေးရင် မွေးလာတဲ့က လေး စိတ်ကျန်းမာရေးချို့တဲ့နိုင်ခြေနည်းပါသတဲ့။ အမေရိကန် ကျန်းမာရေးဌာနဟာ ဂျုံအပါအ၀င် နှံစားသီးနှံတွေကို ဖောလစ် အက်စစ်ဖြည့်တင်းပေးလိုက်ပြီး အဲဒီလုပ်ငန်းစဉ်ဟာ ၁၉၉၈ ခု နှစ် ဇူလိုင်လမှာ ပြီးသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမွေးလာတဲ့ ကလေးတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ သူတို့တွေဟာ မွေးရာပါ ကျောရိုးအမြှေးကျွံရောဂါဖြစ်နိုင်ခြေနည်းတာ တွေ့ရ ပါသတဲ့။ အဲဒီဗီတာမင်ဟာ အော်တစ်ဇင်နဲ့ စိတ်ကစဥ့်ကလျား ရောဂါအပါအ၀င် စိတ်ကျန်းမာရေးချို့ယွင်းမှုတွေ မဖြစ်အောင် လည်း ကာကွယ်ပေးနိုင်သေးတယ်လို့ သုတေသနတွေက ဆိုပါ တယ်။ စီမံချက်ကာလနောက်ပိုင်း မွေးတဲ့ကလေးတွေဟာ သန္ဓေ သားဘ၀မှာ ဦးနှောက်ဖွံ့ဖြိုးမှု အားကောင်းခဲ့ကြတယ်လို့ သုတေ သီတွေက ဆိုပါတယ်။ ကလေးမွေးနိုင်တဲ့အရွယ် အမျိုးသမီးတွေ အခုလေ့လာချက်ရလဒ်ကြောင့် ဖောလစ်အက်စစ်ကို မဖြစ်မ နေ […]

ကလေးမရနိုင်သည့်အမျိုးသားများ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ သုံးဆများ

ကလေးမရနိုင်တဲ့ အမျိုးသားတွေဟာ ပြင်းထန်တဲ့ဆီး ကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါသတဲ့။ သဘာဝနည်းနဲ့ ဖြစ် စေ၊ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ဖြစ်စေ ကလေးမရနိုင်တဲ့ အမျိုးသားတွေဟာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၄၇ ရာခိုင်နှုန်းပိုများပြီး အသက် ၅၀ အောက် အမျိုးသားတွေဟာဆိုရင်တော့ အဲဒီကင်ဆာ ဖြစ်နိုင်ခြေ သုံးဆ အထိ ပိုများနေနိုင်တာပါ။ ဆီးကျိတ်ကင်ဆာဖြစ်မှန်း လူက မသိ ပေမယ့် အဲဒီကင်ဆာကြောင့် မျိုးမအောင်နိုင်တာမျိုး ဖြစ်နိုင် ပါတယ်။ ကျားဟော်မုန်းပမာဏ နည်းတာကလည်း မျိုးမအောင် စေနိုင်၊ ဆီးကျိတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အသက် ၅၀ အောက်ကလေးအဖေတွေမှာဆိုရင်တော့ အယောက် ၁၀၀၀ တိုင်း မှာ တစ်ယောက်ပဲ ဒီကင်ဆာဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ၃၅ ရာခိုင်နှုန်းလောက်က မျိုးအောင်နိုင်ခြေနည်းပြီး နှစ်ရာခိုင် […]

ကြက်ဥ တစ်နေ့တစ်လုံးစားပေးခြင်းက နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကို လျော့နည်းစေ

ကြက်ဥကို တစ်နေ့တစ်လုံးပုံမှန် စားသုံးပေးတာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကိုလျော့နည်းစေနိုင် တယ်လို့ လေ့လာမှုအရသိရပါတယ်။ ပီကင်းကျန်းမာရေးတက္ကသိုလ်နဲ့အောက် စဖို့ဒ်တက္ကသိုလ်က သုတေသီတွေပူး ပေါင်းလေ့လာခဲ့ကြတာမှာ ကြက်ဥကို တစ်နေ့တစ်လုံးပုံမှန်စားသုံးသူတွေက ကြက်ဥစားလေ့မရှိသူတွေထက် နှလုံး ရောဂါနဲ့ လေဖြတ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း ပိုမိုလျော့နည်းစေတာကို လေ့လာတွေ့ရှိ ခဲ့ကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံက အသက် ၃၀ ကနေ ၇၉ နှစ်ကြား လူ ၄၀၀၀၀၀ ကျော်ရဲ့ နေ့စဉ်စားသုံးမှုပုံစံကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ အနက် ကြက်ဥ တစ်နေ့တစ်လုံး ပုံမှန် စားသုံးသူတွေမှာ လေဖြတ်နိုင်ခြေ ၂၆ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပြီး ရုတ် တရက် လေဖြတ်သေဆုံးနိုင်ခြေ ၂၈ ရာခိုင်နှုန်း လျော့နည်းစေခဲ့ကာ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါကြောင့် သေ ဆုံးနိုင်ခြေ ၁၈ ရာခိုင်နှုန်းပိုမိုနည်းပါးစေခဲ့တယ်လို့ […]

အစားလျှော့စားသည့်မိန်းကလေးများ အရက်အလွန်အကျွံသောက်နိုင်ခြေများ

အစားလျှော့စားနေတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ဟာ ပါတီတွေသွားပြီး အရက်၊ ဆေးလိပ်အလွန်အကျွံ သောက် နိုင်ခြေ များတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ၀ိတ်ချဖို့ ကြိုးစားရင် အစားရှောင်တာအပါအ၀င် ကျန်းမာရေးအတွက် မကောင်းတဲ့တခြားအပြုအမူတွေပါ လုပ်မိသွားနိုင်တယ်လို့ လေ့လာချက်က ဆိုပါတယ်။ ကနေဒါက အထက်တန်းကျောင်းသူ ၃၃၀၀ ကျော်ကို လေ့လာအပြီးမှာမှ သုတေသီတွေက အခုလို ကောက်ချက်ဆွဲခဲ့တာဖြစ်ပါတယ်။ အစားရှောင်တာနဲ့ တခြား ကျန်းမာရေးထိခိုက်စေတဲ့အပြုအမူတွေကို လုပ်တာဟာ ကိုယ့် ခန္ဓာကိုယ်ကို စိတ်တိုင်းမကျတာအပါအ၀င် တခြားအကြောင်း တွေနဲ့လည်း ဆက်စပ်နေနိုင်တယ်လို့ ခေါင်းဆောင်သုတေသီက ဆို ပါတယ်။ မိန်းကလေးတွေထဲမှာ ၇၀ ရာခိုင်နှုန်းက ၀ိတ်ချတဲ့ အနေနဲ့ အစားရှောင်နေကြတယ်ဆိုတော့ ကျန်းမာရေးနဲ့မညီ ညွတ်တဲ့အပြုအမူတွေ ဘယ်လောက်တောင်လုပ်မိမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ အစားမမှန်တာတွေဖြစ်လာနိုင်တဲ့အ တွက် မိန်းကလေးငယ်လေးတွေကို ၀ိတ်လျှော့ဖို့ ဖိအားမပေး […]

တစ်နေ့သရက်သီးတစ်လုံး ပုံမှန်စားပေးခြင်းက ကျန်းမာရေးကောင်းစေ

သရက်သီးကို တစ်နေ့တစ်လုံးပုံမှန်စားပေးတာကြောင့် ကျန်းမာရေး ကောင်းစေတယ်လို့သိရပါတယ်။ သရက်သီးမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပြီး အစာချေဖျက်မှု ဆိုင်ရာပြဿနာတွေကို သက်သာစေပါတယ်။ သရက်သီးမှာ အမျှင်ဓာတ်တွေပေါများ ကြွယ်ဝတဲ့အပြင် ပိုလီဖီနောလ်လို့ဆို တဲ့အာဟာရတွေလည်းပါရှိပြီး ၀မ်းချုပ်တာနဲ့ အူရောင်ရမ်းမှု တွေကို ထိရောက်စွာသက်သာစေပါတယ်။ အရွယ်ရောက်ပြီး သူငါးဦးမှာတစ်ဦးက ကာလရှည်ကြာအစာချေဖျက်မှုမမှန်တဲ့အခြေအနေမျိုးကိုခံစားနေရပြီး သရက်သီးက ဒီအခြေအနေတွေ ကို သက်သာစေမှာဖြစ်တယ်လို့ တက္ကဆက်တက္ကသိုလ်မှ ပါမောက္ခဆူဆန်မာတင်တယ်ကော့က ဆိုပါတယ်။ တစ်လကြာ မြင့်တဲ့လေ့လာမှုမှာ ၀မ်းချုပ်လေ့ရှိသူ အမျိုးသား၊ အမျိုးသမီး ၃၆ ဦးကို အုပ်စုနှစ်စုခွဲပြီးတစ်စုကို နေ့စဉ်သရက်သီးတစ်လုံး စားသုံးစေခဲ့ပြီး ကျန်တစ်စုကိုတော့ ဖိုင်ဘာဖြည့်စွက်ဆေးသုံး ဆောင်စေခဲ့ပါတယ်။ အုပ်စုနှစ်စုလုံးမှာ ၀မ်းချုပ်မှုသက်သာလာ ပေမယ့် သရက်သီးစားသုံးသူတွေမှာ ၀မ်းချုပ်ဝေဒနာကို လျင် မြန်စွာသက်သာစေခဲ့တာကို လေ့လာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သရက်သီးက အူတွင်းအကျိုးပြုဘက်တီးရီးယားကို ဖြစ်ပေါ်စေ ပြီး ရောင်ရမ်းမှုတွေကိုပါ လျော့ကျစေခဲ့တယ်လို့ […]

ပလတ်စတစ်ဘူးများနှင့် မိုက်ခရိုဝေ့ဗ်ထဲ ထည့်နွှေးစားခြင်းကြောင့် မျိုးပွားမှု ထိခိုက်စေပြီး ဆီးချိုနှင့်ကင်ဆာရောဂါများ ဖြစ်နိုင်ခြေ မြင့်မား

မိုက်ခရိုဝေ့ဗ်ထဲ ပလတ်စတစ်ဘူး များနှင့်ထည့်နွေးစားတာက မျိုးပွားမှုကို ထိခိုက်စေနိုင်ပြီး ဆီးချိုနှင့်ကင်ဆာရော ဂါတွေဖြစ်နိုင်ခြေ မြင့်မားစေတယ်လို့ လေ့လာချက်အရသိရပါတယ်။ မိုက်ခရို ဝေ့ဗ်မှာ ပလတ်စတစ်တွေကို အပူပေး တဲ့အခါဓာတုထွက်ရှိမှု ၉၅ ရာခိုင်နှုန်းရှိပြီး BPA ကဲ့သို့ ပြင်းထန်တဲ့ဓာတုအဆိပ် တွေက စားသုံးသူရဲ့သွေးလည်ပတ်မှု စနစ်ထဲရောက်ရှိသွားပြီး မျိုးအောင်နိုင် ခြေကျဆင်းစေတာ၊ ဟော်မုန်းပြောင်းလဲ တာနဲ့ ကင်ဆာအမျိုးမျိုးကိုဖြစ်စေတာ လို့ အိန်္ဒိယနိုင်ငံ နယူးဒေလီမြို့ အင်ဒီး ယား IVF ဆေးရုံက ဒေါက်တာနီတာရှာ ဂပ်ပတာက ပြောကြားခဲ့ပါတယ်။ ပလတ် စတစ်မှာပါတဲ့ ဓာတုတွေက မိုက်ခရိုဝေ့ဗ်ထဲ ထည့်နွှေးတဲ့အခါမှာ အစားအစာထဲကို စိမ့်ဝင်ပျံ့နှံ့ရောက်ရှိသွားပြီး မျိုးပွားစနစ် နဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်စေတဲ့အပြင် ကင်ဆာရောဂါတွေ ကိုပါဖြစ်စေနိုင်တယ်လို့ ဒေါက်တာနီတာ ရှာက ဆိုပါတယ်။ ဖန်ထည်နဲ့ ကြွေထည် […]

ခြေထောက်လေ့ကျင့်ခန်းများက ဦးနှောက်နှင့်အာရုံကြောစနစ် ကျန်းမာရေးအတွက် အထောက်အကူဖြစ်

ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ကျန်းမာရေးအတွက် လေ့ လာမှုတွေပြုလုပ်ခဲ့ရာမှာ ခြေထောက်လေ့ကျင့်ခန်းတွေကလည်း အကျိုးပြုစေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ မီလာနိုတက်္ကသိုလ်က ဒေါက်တာရာဖယ်လာအဒါမီဦးဆောင်တဲ့ သုတေသနအဖွဲ့ရဲ့လေ့လာချက်အရ ခြေထောက်လှုပ်ရှားမှု တွေ၊ ခြေထောက်လေ့ကျင့်ခန်းတွေ ပြုလုပ်သူတွေမှာ ဦးနှောက် နဲ့ အာရုံကြောစနစ်ကျန်းမာရေးအတွက် အကျိုးပြုပြီး အိပ်ရာ ပေါ်ကာလကြာလဲလျောင်းနေရတဲ့လူနာတွေ၊ ခရီးဝေးသွားသူ တွေနဲ့ အာကာသယာဉ်မှူးတွေမှာ ခြေထောက်ပိုင်းလှုပ်ရှားမှုနဲ့ လေ့ကျင့်မှုတွေနည်းပါးလာတာကြောင့် ကြွက်သားထုလျော့နည်း လာရုံမျှမက ခန္ဓာကိုယ်တွင်းဓာတုပြောင်းလဲမှုကြောင့် ဦးနှောက် နဲ့အာရုံကြောမှာပါ ထိခိုက်မှုဖြစ်လာစေတယ်လို့ သိရပါတယ်။ ခြေ ထောက်လေ့ကျင့်ခန်းပြုလုပ်ဖြစ်စေဖို့အတွက် လမ်းလျှောက်တာ၊ ပြေးတာ၊ လှေကားအတက်အဆင်းလုပ်ပေးတာတွေပြုလုပ်ပေး နိုင်ပြီး ဒီလေ့ကျင့်ခန်းတွေကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုသွက်လက် ကျန်းမာစေရုံမျှမက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုပါ ကျန်း မာစေတယ်လို့ ဒေါက်တာရာဖယ်လာက ပြောသွားခဲ့ပါတယ်။ ◘ (DM, 7.6.18) သံသာ

အသက် ၃၀ မတိုင်မီ နားကြပ်ဖြင့်သီချင်းကျယ်လောင်စွာနားထောင်သူများ အသက် ၅၀ ကျော်လျှင် နားထိုင်းနိုင်ခြေ များ

အသက် ၃၀ မတိုင်မီမှာ နားကြပ်နဲ့သီချင်းကျယ်လောင် စွာနားထောင်တတ်သူတွေဟာ အသက် ၅၀ ကျော်ရင် နားထိုင်း နိုင်ခြေများတယ်လို့ Central Middlesex Hospital  ရဲ့ နားအထူးကုရိုစဘင်ဆေ့ခ်ျက ဆိုလိုက်ပါတယ်။ ဖျော်ဖြေပွဲတွေ၊ နိုက်ကလပ်တွေမှာ ၁၀၀ ဒယ်ဆီဘယ်ကျော်တဲ့အသံတွေကို နားထောင်လေ့ရှိတဲ့လူငယ်တွေအနေနဲ့လည်း အသက်ကြီးလာ တဲ့အခါ အကြားအာရုံချို့ယွင်းနိုင်ခြေများပြီးတော့ ဒီလိုဆူ ညံမှုကို အနည်းဆုံး ၁၅ မိနစ်ခန့်သာနားထောင်သင့်ပါတယ်။အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်းလူငယ်တွေဟာ နားကြပ် နဲ့ သီချင်းကိုကျယ်လောင်စွာနားထောင်လေ့ရှိကြပြီးတော့ ၄၀ ရာခိုင်နှုန်းလောက်က ဒီလိုနားထောင်ခြင်းဟာ အကြားအာရုံကို ထိခိုက်စေနိုင်မှန်းမသိကြပါဘူး။ ရိုစဘင်ဆေ့ခ်ျကတော့ အသံ ပိုင်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေမှာ သတိပေးချက်တွေထည့်သွင်းရေးသားကြဖို့နဲ့အရည်အသွေးကောင်းတဲ့အသံပိုင်းဆိုင် ရာပစ္စည်းတွေကိုသာ အသုံးပြုကြဖို့ အကြံပြုခဲ့ပါတယ်။ ◘ (DM, 7.6.18) အေးယုနိုင်