သွားဖုံးရောဂါကြောင့် သွေးပေါင်ချိန်မြင့်တက်စေနိုင်ဟု ဆို

သွားဖုံးရောဂါကြောင့် သွေးပေါင်ချိန်မြင့်တက်နိုင်တယ် လို့ သုတေသနသစ်တစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။ ဗြိတိန်သိပ္ပံ ပညာရှင်တွေက လူပေါင်း ၂၅၀၀၀၀ ကျော်ပါဝင်တဲ့လေ့လာမှု ပေါင်း ၈၁ ခုကို လေ့လာဆန်းစစ်ခဲ့ကြတာဖြစ်ပါတယ်။ သာမန် သွားဖုံးရောဂါရှိသူတွေမှာ သွေးပေါင်ချိန်မြင့်တက်နိုင်ခြေက ၂၂ ရာခိုင်နှုန်းဖြစ်ပြီး ရောဂါပြင်းထန်တယ်ဆိုရင်တော့ ၄၉ ရာခိုင် နှုန်းဖြစ်ပါတယ်။University College London’s Eastman Dental Institute ရဲ့ ဒေါက်တာ Francesco D’Aiuto က ]ခံတွင်းကျန်းမာရေးက တစ်ကိုယ်လုံးရဲ့ယေဘုယျကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ လူအများစုက သွားနဲ့သွားဖုံးကျန်းမာရေး ကို လျစ်လျူရှုထားတတ်ကြပါတယ်။ တစ်ကိုယ်လုံးရဲ့ယေဘု ယျကျန်းမာရေးအတွက် ဒီလိုမလုပ်သင့်ပါဘူး}လို့ ဆိုခဲ့ပါတယ်။ သွားဖုံးရောဂါရှိသူတွေမှာ သာမန်လူတွေထက်စာရင် အပေါ် သွေး 4.5 mm Hg ပိုများပြီး အောက်သွေးက 2 mm […]

တီဗီ အလွန်အကျွံကြည့်၊ ဂိမ်း အလွန်အကျွံဆော့ပါက ကလေးများစာညံ့နိုင်

တီဗီအလွန်အကျွံကြည့်၊ ဗီဒီယိုဂိမ်း အလွန်အကျွံဆော့ တဲ့ကလေးတွေ ကျောင်းစာညံ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါပြီ။ ကမ္ဘာတစ်လွှားက ကလေးပေါင်း ငါးသိန်းကျော် ရဲ့အကျင့်တွေကို အသေးစိတ်လေ့လာအပြီးမှာမှ ပညာရှင်တွေ က အခုလိုပြောလိုက်တာပါ။ အားလပ်ချိန်တိုင်းလိုလိုမှာ တီဗီ ချည်းပဲကြည့်၊ ဗီဒီယိုဂိမ်းချည်းပဲ ကြည့်နေတဲ့ကလေးတွေဟာ ကျောင်းမှာ အဆင့်မကောင်းကြပါဘူးတဲ့။ ကလေးတွေရဲ့ စိတ် ကျန်းမာရေးယိုယွင်းမသွားစေဖို့အတွက် ကလေးတွေ တီဗီ၊ ကွန် ပျူတာ၊ ဖုန်းသုံးတဲ့အချိန်ကို ကန့်သတ်ဖို့ ယူကေအစိုးရကလုပ်နေ ချိန်မှာ အခုလေ့လာချက်ထွက်လာတာပါ။ နိုင်ငံပေါင်း ၂၃ နိုင်ငံက အသက် ၁၈ နှစ်အောက် ကလေးပေါင်း ၄၈၀၀၀၀ ကို လေ့လာထားတဲ့လေ့လာချက်ပေါင်း ၅၈ ခုကို ပညာရှင်တွေက ပြန်ပြီးအသေးစိတ်လေ့လာတာပါ။ တီဗီ၊ ကွန်ပျူတာ၊ ဖုန်းသုံး တဲ့အချိန်နဲ့ ကျောင်းမှာရတဲ့အဆင့်တွေကို နှိုင်းယှဉ်ထားတဲ့ လေ့ […]

ကြက်သွန်နီ၊ ကြက်သွန်ဖြူ ပုံမှန်စားပေးခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ခြေနည်း

ကြက်သွန်နီ ကြက်သွန်ဖြူတွေကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ရင်သားကင် ဆာဖြစ်နိုင်ခြေနည်းစေတယ်လို့ အမေရိ ကန်နဲ့ ပူအာတိုရီကိုက သိပ္ပံသုတေသီ တွေက ဆိုပါတယ်။ ကြက်သွန်နီ၊ ကြက် သွန်ဖြူတွေကို အစိမ်းအတိုင်းစားပေး တာ၊ ဟင်းတွေမှာ ထည့်ချက်ပြီး စားသုံး တာမျိုးတွေကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းစေ တယ်လို့ လေ့လာမှုမှာ ဖော်ပြထားခဲ့ပါ တယ်။ အသက် ၃၀ ကနေ ၇၉ နှစ်ကြား အမျိုးသမီး ၆၀၀ ကျော်နဲ့ လေ့လာခဲ့တာ ဖြစ်ပြီး ဒီထဲက ၄၇ ရာခိုင်နှုန်းသောအမျိုး သမီးတွေက ကင်ဆာကုသမှုခံယူနေရသူ တွေလည်း ပါရှိပါတယ်။ သုတေသီတွေ က ဒီအမျိုးသမီးတွေကို စားသောက် နေ ထိုင်မှုပုံစံတွေအကြောင်း အထူးမေးခွန်း တွေဖြေဆိုစေခဲ့ကာ ဆန်းစစ်လေ့လာခဲ့ ကြတာဖြစ်ပါတယ်။ ဖြေဆိုမှုတွေအရ ကြက်သွန်နီ၊ […]

ကိုယ်ဝန်ဆောင်စဉ်ဆေးလိပ်သောက်ခြင်းကြောင့် ကလေး၏မျိုးပွားကျန်းမာရေးကို ထိခိုက်စေနိုင်

အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာဆေးလိပ် သောက်တာကြောင့် မွေးဖွားလာမယ့်သမီးငယ်လေးရဲ့အနာ ဂတ်မှာ ကလေးရနိုင်ခြေကို ထိခိုက်စေနိုင်တယ်လို့ သုတေသန သစ်တစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဆေးလိပ်သောက်တဲ့မိခင်ကနေ မွေးဖွားလာတဲ့ကလေးငယ်မှာ အtestosterone ဟော်မုန်းပမာဏမြင့်တက်မှုကြောင့် ကလေး ရဲ့ဟော်မုန်းနဲ့မျိုးပွားလုပ်ငန်းဆောင်တာကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ စီးကရက်က ဟော်မုန်းထုတ်လုပ်မှုကို အနှောင့်အ ယှက်ပေးတတ်တာကြောင့် မွေးဖွားလာမယ့်ကလေးငယ်မှာ ရေရှည်ဟော်မုန်းနဲ့မျိုးပွားလုပ်ငန်းဆိုင်ရာပြဿနာတွေရှိလာနိုင်တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာမ ကောင်းမှန်းသိကြပေမယ့် သောက်သုံးနေဆဲအမျိုးသမီးတွေရှိ နေတုန်းပဲဖြစ်တယ်လို့ သိရပါတယ်။ (AP,26.9.19) အေးယုနိုင်

ရေမလိုလက်သန့်ဆေးရည်များက တုပ်ကွေးကူးစက်မှုကို မကာကွယ်နိုင်

ရေမလိုလက်သန့်ဆေးရည်တွေက ပြင်းထန်အသက်ရှူလမ်းကြောင်းကူး စက်ရောဂါတွေနဲ့ တုပ်ကွေးကူးစက်မှုတွေ ကို ထိရောက်စွာကာကွယ်မပေးနိုင်ဘူးလို့ ဂျပန်နိုင်ငံ ကျိုတိုဆေးတက္ကသိုလ်က လေ့လာမှုမှာ ဆိုထားခဲ့ပါတယ်။ တုပ် ကွေးမိနေသူတွေဆီက ချွဲသလိပ်ကို စု ဆောင်းယူထားပြီး လေ့လာမှုအတွက် ပူး ပေါင်းကူညီပေးတဲ့ စေတနာ့ဝန်ထမ်း ၁၀ ဦးရဲ့ လက်ချောင်းထိပ်တွေမှာ ထားပြီးတဲ့ နောက် ရေမလိုလက်သန့်ဆေးရည်နဲ့ ပွတ်ဆေးစေခဲ့ပါတယ်။ အသေးစိတ်လေ့ လာမှုတွေမှာ ရေမလိုလက်သန့်ဆေးရည် ရဲ့အယ်လ်ကိုဟောက တုပ်ကွေးဗိုင်းရပ်စ် တွေကို မသေစေနိုင်တာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရေမလိုလက်သန့်ဆေးရည် မှာပါတဲ့ ပိုးသတ်ဆေးက လက်ချောင်း ထိပ်တွေမှာ ၂ မိနစ်ကြာမျှသာရှိနေနိုင်ခဲ့ တာဖြစ်ပြီး ဗိုင်းရပ်စ်တွေကို အပြည့်အဝသုတ်သင်နိုင်ဖို့ဆိုရင်အချိန် ၄ မိနစ် လောက်လိုအပ်တယ်လို့ သုတေသီတွေ က ဆိုပါတယ်။ ရေနဲ့ပိုးသတ်ဆေးပါတဲ့ လက်ဆေးဆပ်ပြာနဲ့အသေအချာ ဆေး ကြောတာကတော့ […]

သန့်စင်ခန်းသွားတိုင်း ဖုန်းယူသွားသူများလိပ်ခေါင်းဖြစ်နိုင်ခြေများ

အိမ်သာတက်ရင်းနဲ့ ဖုန်းလျှောက် ပွတ်နေရင် မျက်လုံးသာမက စအိုပါ ထိ ခိုက်နိုင်ပါတယ်လို့ ဆရာဝန်တစ်ယောက် က သတိပေးလိုက်ပါတယ်။ အိမ်သာ တက်တိုင်း ဖုန်းယူသွားရင် လိပ်ခေါင်း ဖြစ်နိုင်တယ်လို့ ဒေါက်တာ ဆာရာဂျာဗစ် က ပြောလိုက်တာပါ။ ဖုန်းသုံးလို့ ဒီလို ဖြစ်တာ မဟုတ်ပေမယ့် ဖုန်းသုံးရင်းနဲ့ ဖုန်းဆီစိတ်ရောက်ပြီး အိမ်သာမှာ အကြာ ကြီး ထိုင်မိနေတာကြောင့် ဒီလိုဖြစ်နိုင် တာပါ။ အလေးစွန့်ဖို့ ညှစ်ထုတ်နေရ တော့ စအိုဝက သွေးကြောတွေပေါ် ဒဏ် ပိပြီး လိပ်ခေါင်းဖြစ်သွားနိုင်တာပါ။ ]ဝမ်း ချုပ်တာ၊ ဝမ်းသွားရင်အတင်းညှစ်ထုတ်နေရတာတွေကြောင့် လိပ်ခေါင်းဖြစ်နိုင် တယ်။ ကိုယ်ဝန်ရှိနေတာ၊ နာတာရှည် ချောင်းဆိုးတာ၊ အသက်အရွယ်ကြီးရင့် တာတို့ကြောင့်လည်း လိပ်ခေါင်းဖြစ်နိုင် တယ်။ ဒါပေမဲ့ အိမ်သာမှာ ကြာသင့်တာ ထက် […]

ညအိပ်ရာဝင်ခါနီး ဒါတွေ မစားပါနဲ့

အိပ်ခါနီးမှ ဗိုက်ဆာတာ၊ ဗိုက်ဆာပြီး နိုးလာတာ ကို လူအတော်များများကြုံဖူးပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်မှုရအောင် ဒီအစားအစာတွေကိုရှောင်ပါ။ (၁) ဟင်းသီးဟင်းရွက် ဟင်းသီးဟင်းရွက်တွေဟာ ဗီတာမင်စုံစုံလင်လင် ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက် အကူပြုတဲ့စားစရာတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဘရိုကို လီ၊ ပန်းဂေါ်ဖီစတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ရေမှာ မပျော်ဝင်တဲ့အမျှင်ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ် က အစာခြေဖို့အတွက် အချိန်ကြာကြာလိုအပ်ပါတယ်။ ညအိပ်ရာဝင်ခါနီးစားမိမယ်ဆိုရင် ခန္ဓာကိုယ်က အစာ ချေစနစ်အလုပ်လုပ်နေရမှာဖြစ်လို့ အိပ်စက်တာကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ (၂) အနီရောင်အသား အနီရောင်အသားတွေဟာလည်း ပရိုတင်းဓာတ်အများအပြားပါဝင်တာမို့ ခန္ဓာကိုယ်အတွက်အစာခြေ ချိန်ကြာမြင့်စွာ အလုပ်လုပ်ရစေပါတယ်။ ဒါကြောင့် ကောင်းမွန်စွာအိပ်ပျော်စေဖို့ အိပ်ရာဝင်ခါနီး အနီရောင် အသားတွေ စားတာကိုလည်း ရှောင်ပါ။ (၃) အစပ်စာများ အစပ်စာတွေဟာ သင်ရဲ့ ခန္ဓာကိုယ် အပူချိန်ကို […]

ယောက်ျားပီသစေဖို့ဘယ်လိုအစားအစာတွေစားသုံးဖို့လိုလဲ

ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏက ယောက်ျားပီသမှုကိုဖြစ်စေတဲ့ အကြောင်းတွေထဲမှာ တစ်ချက် ပါဝင်ပါတယ်။ ဒီဟော်မုန်းပမာဏတက်စေဖို့ဆိုရင် အောက်ပါ အစားအစာတွေ စားသုံးဖို့လိုပါတယ်။ ၁။ ကန်စွန်းဥနှင့် အာလူး တက်စထရိုစတီရုန်းဟော်မုန်း ထုတ် လုပ်ဖို့ ကာဗိုဟိုက်ဒရိတ်ရရှိဖို့ လိုအပ်ပါ တယ်။ ကောက်နှံကွေကာတွေကနေ ကာဗိုဟိုက်ဒရိတ်ကို ရရှိနိုင်တယ်ဆိုပေ မယ့် ဂလူတန်နဲ့မတည့်တဲ့သူတွေမှာ ပြ ဿနာတချို့ရှိတတ်ပါတယ်။ ကန်စွန်းဥ၊ အာလူးတွေကနေရရှိတဲ့ ကာဗိုဟိုက်ဒ ရိတ်မှာ ဂလူတန် မပါဝင်တဲ့အပြင် တက် စထရိုစတီရုန်းထုတ်လုပ်ဖို့ လုံလောက်တဲ့ ကာဗိုဟိုက်ဒရိတ်ကို ရရှိနိုင်ပါတယ်။ ၂။ ကော်ဖီ ကော်ဖီသောက်သုံးတာက အာရုံ ကြောစနစ်ကို လှုံ့ဆော်ပေးလို့ တက်စထ ရိုစတီရုန်းထုတ်လုပ်မှုကို အားပေးပါ တယ်။ ကော်ဖီမှာ အင်တီအောက်ဆီး ဒင့်တွေလည်း များစွာပါဝင်လို့ မနက်စာ စားတိုင်းမှာ ကော်ဖီတစ်ခွက် သောက်ဖြစ် […]

စက်ဘီးစက်ဖြင့် စက်ဘီးစီးလေ့ကျင့်ခြင်းက ပါကင်ဆန်ရောဂါကို သက်သာစေ

နယ်သာလန်နိုင်ငံ Radboud တက္ကသိုလ်ဆေးရုံရဲ့လေ့လာမှုအရ စက် ဘီးစီးစက်နဲ့ စက်ဘီးစီးလေ့ကျင့်ပေးတာ က ပါကင်ဆန်ရောဂါကို သက်သာစေ တယ်လို့ ဆိုပါတယ်။ ပါကင်ဆန်ရောဂါခံ စားနေရသူတွေကို အုပ်စုနှစ်စုခွဲပြီး တစ် စုကို စက်ဘီးစက်တွေနဲ့ စက်ဘီးစီးလေ့ ကျင့်စေကာ ကျန်တစ်စုကို အကြော လျှော့လေ့ကျင့်ခန်းတွေပြုလုပ်စေကာ ခြောက်လကြာစစ်ဆေးလေ့လာမှုပြုလုပ် ခဲ့ကြတာပါ။ လေ့လာမှုအချိန်ကာလပြီး ဆုံးချိန်မှာ စက်ဘီးစက်နဲ့လေ့ကျင့်ခဲ့သူ တွေက အကြောလျှော့လေ့ကျင့်ခန်းတွေ ပြုလုပ်သူတွေထက် ပါကင်ဆန်ရောဂါ လက္ခဏာတွေ သိသိသာသာပိုပြီး လျော့ ပါးလာတာကို လေ့လာတွေ့ရှိခဲ့ကြတာ ပါလို့ သုတေသနဦးဆောင်သူဘက်စ်ဘ လိုရမ်က ဆိုပါတယ်။ ဆေးအကူအညီ လိုအပ်မှု နည်းပါးလာနိုင်ပြီး ပါကင်ဆန် ရောဂါခံစားရသူတွေဆီမှာ အဆုတ်နဲ့ နှလုံးရောဂါတွေဖြစ်ပွားလာနိုင်ခြေကို လည်း လျော့နည်းသက်သာစေတာကို တွေ့ရှိခဲ့တယ်လို့ သုတေသီဘက်စ်ဘ လိုရမ်က ဆိုပါတယ်။ စက်ဘီးစက်နဲ့လေ့ ကျင့်မှုတွေက […]

သွေးဆုံးပြီးသူများတွင် မကောင်းသည့်ကိုလက်စထရောများ မြင့်တက်နိုင်ခြေပိုများ

သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ မကောင်းတဲ့ကိုလက်စ ထရောပမာဏမြင့်တက်နိုင်ခြေပိုများတယ်လို့သိရပါတယ်။ သိပ် သည်းဆနည်းတဲ့ lipoproteins ပရိုတင်းက လူ့ခန္ဓာကိုယ်ထဲမှာ အဆီမော်လီကျူးတွေကို လျင်မြန်စွာသွားလာနိုင်အောင် အ ထောက်အကူပေးတာကြောင့် မကောင်းတဲ့ကိုလက်စထရော LDL ပမာဏမြင့်တက်နေသူတွေကို လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးဖို့နဲ့ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးကြဖို့ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းခဲ့ကြပါတယ်။ အမျိုးသမီးပေါင်း ၁၁၄၆၅၅ ဦးပါဝင်ခဲ့တဲ့ လေ့လာမှုပေါင်း ၆၆ ခုမှာ သွေးမဆုံးသေး သူ ၆၈၀၀၀ ဦးနဲ့သွေးဆုံးပြီးသူ ၄၆၂၆၁ ဦးတို့ပါဝင်ခဲ့ကြပါတယ်။ လေ့လာမှုအရ အဝလွန်ပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သွေး ဆုံးပြီးအမျိုးသမီးတွေမှာ LDL ပမာဏပိုများတာကို တွေ့ရှိခဲ့ရ တာဖြစ်တယ်လို့ သိရပါတယ်။ (AP,19.9.19) အေးယုနိုင်