ကလေးများကို ဒဏ်ပေးသင့်ပါသလား ?

♦ ဒဏ်ပေးတာက သူတို့အပြုအမူအပေါ် လွန်လွန်ကျူးကျူး တုံ့ပြန်လိုက်တာဖြစ်ပါတယ် ♦ သင့်အနေနဲ့ သိစိတ်ကြောင့်ပဲဖြစ်ဖြစ်၊ မသိစိတ် ကြောင့်ပဲဖြစ်ဖြစ် ကလေးငယ်ကို ဒဏ်ပေးလိုက်တာ က သူတို့တွေအတွက် စိတ်နာကျင်မှုရရှိနိုင်ပါတယ်။ သင်နဲ့ သင့်ကလေးငယ်အပေါ်မှာ အဆိုးမြင်တဲ့စိတ် ခံစားချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ♦ ပျင်းရိတဲ့အပြုအမူဖြစ်ပါတယ် ♦ ဒဏ်ပေးတာက သင်နဲ့သင့်ကလေးငယ်ကြား ဆက်သွယ်ဖို့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ ကလေးတွေက သင်မကြိုက်တဲ့အပြုအမူတွေပြုလုပ် တဲ့အတွက် သင်က ဒါကို တန်ပြန်တဲ့အနေနဲ့ သူတို့ မကြိုက်တာကို ပြန်လုပ်လိုက်တာပဲဖြစ်ပါတယ်။ သူ တို့ကို သေချာမရှင်းပြဘဲ၊ သူတို့နဲ့ သေချာညှိနှိုင်းမှုမပြု လုပ်ဘဲ ဒီလိုအလွယ်လုပ်လိုက်တာက ကျန်းမာပြီး ပျော်ရွှင်တဲ့ကလေးငယ်ဖြစ်အောင် မြေတောင် မြှောက်ပေးတဲ့နည်းလမ်း မဟုတ်ပါဘူး။ ♦ ကလေးငယ်တွေရဲ့ စည်းကမ်းလိုက်နာတဲ့အကျင့်ကို တုံ့ဆိုင်းစေပါတယ် ♦ မိဘတွေအနေနဲ့ […]

မိဘတို့နားလည်သင့်သည့် နို့စို့ကလေးတို့၏ အမူအရာများ

မွေးကင်းစကလေးငယ်တွေဟာ နုနယ်လွန်းပြီး ဘာမှမပြောတတ်၊ မဆိုတတ်သေးတဲ့အတွက် သူတို့တွေ နေထိုင်မကောင်းဖြစ်မှာကို မိဘတွေက စိုးရိမ်လေ့ရှိကြပါတယ်။ ကလေးတွေက စကားမပြောနိုင်ပေမယ့် သူတို့လိုချင်တဲ့အရာတွေကို အမူအရာနဲ့ ပြတတ်တဲ့အတွက်မိဘတွေ နားလည်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ♦ ကလေးငယ်၏ ငိုသည့်ပုံစံဖြင့် သိနိုင်ခြင်း ကလေးတွေဟာ လေးလအရွယ်အထိ သူတို့လို ချင်တာကို ငိုပြီးတော့ပဲ ဖော်ပြတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ငိုရင် ဗိုက်ဆာလို့လား၊ နာ ကျင်လို့လား၊ တစ်ခုခုလိုချင်လို့လားဆိုတာကို မိဘ တွေ နားလည်ဖို့ ငိုတဲ့ပုံစံကို ခွဲခြားလေ့လာကြည့်ပါ။ ☺ သူတို့ကို ချီစေချင်လို့ ငိုတဲ့ပုံစံ နို့စို့ကလေးငယ်တွေက အိပ်ရာထဲမှာ နေရ တာကြာလာလို့ သူ့ကို ချီစေချင်ရင် အောက်ပါအတိုင်း ငိုတတ်ပါတယ်။ ၅-၆ စက္ကန့်လောက် ဆက်တိုက်ငိုပြီး စက္ကန့် ၂၀ လောက်နားပြီး အခြေအနေကို […]

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေကို အလေးထား ဂရုစိုက်သင့်လဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်ထက် ကျန်းမာရေးကို ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။ မိမိအတွက်သာမကဘဲ သန္ဓေသားအပေါ် မှာပါ ထိခိုက်မှုတွေ ဖြစ်နိုင်တာကြောင့် သာမန်အချိန်မှာထက် ပိုမို ဂရုစိုက်ဖို့ လို အပ်တာဖြစ်ပါတယ်။ စားသင့်တဲ့ အစာ တွေကို လတ်လတ်ဆတ်ဆတ် သန့်သန့် ရှင်းရှင်း စားသင့်သလို၊ မစားသင့်တဲ့အစာ တွေကို ရှောင်ရပါမယ်။ ♦ ကိုယ်ဝန်ဆောင်နှင့် ကျန်းမာစေသောအစာ အမြဲတမ်း ကျန်းမာရေးနဲ့ ညီညွတ် စေတဲ့ အစာတွေကိုသာ စားသုံးသင့်တယ် ဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုပြီးလို အပ်ပါတယ်။ မိခင်က ကျန်းမာတဲ့အစာကို စားသုံးမှသာ ရင်သွေးငယ်အတွက် လို အပ်တဲ့ အာဟာရဓာတ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ♦ ကိုယ်ဝန်ဆောင်နှင့် ရှောင်သင့်သောအစာ တချို့အစားအသောက်တွေက ရင် သွေးငယ်ကို ထိခိုက်နိုင်လို့ ကိုယ်ဝန် […]

ပုံမှန်ဖြစ်သော ကလေးငယ်တို့၏ စိတ်တိုစရာကောင်းသောအမူအကျင့်များ

မိဘတိုင်းက မိမိကလေးအသက် နှစ်နှစ်အရွယ်လောက်မှာဖြစ်တတ်တဲ့ စိတ်တိုစရာကောင်းတဲ့ အမူအကျင့် တွေကို ကြုံကြရမှာပါ။ ဒီအခါမှာ မိဘတွေအနေနဲ့ မိမိကလေးတွေကပဲ ဆိုးသွမ်းနေသလား၊ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုခုများရှိနေသလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါက စိုးရိမ်စရာလား၊ ပုံမှန်အခြေအနေလား၊ ဘယ်လိုဖြေ ရှင်းရမလဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းငြင်းဆန်နေခြင်း ငြိမ်ပြီး လိမ္မာနေတဲ့ကလေးငယ်က ရုတ်တရက် မိဘခိုင်းတာကို ငြင်းဆန်နေတာပါ။ သူတို့ကြိုက်နှစ် သက်တဲ့အရာကိုတောင်မှ ငြင်းပယ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်သလဲ ဒီပြဿနာက ကလေးနှစ်နှစ်ခွဲကနေ သုံးနှစ် အကြားအရွယ်တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ကလေးတွေက သူတို့ဘာသာသူတို့ ပြုလုပ်နိုင်တယ် လို့ ထင်မှတ်နေတာကြောင့်ပါ။ သူတို့က မိသားစုထဲ မှာ တစ်စိတ်တစ်ဒေသအနေနဲ့ အရေးပါချင်တာ ကြောင့်လည်းပါပါတယ်။ ဘာပြုလုပ်ရမလဲ အတတ်နိုင်ဆုံး သည်းခံပါ။ ကလေးငယ်တွေရဲ့ ဆန္ဒတွေကို မချိုးနှိမ်ပါနဲ့။ သူတို့ဘာသာသူတို့ ဆုံး […]

သင့်ကလေးရဲ့အပြုအမူတွေကို စိုးရိမ်စိတ်ဝင်နေလား

မိဘအများစုက ကလေးတွေရဲ့ လှုပ်ရှားပြုမူတာတွေနဲ့ ပတ်သက်ပြီး စိတ်ပူပန်တတ်ကြပါတယ်။ ကိုယ့်ကလေးက သူ များကလေးထက် ဆော့တာ၊ အော်ဟစ်တာ၊ စိတ်ဆိုးမာန်ဆိုးပြု မူတတ်တဲ့ အလေ့အထတွေကြောင့် စိုးရိမ်စိတ်တွေ လွန်ကဲ တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကလေးရဲ့အပြု အမူက ကလေးသဘာဝပဲလား၊ အပြု အမူဆိုင်ရာ မှားယွင်းနေတာကြောင့် လားဆိုတာ ခွဲခြားရခက်ပါတယ်။ ကလေး ငယ်တွေရဲ့ အပြုအမူတွေကို လွှမ်းမိုးနေ တဲ့ အချက်တွေရှိပါတယ်။ စိတ်ဆိုးဒေါသထွက်ခြင်း ကလေးငယ်တွေမှာလည်း အလိုမ ကျတဲ့အခါ၊ သူတို့လိုတာလေးတွေ မရတဲ့ အခါမျိုးမှာ စိတ်ဆိုးဒေါသထွက်တတ် တာဟာ စိုးရိမ်စရာအခြေအနေတော့ မဟုတ်ပါဘူး။ ကျယ်လောင်စွာအော်တာ၊ ဒါမှမဟုတ် တိတ်ဆိတ်ငြိမ်သက်နေတာ တွေက သာမန်ပါပဲ။ ဒါပေမဲ့ ကလေးတွေ ဟာ မိဘက ကလေးကစားကွင်း လိုက်ပို့ ပေးတာ၊ သူတို့နှစ်သက်တဲ့ […]

ရင်သွေးငယ်ကို သက်ရောက်မှုရှိနိုင်သည့် ကိုယ်ဝန်ဆောင်မိခင်တို့၏ အမူအကျင့်များ

လေ့လာမှုတစ်ခုအရ စိတ်ကျဝေဒနာနဲ့ စိုးရိမ်စိတ်များတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက လမစေ့ကလေးနဲ့ ပေါင်မပြည့်ကလေး မွေးနိုင်ခြေ အခွင့်အလမ်းပိုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အမူအကျင့်စရိုက်တွေကြောင့် မိမိမွေးလာမယ့်ကလေးမှာ အောက်ပါအတိုင်း သက်ရောက်မှုရှိနိုင်တဲ့အတွက် ဖော်ပြ ပေးလိုက်ပါတယ်။ ရန်ဖြစ်ခြင်း၊ ညည်းတွားခြင်း ရန်ဖြစ်တာကြောင့် စိုးရိမ်စိတ်များတာ၊ စိတ် ဓာတ်ကျတာတွေဖြစ်ပေါ်လာပြီး ကလေးငယ်အတွက် ဒုက္ခရောက်နိုင်ပါတယ်။ သူ့ကြောင့် ကလေးငယ်ရဲ့ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ခုခံ အားစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ။ ညည်းတွား တာကလည်း မိခင်အတွက် မကောင်းပါဘူး။ ခေါင်း ကိုက်တာ၊ ပျို့အန်တာနဲ့ အိပ်မပျော်တဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဘာလုပ်သင့်သလဲ – များများအနားယူပါ။ – အိပ်ရေးဝအောင်အိပ်ပါ။ – တရားထိုင်ပါ။ – ဆရာဝန်နဲ့ ဆွေးနွေးပါ။ – လမ်းထွက်လျှောက်ပြီး လေကောင်း လေသန့်ရှူ […]

ကလေးငယ်နှင့်မုသားချိုချို

ကလေးတွေ မုသားစကားဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုမုသားစကားမျိုး ပြောတာလဲ၊ ဘယ်လိုအခြေအနေမှာ ပြော တာလဲ၊ မုသားစကားရဲ့ ပြင်းထန်မှု အဆင့် စတာတွေကို အကဲခတ်ပြီးမှ ကလေးရဲ့ အပြုအမူပိုင်းဆိုင်ရာမှာ လေ့ကျင့်သင် ကြားမှုတွေလိုနေလားဆိုတာ ဆုံးဖြတ်ရပါ တယ်။ ဒီအတွက် Gကငိနူငညန မရှိပါဘူး။ မုသားစကားကိုအဆင့် သတ်မှတ်မယ်ဆိုရင်တော့သုံးဆင့်ရှိပါတယ်။ အဆင့် (၁) မုသား ကလေးက သူအာရုံစူးစိုက်ခံချင်လို့၊ သူ့ကို အထင်ကြီးအောင်လို့ လိမ်ပြောတာ မျိုးဆိုရင် လျစ်လျူရှုနိုင်ပါတယ်။ ကလေး က အရမ်းကြီး မဖြစ်နိုင်တာကို အဟုတ် လုပ်ပြောတာကို မိဘက အားပေးအား မြှောက်လုပ်တာမျိုးတော့ မလုပ်မိပါစေနဲ့၊ အထူးသဖြင့် ကလေးဟာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုမရှိလို့ မုသားစကားပြော တာကို အားပေးသလိုဖြစ်ပြီး နောက်ပိုင်း မှာလည်း ကလေးက […]

အစာကျွေးရခက်တဲ့ကလေးငယ်အစာစားချင်စိတ်ဖြစ်အောင်

ကလေးငယ်တွေကို ထမင်းကျွေးရတာဟာ မိခင်တွေအတွက်က အရမ်းကို ခက်ခဲတဲ့ပြဿနာတစ်ရပ်ပါ။ မိခင်တိုင်းက သားသမီးတွေကို အစားများများစားစေချင်ကြပေမယ့် တချို့ကလေးတွေက အစားအသောက်ရွေးတာ၊ တချို့လည်း အဆော့ မက်နေလို့ ထမင်းကောင်းကောင်းမစားတာ အမျိုးမျိုးပါပဲ။ အစာမကျွေးခင် မိနစ်၃၀အလိုတွင်ရေတိုက်ပါ ကလေးများကို အစာမစားခင် မိနစ် ၃၀ လောက်ခွာပြီး ရေတိုက်တာက အစာ စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အနံ့၊အရသာပြင်းတဲ့ အစာတွေ မကျွေးပါနဲ့ ကလေးအများစုဟာ အနံ့၊ အရသာ ပြင်းပြင်းတွေကို မနှစ်သက်တတ်ကြပါဘူး။ သင့်ကလေးကိုကျွေးတဲ့အစားအစာတွေ ထဲမှာ အနံ့ပြင်းတဲ့ ဟင်းခတ်အမွှေးအ ကြိုင်တွေ၊ ကြက်သွန်ဖြူတွေ ပါဝင်နေ တာက အစာစားချင်စိတ်ကို လျော့နည်း စေပါတယ်။ သံပရာရည်တိုက်ပါ ကလေးက ဗိုက်မဆာလို့ အစာ စား ဖို့ ငြင်းဆန်နေရင် ရေအစား လတ်ဆတ် တဲ့ […]

သန္ဓေသား၏ဉာဏ်ရည်ဉာဏ်သွေးအပေါ် သက်ရောက်နိုင်သည့်အချက်များ

ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးလိုချင်သူတွေက အင်မတန်ရှားပါတယ်။ မိခင်ဖခင်တွေ အသက်ငယ်ရွယ်စဉ်မှာ ကလေးယူတာက ကလေးအတွက် ကောင်းမွန်ပါသလားဆိုတာကို Read more about သန္ဓေသား၏ဉာဏ်ရည်ဉာဏ်သွေးအပေါ် သက်ရောက်နိုင်သည့်အချက်များ

ကလေးငယ်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ကိုင်တွယ်နည်းအမှားများ

လေ့လာမှုအများအပြားအရ မိခင် တွေက ကလေးငယ်တွေနဲ့ အသားချင်း ထိတွေ့တာက စိတ်ဖိစီးမှုနည်းတယ်လို့ သိရပါတယ်။ ကလေးကို ချီပိုးရာမှာလည်း နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ဒီအထဲမှာ မှ ကိုင်တွယ်ချီပိုးနည်း မှားခဲ့ရင် ကလေး ရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင် တာမို့ ဖော်ပြပေးလိုက်ပါတယ်။ ချိုင်းအောက်မှချီပိုးခြင်း ကလေးငယ်တစ်ယောက်ကို ချီ တော့မယ်ဆိုရင် သူ့ခေါင်းကို ထိန်းကိုင် ပြီး ချီဖို့က အလွန်အရေးကြီးပါတယ်။ မွေးကင်းစကလေးငယ်တွေရဲ့ လည်ပင်း ကြွက်သားတွေက ကောင်းစွာ မဖွံ့ဖြိုး သေးပါဘူး။ ဒါကြောင့် သင်ဟာ ကလေး ရဲ့ လည်ပင်းကို မထိန်းဘဲ ချီလိုက်မယ် ဆိုရင် ကလေးက ရုတ်တရက် ဦးခေါင်း လှည့်လိုက်တဲ့အခါမှာ ထိခိုက်ဒဏ်ရာ ရတာနဲ့ အသက်ရှူရခက်ခဲတဲ့ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးငယ် […]