မှတ်ဉာဏ်ဆိုတာဘာလဲ။ မှတ်ဉာဏ်ကောင်းအောင် ဘာလုပ်ရမလဲ

“က”ကနေ “အ”အထိ အလွယ်တကူ ရွတ်ဆိုပြနိုင်ပါသလား။ ကိုယ့်နာမည် ကိုယ် အလွယ်တကူ ချရေးနိုင်ပါသလား။ တူရိယာပစ္စည်းတွေကို ဂီတသင်္ကေတ အတိုင်း တီးခတ်နိုင်ပါသလား။ ဒါတွေအားလုံး ဘယ်လိုမှတ်မိနေတယ်၊ အာဂုံဆောင်ထားနိုင်တယ်လို့ သင် ပြန်ဖြေကောင်း ပြန်ဖြေပါလိမ့်မယ်။ ဒါပေမဲ့ ဒီအရာတွေကို သင် သင်ယူခဲ့လို့သာ သိ နေတာပါ။ ပြီးတော့ သင်ယူတယ်ဆိုရာမှာလည်း အလေ့အကျင့်ဖြစ်အောင် ပြုလုပ် ရင်း သင်ယူခဲ့ရတာပါ။ စာမတတ်ခင်တုန်းက “က”ကနေ “အ”အထိ ရွတ်ရမှာ ခက်နေပေမယ့်၊ တူရိယာပစ္စည်းတွေကို မတီးတတ်ခင်တုန်းက ဂီတသင်္ကေတဖတ်ရ မှာ ခက်နေပေမယ့် အကျင့်လုပ်ပြီး မကြာခဏ ရွတ်ဆိုတီးခတ်တဲ့အခါ နောက်ပိုင်း မှာလွယ်ကူလာပြီး အလီဆိုရင်လည်း အာဂုံဆောင်နိုင်လာတာ၊ တူရိယာဆိုရင်လည်း အလိုလို တီးတတ်လာတာမျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် မှတ်ဥာဏ်ဆိုတာ အကျင့်လုပ်ခြင်းအားဖြင့် သင်ယူရာမှ […]

ကံ၊ စိတ်၊ ဥတု၊ အာဟာရ

ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည် နေထိုင်နိုင်ရန် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရားလေးပါးပေါ်တွင် မူတည်နေသည်ဟု ဗုဒ္ဓဘုရားက ဟောကြားတော်မူခဲ့၏။ မှန်ပါသည်။ ယခုခေတ်ဆေးပညာ၏ အသက် ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းများသည်လည်း ဘုရားဟောကြားသည့် အချက်များနှင့် ကိုက်ညီနေပါသည်။ ကံဆိုသည်မှာ အလုပ်ဖြစ်၍ ရှေးယခင် အတိတ်ဘဝက မိမိပြုလုပ်ပျိုး ထောင်ခဲ့ခြင်းနှင့် ယခု ပစ္စုပ္ပန်ကာလ၌ ပြုလုပ်ခဲ့ခြင်းတို့ကို ဆိုလိုသည်။ သီလမြဲမြံစွာဆောက်တည်သူ၊ အထူးသဖြင့် ပါဏာတိပါတကံကို လုံခြုံစွာ စောင့်ထိန်းခဲ့သူများ သည် ယခုဘဝ၌ အသက်ရှည်ခြင်းအကျိုးတရားကို ခံစားနိုင်သည်ဟု ညွှန်ပြထားပါသည်။ ဆေးပညာအရ အသက်ရှည်ခြင်းသည် မျိုးရိုးဗီဇနှင့်လည်း သက်ဆိုင်၏။ အချို့သောသူများသည် မျိုးရိုးလိုက်၍ အသက်ရှည်၏။ မျိုးရိုးလိုက်သော ရောဂါ အချို့ဖြစ်ပေါ်ခံစားရသူများသည်လည်း အသက်တိုလေ့ရှိကြသည်။ မိမိ၏ မျိုးရိုး ဗီဇကို မိမိကိုယ်တိုင် […]

အပူဒဏ်ကိုတွန်းလှန်မယ့်အစားအစာများ

ပူအိုက်တဲ့ရာသီမှာ ခန္ဓာကိုယ်အေးမြဖို့ အမျိုးမျိုးကြံစည်နေကြရပါတယ်။ ကိုယ်စားတဲ့ အစားအစာကလည်း အပူဒဏ်ကို တွန်းလှန်နိုင်ပြီး အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်တဲ့အစားအစာဖြစ်ဖို့ လိုပါတယ်။ အောက်ပါတို့ကတော့ ပူပြင်းတဲ့ ရာသီမှာ မှီဝဲသင့်တဲ့ အစားအသောက်တချို့ပဲ ဖြစ်ပါတယ်။ ရိုးရိုးရေ ပူအိုက်လွန်းတဲ့အချိန်မှာ ကျွန်မတို့တစ်တွေ အငမ်းမရ သောက်မိကြတာ ရေခဲစိမ်ထားတဲ့ အချိုရည်တွေနဲ့ ရေခဲရေတွေကိုပါ။ တကယ်တော့ ရေခဲရေတွေ သောက်ပြီးပါက ခန္ဓာကိုယ်အနေနဲ့ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန် ပြန်ရောက်ဖို့ အရမ်းကြိုးစားရပါတယ်။ ရေခဲရေတွေက သောက်သောက်ချင်းမှာ အေးမြ လန်းဆန်းစေပေမယ့် မိနစ် ၂၀ လောက် အကြာမှာတော့ ခန္ဓာကိုယ်က နဂိုအပူချိန် ပြန်ရောက်အောင် ကြိုးစားရတာကြောင့် ပိုလို့တောင် ပူအိုက်လာတတ်ပါတယ်။ ဒါကြောင့် အခန်းတွင်း အပူချိန်ရှိတဲ့ ရိုးရိုးရေကို သောက်တာ အကောင်းဆုံးပါ။ ရိုးရိုးရေထဲ ပူဒီနာအဆီ နှစ်စက်၊ […]

လူအများကြားမှာသိသာပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်နေဟန်ထားရှိဖို့ဆိုရင်

ခန္ဓာကိုယ်အနေအထား ပုံစံကျနစွာ နေထိုင်တတ်တာက ခါးနာတာကင်းစေရုံမကဘဲ လူအများရဲ့အာရုံစိုက်ခံရလောက်အောင် ဆွဲဆောင် မှုရှိသူတစ်ဦးလည်း ဖြစ်စေပါတယ်။ ထိုင်နေတဲ့အခါ ကြည့်ကောင်းဖို့ဆိုရင် ထိုင်ခုံမှာ၊ သင့်လုပ်ငန်းခွင်ထဲမှာ ထိုင်ပြီး အလုပ်လုပ်တဲ့အခါ ခါးကိုဆန့်ထားပြီး သင့်ခန္ဓာကိုယ်က ၉၀ ဒီဂရီ ထောင့်မှန်ကျအောင် ထိုင်သင့်ပါတယ်။ ခါးကိုဆန့်တန်းထားပြီး နောက်ကျောကို ဖြောင့်မတ်နေစေဖို့လိုပါတယ်။ ဒါမှ မကြာခဏဆိုသလိုဖြစ်တတ်တဲ့ ခါးနာ ကျင်တာနဲ့ နောက်ကျောနာကျင်မှုတွေကို ကင်းဝေးစေမှာပဲဖြစ်ပါတယ်။ အချိန်ကြာ ကြာထိုင်တာကြောင့် သင့်နောက်ကျောရိုး မှာ ဒဏ်ဖြစ်စေနိုင်တဲ့အတွက် အနားယူပေးဖို့လည်း လိုအပ်ပါတယ်။ ထိုင်နေတဲ့ အချိန်တစ်နာရီလောက်ကြာပြီဆိုရင် ငါး မိနစ်လောက်တော့ လမ်းထလျှောက်ပေးပါ။ ဒါမှမဟုတ် ထိုင်ခုံမှာပဲ ဆွဲဆန့်လေ့ကျင့်ခန်းမျိုးတွေကို ပြုလုပ်ပေးပါ။ ဒါမှ သင့်ကျောရိုးအတွက် လုံလောက်တဲ့အနားယူမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ မတ်တတ်ရပ်တဲ့အခါ ကြည့်ကောင်းဖို့ ဆိုရင် လမ်းလျှောက်တဲ့ပုံစံမှန်ကန်စေဖို့ ကလေးငယ်ဘဝကတည်းက […]

အမျိုးသားတွေမှာဖြစ်တတ်တဲ့ သုက်လွှတ်စောတာကို လေ့ကျင့်ခန်းနဲ့ ကုသနိုင်လား

အမျိုးသားတွေအနေနဲ့ ကိုယ့်အဖော်နဲ့အတူSex ကိစ္စဆောင်ရွက်ချိန်မှာ စိတ်ဆန္ဒမပြည့်မီ အချိန်ခဏအတွင်း သုက်ထွက်သွားတာကို ဆိုလိုတာပါ။ ဒီဖြစ်စဉ်မျိုးဖြစ်တာ အချိန်ကြာလာတဲ့အခါ စိတ်ရောဂါဖြစ်လာနိုင်ပါတယ်။ စုံတွဲတွေမှာ ကျေနပ်မှုမရတဲ့အခါ ပျော်ရွှင်မှုလည်း တဖြည်းဖြည်းနည်းလာပြီး၊ အိမ်ထောင်ရေးသုခလည်း ပျောက်ကွယ်လာနိုင်ပါတယ်။ သုက်လွှတ်စောတာ အမြဲတမ်းလိုလို ဖြစ်ပေါ်နေပါက ကျန်းမာ ရေးပြဿနာတစ်ခုဖြစ်ကြောင်းသိသင့်ပြီး နားလည်သူနဲ့ တိုင်ပင်ပြီး ကုသမှုခံယူသင့် ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်မှာ ပထမဆုံးအချိန် လိင်ဆက်ဆံစဉ်အတွင်း သုက်ထွက်စောတာက ပြဿ နာမဟုတ်ပေ။ မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တာ၊ ဆန္ဒမပြီးမြောက်တာနဲ့ သုက်ထွက်ချိန်မှာ နာကျင်မှုတွေ ခံစားရတယ် ဆိုရင်တော့ ကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။ သုက်လွှတ်မြန်တာကို ဘယ်လိုသိနိုင်လဲ အမျိုးသားတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ သုက်လွှတ်စောတာကို သူတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သတိထားမိတတ်ကြပြီး အိမ်ထောင်ရေးအဆင်မပြေမှုတွေဖြစ်ပေါ်တတ်တာ၊ လိင်ဆက်ဆံချိန်မှာ ကျေနပ်မှုမရလို့ အဆင်မပြေတာ စတာတွေကနေ […]

သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု ကောင်းမွန်စေတဲ့ အစားအစာတွေ စားသုံးရအောင်

  အမေရိကန်နိုင်ငံမှာ လူပေါင်း ၅၉ သန်းလောက်မှာ သိုင်းရွိုက်ပြဿနာတွေ ဖြစ်ပွားနေပေမယ့် အများစုက ကိုယ့်ကိုယ်ကိုယ် သတိမထားမိကြပါဘူး။ သိုင်းရွိုက်ဂလင်း ပြဿနာများ သိုင်းရွိုက်ဂလင်းပြဿနာတွေထဲမှာ ပါဝင်တာတွေက – (၁) လည်ပင်းကြီးတာ (၂) သိုင်းရွိုက်ဂလင်းရောင်တာ (၃) သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု လျော့နည်းတာ (၄) သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု လွန်ကဲတာနဲ့ (၅) သိုင်းရွိုက်ဂလင်းကင်ဆာတွေ ပါဝင်ပါတယ်။ သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှု လျော့နည်းတာနဲ့ လွန်ကဲတာတွေကအဖြစ်များပြီး ရောဂါလက္ခဏာအနေနဲ့ဟော်မုန်းမညီမျှတာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတာတွေ ဖြစ်ပွားတတ်ပါတယ်။ သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု ကောင်း မွန်စေသော အစားအစာများ အိုင်အိုဒင်း ဆယ်လ်မွန်ငါး၊ ပုစွန်၊ ဆာဒင်းငါး၊ နှမ်း၊ ကညွတ်၊ ဥအမျိုးမျိုး၊ ဟင်းနုနယ်ရွက်၊ ကြက်သွန်ဖြူ၊ မှို။ ဆီလီနီယမ် တူနာငါး၊ မှို၊ […]

နားအတွင်းထဲကို ဘယ်လိုအရာတွေ မထည့်သင့်ဘူးလဲ

နားအတွင်းပိုင်းကို ဝါဂွမ်းတုတ်တံနဲ့ သန့်ရှင်းတဲ့အကျင့်ရှိပါသလား။ ရှိတယ်ဆိုရင် သင့်နားအနည်းနဲ့အများထိခိုက်မှုတွေရှိနေနိုင်တယ်လို့ ဟာသန်ဆေးတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်တဲ့ နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်အထူးကုဆရာဝန်ရဲ့ လေ့လာချက်တွေအရ သိရပါတယ်။ နားကျပ်ဂွမ်းတံများ လေ့လာမှုတွေအရ နားကျပ်ဂွမ်းတုတ်တံနဲ့နားတွင်းဂွမ်းတွေထည့်ကာ သုံးတာကြောင့် နားတွင်းထိခိုက်မှုဖြစ်နိုင်ပြီး ရောဂါပိုးဝင်ရောက်ပေါက်ပွားခြေအ များဆုံးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဆံပင်ညှပ်ကလစ် ဘေးထိုးကလစ်လေးတွေကို နားကလော်ဖို့အတွက် အသုံးပြုတာက နားအတွင်းပိုင်းနံရံတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်ပြီး နားစည်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဆရာဝန်မညွှန်ကြားသော နားတွင်းထည့်ဆေးများ နားအတွင်းပိုင်းကို ဆရာဝန်ညွှန်ကြားချက်မရှိတဲ့ အစက်ချဆေးတွေဘယ်တော့မှမထည့်ပါနဲ့။ ပတီးစေ့နှင့် နာရီဓာတ်ခဲများ ကလေးငယ်တွေမှာ နားအတွင်းပိုင်း ပြင်ပပစ္စည်းဝင်ရောက်တာကြောင့် ခွဲစိတ်မှုအများဆုံးဖြစ်တတ်တယ်လို့သိရပါတယ်။ နားအတွင်းပိုင်းကို နာရီဓာတ်ခဲလိုပစ္စည်းလေးတွေထည့်လိုက်တာကြောင့် ယင်းမှာ ဓာတုပစ္စည်းတွေပါဝင်တဲ့အတွက် နားအတွင်းပိုင်းထိခိုက်မှုတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဆံပင်ဖျန်းဆေးများ ဆံပင်ဖျန်းဆေးတွေသုံးချိန်မှာ နားအတွင်းကိုမဝင်ဖို့ အထူးသတိထားပါလို့ အကြံပြုထားပါတယ်။ ဆံပင်ဖျန်းဆေးမှာ […]

ညဘက်မှာ ကောင်းကောင်းအိပ်မပျော်ဘူးလား

နှစ်ခြိုက်စွာအိပ်ပျော်စေတာကလည်း သင့်အလှအပအတွက် အများကြီးအထောက်အကူပြုပါတယ်။ ညဘက်ကောင်းကောင်းအိပ်မပျော်တာကြောင့် မနက်ခင်းမှာ ကြည်လင်မှုမရှိဘဲ တက်ကြွတဲ့အလှကို လည်းမရရှိနိုင်ပါဘူး။ မနက်ခင်းမှာ လှလှပပနိုးထလာနိုင်စေဖို့အတွက် ညအိပ်ရာမဝင်ခင်ကတည်းက ဂရုစိုက်သင့်တဲ့အချက်တွေရှိပါတယ်။ သင့်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး အိပ်ရာနိုးလာချိန်မှာ လန်းဆန်းလှပနေစေဖို့အတွက် အောက်ပါနည်းလမ်တွေက ကူညီပေးပါလိမ့်မယ်။ အိပ်မပျော်ရတဲ့ အကြောင်းရင်းတွေ ညဆိုရင် အိပ်မပျော်ဘူးလို့ ပြောနေကြတဲ့သူတွေအနေနဲ့ သင်ပြုလုပ်နေတဲ့ တချို့အချက်တွေက သင့်အိပ်စက်မှုကို အနှောင့် အယှက်ဖြစ်စေတာလားဆိုတာကို သတိထားမိဖို့တော့လိုပါတယ်။ ညစာ အများကြီးစားခြင်း ညစာကို ဗိုက်အရမ်းတင်းအောင် စားလိုက်ပြီး ပရိုတင်းတွေများသွားတာက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ်က အိပ်စက်နေချိန်မှာ အစာခြေစနစ်ကို လုပ်ဆောင်ဖို့ နှေးကွေးနေတာကြောင့်ပါ။ အရက်သောက်ပြီး အိပ်စက်ခြင်း လူအများစုက အရက်သောက်ပြီး အိပ်စက်တာက ပိုအိပ်ပျော်တယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ အရက်သောက်ပြီး အိပ်ပျော်တာဟာ နိုးတစ်ဝက်၊ အိပ်တစ်ဝက်အိပ်ပျော်တာမျိုးဖြစ်တာက ပိုများပါတယ်။ အိပ်မက်မက်သလို၊ အိပ်ပျော်သလိုဖြစ်နေပြီး […]

အစားအသောက်နှင့် လေ့ကျင့်ခန်း ပါဝင်ပတ်သက်မှုမရှိသော အသက်ရှည်ဖို့ အတွက် တခြားနည်းလမ်းကောင်းများ

ကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ဖို့အတွက် လျှို့ဝှက်ချက်။ ကျန်းမာရေးကောင်းပြီး အသက်ရှည်ရှည် နေထိုင်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့အစားအစာကိုစားသုံးပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့က အရေးတကြီး လိုအပ်တယ် ဆိုတာကိုတော့ လူတိုင်းသိရှိနားလည်နေကြပြီ ဖြစ်ပါတယ်။ ဒီအမူအကျင့် နှစ်မျိုးက ကျန်းမာရေးကောင်းဖို့ ဒေါက်တိုင်ဖြစ်နေပေမယ့် တခြားအရေးကြီးတဲ့ အချက် တွေလည်း ရှိနေသေးတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ကျန်းမာပြီး အသက်ရှည်ကြတဲ့ အပြာရောင်ဇုန်က လူတွေရဲ့ အမူအကျင့်တွေမှ စိတ်ကူးစိတ်သန်းကို ရယူထားတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှု ကင်းအောင်နေပါ။ နာတာရှည် စိတ်ဖိစီးမှုကြောင့် ရောင်ရမ်းမှုတွေနဲ့ ရောဂါမျိုးစုံ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသက်ရှည်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ဘဝကို ရရှိနိုင်အောင် စိတ်ဖိစီးမှု ကင်းအောင်နေထိုင်ရပါမယ်။ အပြာရောင်ဇုန်မှလူအများစုက သူတို့အရင်ကနေထိုင်ခဲ့တဲ့ မြို့ပြတွေကိုစွန့်လွှတ်ပြီး ကျွန်းတွေအပေါ်မှာ လာရောက်နေထိုင်ကြတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်ဖိစီးမှုလျော့ကျနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေပြီး လိုက်နာကျင့်သုံးပါ။ […]

ကျန်းမာရေးအတွက် အရေးကြီးသည့် လက္ခဏာများ

သင့်ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ အနေအထားတစ်ခုခု တွေ့ရှိနေပါသလား။ ဒါဟာ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေတဲ့ကျန်းမာရေးပြဿနာတစ်ခုခုရဲ့ စောစောစီးစီးပြသတဲ့ သတိပေးလက္ခဏာဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အနေနဲ့ ဘာအကြောင်း ပြချက်မှမရှိဘဲ မျက်ခွံလှုပ်တာမှအစပြုပြီး ညဘက်ချွေးထွက်များတဲ့အထိ ပုံမှန်မဟုတ်တဲ့ လက္ခဏာမျိုးစုံကို ပြသလေ့ရှိတတ်ပါတယ်။ များသောအားဖြင့် တစ်ကြိမ်လောက်သာဖြစ်တတ်ပြီး အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ တစ်ကြိမ်မကဘဲ အကြိမ်ကြိမ်ဖြစ်ပေါ်နေရင် သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်နေပြီဆိုတာကို သတိပေးနေတာ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့လက္ခဏာတချို့နဲ့ အဲဒီလိုလက္ခဏာတွေ ပြသရင် ဘာရောဂါဖြစ်နိုင်သလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။ ရောဂါလက္ခဏာ အသားအရောင်ဝါနေခြင်း      သင်ရဲ့အသားအရေဟာ အဝါရောင် သန်းနေရင် သင့်အသည်းမှာ ပြ ဿနာရှိနေနိုင်ပါတယ်။ အဖြစ်အများဆုံး အသည်းပြဿနာတစ်ခုဟာ အသည်း ရောင်ရောဂါဖြစ်တယ်လို့ ကျန်းမာရေးနဲ့ လူကြီးရောဂါဌာနက ပြောပါတယ်။ အသည်းရောင်ရောဂါအမျိုးအစားများစွာရှိပြီး သွေးဖောက်စစ်ဆေးတာနဲ့ ခွဲခြားမှုပြုလုပ်နိုင်ပါတယ်။ ခရီးသွားတာကြောင့် […]