Atrial fibrillation ( AF) ခေါ် နှလုံးခုန်နှုန်း စည်းချက်မမှန်ဘဲ မြန်နေခြင်း

AF ဆိုတာက နှလုံးခုန်နှုန်း စည်းချက်မမှန်ဘဲ အလွန်အမင်းမြန်ဆန်နေတာ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းက ပုံမှန် တစ်မိနစ်ကို ၆၀ – ၁၀၀ ရှိရမယ့်အစား ၁၀၀- ၁၇၅ လောက်ဖြစ်နေတာပါ။ နှလုံးရဲ့ လျှပ်စစ်စီးစနစ်က ပုံမှန်အနေအထား မဟုတ်တော့ တာကြောင့် နှလုံးအပေါ်ခန်းကသွေးတွေ နှလုံးအောက်ခန်းဆီသို့ရောက်အောင် ထိထိရောက်ရောက် ညှစ်နိုင်စွမ်းမရှိတော့တဲ့အတွက် အပေါ်ခန်းမှာပဲ သွေးတွေ စုပုံနေတာကြောင့် နှလုံးမှာ သွေးခဲနိုင်ပါတယ်။ ဒီသွေးခဲတုံးမှ အပိုင်းတစ်စပြုတ်ထွက် လာပြီး ဦးနှောက်သွေးကြောကို ပိတ်ဆို့မိရင် လေဖြတ်တာ ဖြစ်နိုင်ပါတယ်။ AF ရှိသူတွေက လေဖြတ်တာ၊ နှလုံးအလုပ်မလုပ်နိုင်တာနဲ့ နှလုံးနဲ့ဆက်စပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ခြေ များပါတယ်။ ရောဂါလက္ခဏာ AF ရှိသူအများစုက ဘာလက္ခဏာမှ မပြတတ်ပေမယ့် တချို့သူတွေမှာ ရင်တုန်နေတာ၊ အသက်ရှူမဝတာ ဒါမှမဟုတ် ခေါင်းမူးနေတာ […]

လေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ်မှာ ဒဏ်မဖြစ်အောင် ဘာတွေလုပ်သင့်လဲ

လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ဒဏ်တွေကင်းစေဖို့အတွက် လေ့ကျင့်ရေးနည်းပြတချို့ရဲ့အကြံပြုချက်တွေကိုရေးသားလိုက်ပါတယ်။ အစာစားမှုကို ကန့်သတ်ပါ လေ့ကျင့်ခန်းလုပ်တိုင်း အဆီကျလှ ပနေမှာမဟုတ်ပါဘူး။ စားချင်တာတွေကို လျှောက်စားလို့ သင်စားတာတွေက သင့်ကိုဝစေတာဆိုရင်တော့ လေ့ကျင့်ခန်းကလည်း ကူနိုင်မှာမဟုတ်ပါဘူး။ လေ့ကျင့် ခန်းလုပ်နေချိန်မှာ အရောင်စုံတဲ့ ဟင်း သီးဟင်းရွက်တွေ၊ အသားဓာတ်တွေ၊ ကောင်းမွန်တဲ့အဆီနဲ့ အသီးအနှံတွေကိုပိုစားပြီး ဆီကြော်စာတွေ၊ အသင့်စားသုံး နိုင်တဲ့အစားအစာတွေ၊ ဆီပါဝင်မှုများတဲ့ ဟင်းတွေ၊ သကြားပါဝင်မှုများတဲ့ အစား အစာတွေနဲ့ အချိုရည်တွေကို ရှောင်ပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းပြုလုပ်မယ့်အချိန်ကိုနား လည်ထားပါ လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်ယူရ တယ်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ လူတချို့က လေ့ကျင့်ခန်းပြုလုပ်ဖို့ လေ့ကျင့်ရေးခန်းမကို သွားပြီဆိုရင် ကိုယ် လုပ်မယ့်လေ့ကျင့်ခန်းတွေကို အာရုံစိုက်ပြီး တအားကိုအားသွန်ခွန်စိုက် ပြုလုပ်လိုက်ပြီး နောက်နေ့ကျရင်တော့ လေ့ကျင့်ရေးခန်းမကို သွားဖို့ လေးဖင့်နေ ပြီးတော့ မသွားဖြစ်တာမျိုးလည်းဖြစ် တတ်ကြပါတယ်။ […]

ဘယ်သူတွေ ဘယ်အချိန်မှာ ဘယ်လိုအာဟာရဓာတ်တွေ ပိုလိုအပ်တာလဲ

နေ့စဉ်စားသောက်နေတဲ့ အစားအ စာတွေထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ် တဲ့ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရ ဓာတ်တွေ ပြည့်ပြည့်စုံစုံ ပါဝင်နိုင်အောင် သာ စားသောက်မယ်ဆိုရင် ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံပါတဲ့ အားဆေးတွေကို ဖြည့်စွက်သောက်သုံးစရာလိုမှာ မဟုတ် ပါဘူး။ လူတိုင်းက ပြီးပြည့်စုံနေမှာမဟုတ် သလို စားတဲ့အစားအစာမှာလည်း ကျန်း မာရေးနဲ့ညီညွှတ်အောင် အမြဲတမ်းပြည့် ပြည့်စုံစုံ စားကြတာမဟုတ်ပါဘူး။ စိတ် အလိုလိုက်၊ လျှာအရသာခံပြီးသာ စား သောက်ကြတာများပါတယ်။ အဲဒါတွေ ကြောင့်သာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကို ဖြည့်စွက်သောက်သုံးဖို့ ဖြစ်လာရ တာပါ။ ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တု ဓာတ်မျိုးစုံကို အမြဲလိုအပ်နေတာမျိုး မဟုတ်ပါဘူး။ အများစုက ဘယ်အချိန်မှာ ဘယ်လိုဗီတာမင်နဲ့ သတ္တုဓာတ်လိုအပ်လဲ ဆိုတာ မသိကြတာကြောင့် ဖော်ပြလိုက် ပါတယ်။ […]

စိတ်ဖိစီးမှုကြောင့် နှလုံးကျန်းမာရေး မထိခိုက်ရလေအောင်

စိတ်ဖိစီးမှုက သင့်နှလုံးကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အကြောင်းအရာတစ်ခုပါ။ စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကို လျှော့ချနိုင်မယ်ဆို ရင် နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေ ဖြစ်နိုင်ခြေလည်း နည်းသွားနိုင်ပါတယ်။ ယောဂကျင့်ပါ ယောဂကျင့်တာက စိတ်နဲ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကင်းဝေးစေပါတယ်။ တရားထိုင်ပါ တစ်နေ့ကို မိနစ် ၂၀-၃၀ လောက် တရားထိုင်ပေးမယ်ဆိုရင် စိတ်ဖိစီးမှု ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ပျက်စီးမှုတွေကို ရှောင်ရှားနိုင်ပါတယ်။ ခြံထဲဆင်းပါ သင့်ခြံဝန်းထဲကိုဆင်းပြီး သစ်ပင် ပန်းပင်လေးတွေ ပြုစုတာ၊ ပေါင်းသင်တာ၊ ရေလောင်းတာတွေကို ပြုလုပ်ပေးမယ်ဆိုရင် စိတ်အေးချမ်းတည်ငြိမ်မှုကို ခံစားရစေပါတယ်။ ရယ်မောပါ ရယ်မောတာက စိတ်ဖိစီးမှုကင်းဝေးစေတဲ့ ဆေးကောင်းတစ်ခွက်ပါ။ ဟက်ဟက်ပက်ပက် ရယ်မောပျော်ရွှင်စွာ နေတတ်သူတွေဟာ စိတ်ဆင်းရဲခြင်းကင်း ပြီး စိတ်ဖိစီးမှုသောကတွေကနေ ကင်းဝေးစေပါတယ်။ နေ့စဉ်မှတ်တမ်းရေးပါ တစ်နေ့တာ ဖြစ်ပျက်ခဲ့တာတွေကို အိမ်ပြန်ရောက်ပြီး […]

ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အိမ်တွင်းရှိပစ္စည်းတချို့

  အိမ်တွင်းမှာရှိတဲ့ တချို့ပစ္စည်းတွေက ကျန်းမာရေးအတွက် အသုံးပြုနိုင်တယ်ဆိုတာ အမှုမဲ့အမှတ်မဲ့နဲ့မို့ ဗဟုသုတတွေ ရှာမဖတ်ထားမိရင် မသိနိုင်ပါဘူး။ ဥပမာ – ခဲတံ တစ်ချောင်းက ကျန်းမာရေးအတွက် အထောက်အကူပြု အသုံးပြုနိုင်တယ်ဆိုတာ အများစုက တော်ရုံနဲ့ မသိနိုင်ပါဘူး။ တင်းနစ်ဘောလုံးတစ်လုံးကလည်း သွေးတိုးရောဂါရှိသူတွေအတွက် အထောက်အကူပြုနိုင်တယ်ဆိုတာလည်း သိသူနည်းပါလိမ့်မယ်။ ပီကေ ရင်ပူတာကို သက်သာစေတယ် အင်္ဂလန်မှသုတေသီတွေရဲ့ လေ့ လာမှုတစ်ခုမှာ ရင်ပူတာကို ဆိုးဆိုးရွားရွားခံစားရတဲ့GERD နဲ့ အစာမျိုပြွန်ထဲက အစာနဲ့အက်စစ်တွေ ပြန်ဆန်တက် တဲ့ စားချဉ့်ပြန်ရောဂါ ခံစားနေရသူတွေကို အစာစားပြီးတဲ့အခါတိုင်း ပီကေကို နာရီ ဝက်ကြာဝါးခိုင်းပြီး လေ့လာခဲ့ရာမှာ အက်စစ်ထွက်တဲ့နှုန်းနည်းသွားပြီး ရင်ပူတာသက်သာသွားတာကို တွေ့ရတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပီကေဝါးတဲ့အခါ ထွက်လာတဲ့ တံတွေးတွေက ဓာတ်ပြယ်စေနိုင်သလို အစာမျိုချမှုနှုန်းကိုလည်း မြန်ဆန်စေတာကြောင့်ပါ။ ခဲတံ […]

သွေးတွင်းသကြားဓာတ် မြင့်မားတာကို လျှော့ချပေးနိုင်မယ့် အကြံပြုချက်တွေ

သွေးတွင်းမှာ သကြားဓာတ် တွေ မြင့်မားနေတဲ့အခါ ဆီးချိုသွေးချို၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စတာတွေ ဖြစ်ပွားနိုင်ပြီး ခန္ဓာကိုယ်ရဲ့ တခြား အင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ အကြံပြုချက်တချို့ကို ရေးသား လိုက်ပါတယ်။ အိမ်မှုကိစ္စတွေ ပြုလုပ်ပါ အချိန်ရရင်ရသလို အိမ်မှာ တံမြက်စည်းလှည်းတာ၊ ခြံဝင်းထဲမှာ ပေါင်းသင်ရှင်းလင်းရေးလုပ်တာဟာ သွေးချိုဆီးချို ရောဂါရှိတဲ့သူတွေအတွက် သွေးတွင်း သကြားဓာတ်လျှော့ချပေးနိုင်မယ့် အကောင်းဆုံးအလေ့အကျင့်တွေ ဖြစ်ပါတယ်။ လမ်းများများလျှောက်ပေးတာ၊ စက်ဘီးစီးတာ၊ မနှေးမမြန်ပြေးတာ စတာတွေကလည်း သွေးတွင်းသကြား ဓာတ်မတက်နိုင် ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် တစ်ယောက်တည်းဖြစ်စေ၊ အဖော်တွေနဲ့ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ ဒိန်ချဉ်သောက်ပါ အကျိုးပြု ဗတ်တီးရီးယားများစွာပါဝင်တဲ့ ဒိန်ချဉ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် သွေးတွင်း ဂလူးကိုစ့်ဓာတ်များမသွားအောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။ တချို့ […]

ဗိုက်ပူသူအမျိုးသားတွေ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ

ဝမ်းဗိုက်သူတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို မစားမိအောင် မဆင်ခြင်နိုင်ကြသလို လေ့ကျင့်ခန်းလုပ်ဖို့လည်း ပျင်းရိတတ်ကြပါတယ်။ အောက်ပါလေ့ကျင့်ခန်းတွေက အလွယ်တကူလုပ်နိုင်ပြီး ဗိုက်ပူတာကို လျော့ကျစေပါတယ်။ ကြွက်သားသန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ ကြွက်သားတွေက အဆီတွေထက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေ ပိုစေပါတယ်။ ဇီဝဖြစ်ပျက်မှုကောင်းတာက အဆီတွေလျင်လျင်မြန်မြန် လောင်ကျွမ်းစေတာပါ။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေ လောင်ကျွမ်းသွားစေပြီး ကြွက်သားတွေကို သန်မာတဲ့လေ့ကျင့်ခန်းလုပ်ပါ။ ခန္ဓာကိုယ်အလေးချိန်က ၁၄၅ ပေါင်ဖြစ် ပါက တစ်ပတ်ကို ၁၄၅ မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ။ မှန်ကန်တဲ့ ခါးကွင်းလှည့်နည်းအတိုင်း လှည့်ပါ နာမည်ကျော်သရုပ်ဆောင်တွေကို လေ့ကျင့်ပေးနေတဲ့ နည်းပြက ခါးကွင်းလှည့်တဲ့အခါ လှုပ်ရှားမှုပုံစံသုံးမျိုးနဲ့ ပြုလုပ်ဖို့အကြံပေးထားပါတယ်။ ဝမ်းဗိုက်က အဆီတွေကိုချဖို့ ခါးကွင်းလှည့်တဲ့အခါ ခန္ဓာကိုယ်ကို အရှေ့အနောက်၊ အပေါ်အောက်၊ ဘေးတိုက်တွေ လှုပ်ရှားပြီး လှည့်ပေးရမှာ ဖြစ်ပါတယ်။ […]

ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကို သောက်တော့မယ်ဆိုရင်

ဆေးဝါးတွေမှာ ဆရာဝန်ညွှန်ကြားလိုဘဲ ဝယ်ယူသုံးစွဲလို့ရတဲ့ ဆေးဝါးတွေရှိသလို၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဝယ်ယူသောက်သုံးလို့ မရတဲ့ ဆေးဝါးတွေလည်းရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်လိုတဲ့ ဆေးဝါးတွေကို သောက်သုံးမယ်ဆိုရင် ပိုပြီးဂရုစိုက်ဖို့ လိုအပ်တဲ့အကြောင်းအရာတွေ ရှိနေတာကြောင့်ပါ။ ဆေးဝါးတွေကို သတ်မှတ်ချိန်ပြည့်တဲ့အထိ သောက်ပါ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို ဆရာဝန်က သောက်ရမယ်ဆိုတဲ့ရက်အထိ တိတိကျကျသောက်သုံးပါ။ ရောဂါသက်သာလာတယ်ဆိုပြီး ကိုယ့်သဘောနဲ့ ကိုယ် မရပ်လိုက်ပါနဲ့။ ပိုးသတ်ဆေးလို တချို့ဆေးတွေက ဆေးပတ်လည်အောင် သောက်ရတာမျိုး ရှိသလို၊ တချို့ဆေးတွေက သောက်နေတာကနေ ချက်ချင်း ဖြတ်လိုက်လို့မရတဲ့ဆေးမျိုးတွေလည်း ရှိနိုင်တာကြောင့်ပါ။ ဆေးကို တိတိကျကျ မှန်မှန်ကန်ကန် သောက်ပါ ဆေးသောက်ချိန်တွေကို ဆရာဝန်သတ်မှတ်ပေးလိုက်တဲ့အချိန်တွေအတိုင်း အချိန်မှန်မှန်နဲ့ တိတိကျကျ သောက်ပေးရပါမယ်။ အထူးသဖြင့် ပိုးသတ်ဆေးတွေဟာ အချိန်တိတိကျကျနဲ့ ဆေးပတ်လည် အောင်သောက်ဖို့လိုအပ်ပါတယ်။ ဆီး ချိုကျဆေးတွေဆိုရင်လည်း အစာမစား ခင်ဆေးသောက်ထားပြီးမှ အစာစားရတာမျိုးပါ။ […]

စပ်စပ်လေး စားတာကလည်း ကောင်းကျိုးတွေ ရနိုင်တယ်

မိန်းကလေးအများစုက အစပ်စာ ကြိုက်နှစ်သက်တတ်ကြပါတယ်။ မာလာရှမ်းကောစားတော့ စပ်စပ်လေးမှ ကြိုက်သလို ဟော့ပေါ့စားပြန် တော့လည်း အရည်ကို အစပ်ပဲရွေးမှာတတ်ကြတာ မိန်းကလေးအများစုရဲ့ အကျင့်ပါ။ အစပ်စာ စားသုံးတာကြောင့် ကောင်းကျိုးတွေ ရနိုင်တာ သင်သိပါရဲ့လား။ နှလုံးကျန်းမာစေတယ် အစပ်စာတွေမှာ ထည့်ချက်ထားတဲ့ ငရုတ်သီးနဲ့ ချင်း(ဂျင်း) က သွေးဖိအား လျော့နည်းစေဖို့ ကူညီပေးပါတယ်။ ငရုတ်သီးမှာပါဝင်တဲ့ဒြပ်ပေါင်းက သွေး ကြောတွေကိုကျယ်စေပြီး သွေးဖိအားကို လျှော့ချပေးတာပါ။ ချင်း(ဂျင်း)က ရောင် ရမ်းမှုလျော့နည်းစေပါတယ်။ ဒီအာနိ သင်တွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကယ်လိုရီလောင်ကျွမ်းစေတယ် အစပ်စာတွေစားတဲ့အခါ ချွေးတွေ ထွက်လာတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေ လောင်ကျွမ်းပြီး အပူတွေ ထွက်လာတာကြောင့်ပါ။ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ် အစပ်စာတွေမှာ ပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းက ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေတယ်၊ ကက်စိုင်စင်ဒြပ်ပေါင်းက […]

စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်တဲ့ သဘာဝအစားအစာ ၁၅ မျိုး

ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ သင်က စွမ်းဆောင်ရည်တွေ မြင့်မားနေမှ သာ သူများတွေထက် သာလွန်တဲ့ဘဝကို ဖန်တီးရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျင်လည် ရာလူ့ဘဝမှာ လူမှုတာဝန်တွေကို အပြည့်အ၀ ထမ်းဆောင်နိုင်ဖို့ဆိုရင်လည်း သင်ဟာ စွမ်းဆောင်ရည်နဲ့ ပြည့်စုံသူ တစ်ဦးတစ်ဖို့ လိုပါတယ်။ သဘာဝကရတဲ့ အစားအသောက်၊ အသီးအနှံတွေ စားသုံးရင်း စွမ်းဆောင်ရည်မြှင့်တင်နိုင်စေ ဖို့ ရေးသားလိုက်ပါတယ်။ ၁။ နွားနို့ စွမ်းဆောင်ရည်ရှိတဲ့ မိန်းမတစ် ယောက်အဖြစ် အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ထိန်းသိမ်းထားနိုင်အောင် နို့သောက်ပေးပါ။ လူတို့ ပြုပြင်ဖန်တီး မှုတွေမပါတဲ့ နို့၊ မလိုင်နဲ့ ထောပတ်တွေမှာ သဘာဝအဆီဓာတ်တွေ ပါဝင်နေပါတယ်။ အဲဒီအဆီဓာတ်တွေက သဘာဝပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး အီစထရိုဂျင်ဟော် မုန်းထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဆီဓာတ်ဖြစ်ပါတယ်။ ၂။ ကမာကောင် အမျိုးသားတွေအတွက် အကောင်း […]