၀ိတ်ချနေသူတွေ ကြံရည်သောက်လို့ရလား

ကြံရည်တစ်ခွက်မှာ ၁၁၁ ကယ်လိုရီပါဝင်ပြီး ကာဗိုဟိုက်ဒရိတ် ၂၇ ဂရမ်၊ ပရိုတင်း ၀ ဒသမ ၂၇ ဂရမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ် စတာတွေ ပါဝင်ပါတယ်။ စျေးသက်သာတယ်၊ အလွယ်တကူ ဝယ်သောက်လို့ ရတယ်၊ ဒါ့ပြင် ကြံရည်သောက်ပြီး ၀ိတ်ချလို့ ရတယ်ဆိုတော့ အရမ်းကို အဆင်ပြေစေပါတယ်။ #သတိပြုရန် ကြံရည်သောက်မယ်ဆိုရင် လတ် လတ်ဆတ်ဆတ် သောက်သင့်ပါတယ်။ ညှစ်ထားပြီး ကြံရည်ကို အချိန်ကြာကြာထားတာ၊ အပူပေးတာတွေ မလုပ်သင့်ပါ။ ကြံရည်ထဲကို ဆားနည်းနည်းနဲ့ သံပရာသီး တစ်စိတ်လောက် ညှစ်ထည့်သောက်ပါ။ တစ်နေ့ကို ကြံရည်တစ်ခွက်သောက်ရုံ နဲ့ လုံလောက်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတယ် အမျှင်ဓာတ်က ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက် အဓိက ကျပါ တယ်။ သင်က Diet လုပ်မယ်ဆိုပေမယ့် […]

ကိုဗစ်နှင့် ဒက်ဇာ

ကိုဗစ် တတိယလှိုင်းမှာ ဒက်ဆာကို အသက်ကယ်ဆေးအဖြစ် လူသိများလာကြပါတယ်။ဖျားတာ ရက်တာရှည်လို့ မောပန်းလာပြီး အောက်ဆီဂျင် လျော့ကျလာရင် ဒက်ဆာကို သောက်ဆေး ဒါမှမဟုတ် ထိုးဆေး အနေနဲ့ အသုံးပြုနေကြတာမို့ ဒက်ဆာဆိုတာ ဘာဆေးလဲ၊ ဘယ်လိုလူတွေ ဘာကြောင့် အသုံးပြုသင့်သလဲ၊ ဒီဆေးကိုသုံးရင် ဘာတွေဆောင်သင့်၊ ရှောင်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်တော့ ဒက်ဆာလို့ အတိုကောက် ခေါ်တဲ့ ဒက်ဆာမီသဇုန်း Dexamethasone က စတီးရွိုက်ဆေးဝါး တစ်မျိုးဖြစ်ပြီး ကိုဗစ်ရောဂါ အသင့်အတင့်ပြင်းထန်သူတွေနဲ့ အလွန်ပြင်းထန်သူတွေမှာ အသုံးပြုပါတယ်။ အထူးသဖြင့် Oximeter နဲ့တိုင်းရာမှာ အမြဲတမ်း အောက်ဆီဂျင် ၉၂ မှတ် ရောက်သူတွေကို သောက်ခိုင်းလေ့ရှိပါတယ်။ ဒီဆေးဝါးက ဆိုးရွားတဲ့ရောဂါပိုးတွေ အတွက်ထိရောက်မှု ရှိပေမယ့် ဆေးဝါးအသုံးပြုနည်း မမှန်ကန်ရင် ရေရှည်မှာ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ […]

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သူတွေ စားသင့်သော အစားအစာများ

ညအိပ်ရာဝင်စဉ်မှာ တော်ရုံနဲ့ အိပ်မပျော်လို့ မယ်လတိုနင် ဒါမှမဟုတ် အိပ်ဆေးသောက်အိပ်နေရပါသလား။ ကြက်အိပ်ကြက်နိုးလို ဖြစ်နေလို့ အိပ်ရေးမဝ ဖြစ်နေပါသလား။ ကိုဗစ်ကူးစက်နှုန်းများနေစဉ်မှာ မိမိရဲ့ ကိုယ်ခံအား ကောင်းမွန်နေဖို့ အိပ်ရေးဝအောင် အိပ်ရဖို့ကလည်း အရေးကြီးပါတယ်။ အိပ်ဆေးမသောက်ပဲ အိပ်ရာပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်နိုင်ဖို့၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ အတွက် ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ် ပါဝင်တဲ့ အောက် ဖော်ပြပါ အစားအစာတွေကို စားသုံးရပါမယ်။ ဒီသတ္တုဓာတ်တွေက အိပ်စက်မှုကို ကောင်းမွန်စေတဲ့ ကိုယ်တွင်းမယ်လတိုနင်ထုတ်လုပ်မှုကို ကူညီနိုင်လို့ပါ။ ငှက်ပျောသီး သူ့မှာများစွာပါဝင်တဲ့ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တွေက ကြွက်သားတင်းမာမှုနဲ့ အာရုံကြောကို ဖြေလျော့ပေးနိုင်တာကြောင့် အညောင်းပြေပြီး စိတ်တည်ငြိမ် အေးချမ်းမှုကို ရရှိ နိုင်ပါတယ်။သူ့မှာပါဝင်တဲ့ ဗီတာမင် B6 က Tryptophan ကို ဆီရိုတိုနင် […]

စိတ်ဖိစီးမှုလျှော့ချပေးတဲ့ အစားအစာတွေ စားသုံးရအောင်

ရုန်းကန်လှုပ်ရှားနေရတဲ့ လူသား တိုင်း ဖိစီးမှုတွေကို ကြုံတွေ့နေကြရမှာ ပါ။ ဖိစီးမှုကို လျော့နည်းအောင် လုပ်နိုင် တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အခုပြောပြမယ့်နည်းလမ်းကတော့ အစာ စားပြီး ဖိစီးမှုလျှော့ချရမှာဆိုတော့ လိုက် နာဆောင်ရွက်ဖို့ လွယ်ကူမယ်လို့ ယူဆ မိပါတယ်။ ဗာဒံစေ့ ဖိစီးမှုတွေ များလာတဲ့အခါ ခန္ဓာ ကိုယ်မှာ အက်ဒရီနလင် f(Adrenaline) ဟော်မုန်း အထွက်များလာပါတယ်။ ဒီ ဟော်မုန်းက သွေးပေါင်ကို တိုးစေပါ တယ်။ အစေ့အဆန်တွေ စားပေးတာက သွေးပေါင်ကို ကျဆင်းစေပါတယ်။ ခုခံ အားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင် အီး၊ ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် ဘီအုပ်စုတွေကိုပါ ရရှိနိုင်ပါ တယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှု တွေကို မရှောင်ရှားနိုင်ဘူးဆိုရင်တော့ တစ်နေ့ကို ခွက်တစ်ခွက်ရဲ့ […]

ခုခံအားစနစ် ကောင်းဖို့အတွက် ဗီတာမင်များ

အခုဆိုရင် ပြည်တွင်းလေကြောင်းလိုင်းတွေပြန်ဖွင့်နေပြီး မကြာခင်နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြန်ဖွင့်တော့မှာဖြစ်တာကြောင့် ကိုဗစ်ကို ရင်ဆိုင်နိုင်ဖို့အတွက် Mask တပ်တာ၊ လက်ဆေးတာနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာတွေအပြင် ခုခံအား စနစ်ကိုလည်း သန်မာအောင်ပြုလုပ်ထားရပါတော့မယ်။ ခုခံအားစနစ်ကောင်းမွန်နေရင် ကိုဗစ်ရယ်မှ မဟုတ်ပါဘူး။ ခုလိုဆောင်းရာသီမှာဖြစ်တတ်တဲ့ အအေးမိ၊ တုပ်ကွေးနဲ့ တခြားကျန်းမာရေးပြဿနာတွေအတွက်လည်း ကာကွယ်နိုင်ပါတယ်။ ခုခံအားစနစ်ကောင်းမွန်အောင် အိပ်ရေးဝဝအိပ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ စိတ်ဖိစီးမှုကို လျှော့ချတာတွေအပြင် ခန္ဓာကိုယ်က အောက်ဖော်ပြပါ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေကို ရရှိဖို့လိုအပ်ပါတယ်။ ♦ ဗီတာမင် စီ ဗီတာမင် စီက ရောဂါပိုးမဝင်အောင် ကာကွယ်နိုင်တာ ဒါမှမဟုတ် ပိုးဝင်ရောက် ချိန်တိုတောင်းနိုင်ပါတယ်။ ဗီတာမင်စီက အချဉ်အရသာရှိတဲ့ အသီးတွေမှာ များစွာ ပါဝင်ပါတယ်။ အောက်ပါတို့မှာလည်း များစွာပါဝင်ပါတယ်။ – ဟင်းနုနယ် – ကိုက်လန် […]

ကိုယ်ဝန်ဆောင်ကာလမှာ မာလကာသီး စားသင့်ပါသလား

မာလကာသီးကို ဝမ်းချုပ်တတ်တဲ့ အစားအစာ၊ အူအတက်ပေါက်နိုင်တဲ့ အစားအစာလို့ ထက်မှတ်ပြီး အရသာရှိလို့ စားချင်ပေမယ့် ရှောင်ကြဉ်ကြသူတွေ ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်ထားချိန်မှာ မလကာသီးကိုစားသုံး တာက အန္တရာယ်ကင်းနိုင်ပါသလားလို့ ဆိုရင်တော့ သူ့မှာ ကျန်းမာရေးအတွက် အကျိုးများစွာရှိတာမို့ ကိုယ်ဝန်ဆောင် ကာလတောက်လျှောက် စားသုံးနိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ မှည့်နေပြီး အခွံနွှာထားကာ အစေ့ကုန်အောင်ထုတ်ထား တဲ့ မာလကာသီး ဖြစ်ရမှာဖြစ်ပြီး တစ်နေ့ကို တစ်လုံးထက်ပို မစားသုံးရပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ မာလ ကာသီးစားသုံးတာကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ခုခံအားစနစ်ကောင်းမွန်နိုင်ခြင်း။ မာလကာသီးမှာ ပေါကြွယ်ဝစွာ ပါဝင်တဲ့ ဗီတာမင် C တွေက ခုခံအား စနစ်ကို သန်မာစေနိုင်ပါတယ်။ ဗီတာမင် C က ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ် မြင့် တက်စေကာ […]

ခန္ဓာကိုယ်အတွက် ဘယ်ဗီတာမင်တွေ လိုအပ်သလဲ (၂)

ဗီတာမင် ဘီ ၁၂ ♦ Vitamin B12 (Cobalamine) နှလုံးရောဂါဖြစ်စေနိုင်တဲ့ ဟိုမိုစစီ တင်းကို လျော့ကျစေနိုင်ပါတယ်။ အာရုံ ကြောဆဲလ်တွေကို ကာကွယ်ပေးပြီး သွေးနီဥနဲ့ DNA ထုတ်လုပ်တာမှာ ကူညီပေးပါတယ်။ ဗီတာမင် ဘီ ၁၂ ရရှိနိုင်သောစားစရာများ အပင်အနှံ၊ ပဲနို့၊ ဥအမျိုးမျိုး၊ နွားနို့၊ ချိစ်၊ ငါးအမျိုးမျိုး၊ အသားအမျိုးမျိုး။ ဗီတာမင် ဘီ ၇ ♦ Vitamin B7 (Biotin) စားလိုက်တဲ့အစားအစာကနေ စွမ်း အင်နဲ့ ဂလူးကို့စ် ထုတ်လုပ်ပေးပြီး ဆံ ကေသာနဲ့ အရိုးကျန်းမာရေးကို အ ထောက်အကူပြုပါတယ်။ ဗီတာမင် ဘီ ၇ ရရှိနိုင်သောစားစရာများ အပင်အနှံ၊ ပဲပုပ်၊ ကြက်ဥအနှစ်၊ ငါးအမျိုးမျိုး၊ ဝမ်းတွင်းသား။ […]

ခန္ဓာကိုယ်အတွက် ဘယ်ဗီတာမင်တွေ လိုအပ်သလဲ (၁)

ဗီတာမင် ဖြည့်စွက်ဆေးသောက် မယ်ဆိုရင် ဘယ်ဗီတာမင်က ဘာအတွက် ကောင်းတာလဲဆိုတာ သိဖို့လိုပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီ တာမင်နဲ့ သတ္တုဓာတ်တွေကို ကျန်းမာ ရေးနဲ့ညီတဲ့ စားစရာတွေကနေ ရရှိနိုင် သလို ဖြည့်စွက်ဆေးတွေလည်း မှီဝဲနိုင် ပါတယ်။ ဒီစာမှာ ဗီတာမင်တစ်ခုချင်းစီက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုတယ် ဆိုတာရယ်၊ ဒီဗီတာမင်တွေရရှိအောင် ဘာတွေစားမလဲဆိုတာကို ရှင်းပြထားပါ တယ်။ ဗီတာမင်တွေထဲမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီအုပ်စု (B1, B2, B3, B5, B6, B12), Vitamin B7 (Biotin), Vitamin B9 (Folic Acid), Vitamin C, Choline, Vitamin D, Vitamin E, Vitamin […]

မိခင်နို့တိုက်ကျွေးနေစဉ် ရှောင်သင့်သော အစားအစာများ

ကိုယ်ဝန်ဆောင်ကာလမှာ အရသာအတွက် အာသာပြေစေဖို့ အစားအစာမျိုးစုံကို စားလို့ရခဲ့ပေမယ့် ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ သင်ရဲ့ အရသာအာရုံကို ဦးစားပေးလို့ မရတော့ပါဘူး။ ရှေးလူကြီးတွေရဲ့ အယူအဆ အရ နို့တိုက်မိခင်တွေက အစားရှောင်ရှားရမယ်လို့ ဆိုပေမယ့် သားစိမ်း ငါးစိမ်းတွေကို ရှောင်ကြဉ်ပြီး အခြောက်အခြမ်း တွေကိုသာ စားရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ မိမိကလေးကို မိခင်နို့တိုက်နေတဲ့ မိခင်တွေက အောက်ပါအစားအစာ တွေကိုတော့ ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ကော်ဖီ ကော်ဖီမှာပါဝင်တဲ့ကဖင်းတွေက မိခင်နို့ရည်မှတစ်ဆင့် ကလေးဆီရောက် သွားတတ်ပါတယ်။ နို့စို့ကလေးငယ် တွေက ကဖင်းကို ထိထိရောက်ရောက် မစွန့်ထုတ်ပစ်နိုင်တဲ့အတွက် သူတို့ ကိုယ်တွင်းမှာ ကဖင်းတွေစုပုံလာနိုင်တာ ကြောင့် အိပ်မပျော်တာ၊ ဒေါသကြီးနေ တာနဲ့ တစ်ချိန်လုံးအီနေတာတွေ ဖြစ် တတ်ပါတယ်။ ဒါ့အပြင် ကဖင်းကို အများကြီး သောက်တာက မိခင်နို့အတွင်း […]

စိတ်ဖိစီးမှု လျှော့ချပေးတဲ့ အစားအစာတွေ စားသုံးရအောင်

ရုန်းကန်လှုပ်ရှားနေရတဲ့ လူသား တိုင်း ဖိစီးမှုတွေကို ကြုံတွေ့နေကြရမှာ ပါ။ ဖိစီးမှုကို လျော့နည်းအောင် လုပ်နိုင် တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အခုပြောပြမယ့်နည်းလမ်းကတော့ အစာ စားပြီး ဖိစီးမှုလျှော့ချရမှာဆိုတော့ လိုက် နာဆောင်ရွက်ဖို့ လွယ်ကူမယ်လို့ ယူဆ မိပါတယ်။ ဗာဒံစေ့ ဖိစီးမှုတွေ များလာတဲ့အခါ ခန္ဓာ ကိုယ်မှာ အက်ဒရီနလင် (Adrenaline) ဟော်မုန်း အထွက်များလာပါတယ်။ ဒီ ဟော်မုန်းက သွေးပေါင်ကို တိုးစေပါ တယ်။ အစေ့အဆန်တွေ စားပေးတာက သွေးပေါင်ကို ကျဆင်းစေပါတယ်။ ခုခံ အားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင် အီး၊ ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် ဘီအုပ်စုတွေကိုပါ ရရှိနိုင်ပါ တယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှု တွေကို မရှောင်ရှားနိုင်ဘူးဆိုရင်တော့ တစ်နေ့ကို ခွက်တစ်ခွက်ရဲ့ […]