ဘာကြောင့် အိပ်ချိန်အပြည့်ရရှိတာတောင် အိပ်ချင်နေရတာလဲ ?

လူတစ်ယောက်ဟာ အိပ်ချိန်အပြည့်အိပ်ထားခဲ့ရင် မနက်အိပ်ရာထခါစမှာ ဦးနှောက်ကြည်လင်စွာနဲ့ လန်းလန်းဆန်းဆန်း နိုးလာနိုင်ပါတယ်။ အိပ်ချိန်အပြည့်ဆိုတာက တစ်ညကို ခုနစ်နာရီနဲ့ရှစ်နာရီကြား အိပ်တာဖြစ်တယ်လို့ အိပ်စက်မှုဆိုင်ရာဆေးပညာ အမေရိကန်ဌာနက သတ်မှတ်ချက်အရ သိရပါတယ်။ အိပ်ချိန်အနည်းငယ်ပဲရှိတာကြောင့် မနက်အိပ်ရာထမှာ အိပ်ရေးမဝတဲ့ပုံစံနဲ့ နိုးလာတာက အံ့သြစရာအနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိပ်ချိန်အပြည့်အဝအိပ်ထားတာတောင် အိပ်ရာထခါစမှာ အိပ်ရေးမဝသလိုဖြစ်နေရင်တော့ တစ်ဖက်ပါအကြောင်းတွေကြောင့်ပါ။ သင့်မှာ Sleep Apnea ရှိနေတာကြောင့်ပါ Sleep Apnea ရှိနေရင် ဦးနှောက်ကို ညဘက်မှာ အိပ်ရမလား အသက်ရှူရမလားဆိုတာကို ဆုံးဖြတ်ဖို့ တွန်းအားပေးနေတဲ့အခြေအနေ ဖြစ်နေပါတယ်။ သင်အိပ်တဲ့အခါမှာ လျှာခင်ထဲက ‌ကြွက်သားပျော့တွေက လေပြွန်ကို ပိတ်ဆို့ပြီး အသက်ရှူတာ ယာယီရပ်တန့်သွားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိတ်သွားတဲ့အတွက် အသက်ရှူမဝတာကြောင့် အောက်ဆီဂျင်ပြန်လည်ရရှိဖို့ အသက်ရှူနိုင်အောင် ဦးနှောက်က သင့်ကို အလိုလိုနှိုးလိုက်ပါတယ်။ ညအိပ်စဉ်မှာ ဒီလိုမျိုးခဏခဏဖြစ်တဲ့အတွက် […]