ခါးနာနေချိန် ဘာတွေဆင်ခြင်ကြမလဲ . . .

♦ လေ့ကျင့်ခန်းလုပ်ပါ
ခါးနာနေရင်တောင် သင့်တင့်တဲ့ လေ့ကျင့်ခန်းလုပ်တာ၊ အနားယူတာက နာကျင်မှုကို သက်သာစေတဲ့ အကောင်း ဆုံးနည်းလမ်းပါ။ တစ်ရက်၊ နှစ်ရက် လောက် အနားပေးတာက ခါးနာတာကို သက်သာစေပေမယ့် အဲ့ဒီထက်ပိုပြီး အနားယူတာက ထိရောက်မှုမရှိနိုင်ပါဘူး။ ပညာရှင်တွေက ပုံမှန်လေ့ကျင့်ခန်းပြု လုပ်သူတွေ၊ ကိုယ်လက်လှုပ်ရှားမှု ရှိသူ တွေက ကိုယ်တွင်းရောင်ရမ်းမှုနဲ့ ကြွက် သားတွေရဲ့ တင်းအားကို လျော့နည်းစေ ပါတယ်။

♦ ကိုယ်အလေးချိန် ထိန်းပါ
ကိုယ်အလေးချိန်ပေါင်ပိုတွေ တက် နေပြီ အထူးသဖြင့် ၀မ်းဗိုက်ပိုင်းမှာ အဆီ တွေများနေပြီဆိုရင် ခါးနာတာ ခံစားရနိုင် ခြေများပါတယ်။ ၀မ်းဗိုက်ပိုင်းက အဆီ တွေကို ကမ္ဘာမြေကြီး ဆွဲငင်အားနဲ့ ဆန့် ကျင်ပြီး သယ်မထားရတာကြောင့် ခါးကို ဒဏ်ဖြစ်စေတာပါ။ ကိုယ်အလေးချိန်ကို ရှိနေတဲ့အတိုင်းအတာအောက် ၁၀ ပေါင် လျှော့ချနိုင်ခဲ့ရင် ခါးနာဝေဒနာကို ထိန်း ချုပ်ပြီးသား ဖြစ်စေပါတယ်။

♦ ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်သုံးပါက ကျော ရိုးဆစ်တွေကြားက အစာအာဟာရတွေ ပါဝင်တဲ့ သွေးစီးဆင်းမှုကို တားဆီးမှုဖြစ် စေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက် သူတွေဟာ ခါးနာဝေဒနာကို ခံစားရတာ ဖြစ်ပါတယ်။

♦ အိပ်စက်သောပုံစံ မှန်ကန်ပါစေ
ခါးနာနေပါက ဆရာဝန်နဲ့ ပြသပြီး အကောင်းဆုံးအိပ်စက်မှုပုံစံကို မေးမြန်း ပါ။ ဘေးစောင်းအိပ်ပြီး ခြေထောက်ကို ကွေးကာ ရင်ဘတ်ဆီ အနည်းငယ်ပို့ထား တဲ့ပုံစံမျိုးကို တစ်ခါတစ်ရံမှာ ဆရာဝန်က ညွှန်ကြားတတ်ပါတယ်။ အကောင်းဆုံး အိပ်စက်မှုပုံစံက ပက်လက်လန်ပြီး ဒူး ခေါင်းအောက်မှာ ခေါင်းအုံးတစ်လုံးနဲ့ ကျောအောက်မှာ ခေါင်းအုံးတစ်လုံးထား ပြီး အိပ်စက်ပါ။ မှောက်အိပ်တာက ခါးနာ တာကို ပိုဆိုးစေပါတယ်။

♦ ပစ္စည်း မ.တဲ့အခါ သတိထားပါ
လေးလံတဲ့ ပစ္စည်းတွေကို မသယ် တဲ့အခါ ခါးကို အားပြုပြီး မတာက ခါးနာ တာကို ပိုဆိုးစေပါတယ်။ ခါးနာမဖြစ် အောင် ပစ္စည်းတွေကို သယ်မ ရမယ့် နည်းလမ်းက ဒူးကွေးထိုင်ပြီး ၀မ်းဗိုက် ကြွက်သားတွေကို အသုံးပြုကာ မရမှာ ဖြစ်ပါတယ်။ ပစ္စည်းကိုကိုင်တွယ် မရာ မှာလည်း ခန္ဓာကိုယ်နဲ့ ခပ်လှမ်းလှမ်းထား တာမျိုးကို ရှောင်ပါ။ ခါးကို လိမ်ပြီး မတာ မျိုးလည်း မလုပ်သင့်ပါ။

♦ ကိုယ်ဟန်အနေအထားကို ဂရု ပြုပါ
နောက်မှီပါတဲ့ ထိုင်ခုံတစ်ခုမှာ မတ် မတ်ထိုင်ပြီး တင်ပါးနဲ့ ထိုင်ခုံနောက်မှီကို ထိထိုင်ပါ။ ဒူးခေါင်းတွေက တင်ပါးဆုံ ထက်အနည်းငယ်မြင့်နေရပါမယ်။ အချိန် ကြာကြာမတ်တတ်ရပ်ရတဲ့ အလုပ်လုပ်သူ တွေအနေနဲ့ ခွေးခြေထိုင်ခုံပု တစ်လုံးပေါ် ခြေထောက်တစ်ဖက်တင်ထားပြီး ၁၅ မိ နစ်ပြည့်တိုင်း ခြေထောက် ဘယ်၊ ညာ ပြောင်းတင်ပေးပါ။

♦ ပိုက်ဆံအိတ်ထဲက ပစ္စည်းတွေ လျှော့ပါ
သင်ရဲ့ ဘေးလွယ်အိတ်ထဲက မလို အပ်တဲ့ပစ္စည်းတွေကြောင့် လေးလံပြီး နာ ကျင်မှုကို ဖြစ်စေပါတယ်။ မိန်းကလေး အများစုက လိုအပ်တဲ့အသုံးအဆောင် တွေ၊ အလှပြင်ပစ္စည်းတွေ၊ ဖုန်းနဲ့ ဆက် စပ်ပစ္စည်းတွေ အားလုံး စုံစီနဖာထည့် ထားတာကြောင့် အမှိုက်အိတ်တစ်လုံးလို ဖြစ်နေတတ်ပါတယ်။ တစ်ပတ်တစ်ကြိမ် လောက်တော့ အိတ်ထဲက မလိုအပ်တဲ့ ပစ္စည်းတွေကို ဖယ်ပေးပါ။

♦ ကြိုးရှည်နဲ့ ဘေးစောင်းလွယ်ပါ
အိတ်လွယ်တဲ့ ပုံစံကြောင့်လည်း ခါးနာတာကို ပိုဆိုးစေနိုင်ပါတယ်။ ဘေး လွယ်အိတ်ကို စလွယ်သိုင်းပြီး လွယ်တာ က ပခုံးနှစ်ဖက်ကို မျှခြေဖြစ်စေလို့ ပုခုံး နာကျင်မှုအပြင် ခါးနာတာကိုပါ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။

♦ ဒေါက်မြင့်ဖိနပ် မစီးပါနဲ့
ကမ္ဘာမြေကြီးဆွဲငင်အားကို လွှဲဖယ် လိုက်တာကြောင့် ခါးနာတာကို ဖြစ်စေ တာပါ။ တစ်လက်မဒေါက်လောက်တော့ စီးနိုင်ပေမယ့် အဲဒီထက်မြင့်တဲ့ ဒေါက်မြင့် ဖိနပ်တွေက ခါးနာတာကို ဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ဖိနပ်အပါးတစ် ရန် ဆောင်ထားပြီး အချိန်ကြာမယ်ဆိုပါက ဖိနပ်လဲစီးတာမျိုး လုပ်သင့်ပါတယ်။

♦ ဘောင်းဘီကျပ်ကျပ် မ၀တ်ဆင် ပါနဲ့
ဘောင်းဘီကျပ်ကျပ် ၀တ်ဆင်တာ ကြောင့် ထိုင်တာပြုလုပ်တာ၊ လမ်း လျှောက်တာ၊ ခြေထောက်ကို ကွေးတာ စတာတွေ ပြုလုပ်တဲ့အခါ ခက်ခဲစေပြီး ခါးကို ဒဏ်ဖြစ်စေပါတယ်။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *