ခါးနာနေစဉ် ချက်ချင်းရှောင်ရှားသင့်သည့် အပြုအမူ ခြောက်မျိုး

ခါးနောက်ကျောနာတာက အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အဲဒီပြဿနာကြောင့် အလုပ်အကိုင် ထိခိုက်တာတွေ ဖြစ်တတ်ပါ တယ်။ ခါးနောက်ကျောအောက်ပိုင်း နာတာဖြစ်ပေါ်လာခဲ့ရင် ချက်ချင်းရပ်တန့်သင့်တဲ့ အပြုအမူ ခြောက်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁) နာကျင်မှု ပျောက်ကင်းအောင် စောင့်ဆိုင်းနေခြင်း

ခါးနာတဲ့ဝေဒနာက တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကျော် ကြာနေခဲ့ရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။ မိမိဘာသာ ရောဂါပျောက်နိုးနိုးနဲ့ အကိုက်အခဲ ပျောက်ဆေးတွေသောက်နေမယ်ဆိုရင် ကုသမှုမှာ ခက်ခဲသွားနိုင်ပါတယ်။ ခါးနာ တာကို စောစောစီးစီးကုသမှုခံယူလေလေ၊ ပျောက်ကင်းနှုန်း မြန်လေလေပါ။

၂) အပူ သို့မဟုတ် အအေးကပ်ခြင်းကို ရပ်တန့်လိုက်ပါ

ခါးနာတာကြောင့် အပူ ဒါမှမဟုတ် အအေးကပ်တာက နာကျင်တဲ့ဝေဒ နာသက်သာနိုင်ပေမယ့် ယာယီသာ ပျောက်ကင်းနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ ခန္ဓာကိုယ်အနေအထားမှန်ကန်အောင် လေ့ကျင့်ပေးတာက ခါးနောက် ကျောနာကျင်မှုအတွက် အလွန်ထိရောက်တဲ့ကုသမှုလို့ သိရပါတယ်။

၃) အလေးမခြင်းကို ရပ်တန့်လိုက်ပါ

ခါးနာရတာရဲ့ အဓိကအကြောင်းရင်းက မကြာခဏ အလေးအပင် မရတာကြောင့် ဖြစ်တာပါ။ သင်ရဲ့ အလုပ်က အလေးအပင် မဖို့ လိုအပ်တယ်ဆိုရင် သင်ရဲ့ အလုပ်ရှင်ကိုပြောပြီး အလုပ်ဌာနနေရာ ပြောင်းပါ။

၄) ခဏခဏ ကုန်းကွခြင်းကို ရှောင်ပါ

ခါးနာရတာရဲ့ တခြားအကြောင်းရင်းတစ်ခုက မကြာခဏ ကုန်းကွရတာကြောင့် ဖြစ်တာပါ။ အရှေ့ကို ကုန်းကွလိုက်တာကြောင့် ခါးနောက်ကျောရိုးပေါ်က ချပ်ပြား တွေပေါ်မှာ ဖိအားသက်ရောက်မှုအလွန်များပြားသွားပြီး ြွကက်သားကိုက်ခဲတာနဲ့ နာကျင်တာတွေ ဖြစ်ပေါ်လာပါတယ်။ အရှေ့ကို ကုန်းကွရတာကို တတ်နိုင်သမျှ ရှောင်ပြီး နောက်ဘက်လှန်(ခါးကော့)ပြီး ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။

၅) လေ့ကျင့်ခန်းမပြုလုပ်ဘဲ မနေပါနှင့်

ခါးနာနေစဉ်မှာ လေ့ကျင့်ခန်းပြုလုပ်ခဲ့ရင် နာကျင်မှုရှိနိုင်ပေမယ့် လေ့ကျင့်ခန်း လုပ်တာက ခါးနောက်ကျောနာတာအတွက် အလွန်အသုံးဝင်တယ်လို့ လေ့လာမှု အရ သိရပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ခါးနောက်ကျော ကြွက်သားတွေ သန်မာလာပြီး ခါးရိုးဆစ်နဲ့ ချပ်ပြားအတွင်း သွေးလှည့်ပတ်မှုတွေ ကောင်းမွန်လာနိုင်ပါတယ်။ ဒါ့အပြင် အထိုင်များတဲ့ပုံစံက ခါးနောက်ကျောအတွက် အနေအထားမှန်ကန်မှုမရှိနိုင်ပါဘူး။

၆) ရောဂါရှာဖွေသည့်အပေါ် အာရုံစူးစိုက်မှု ရပ်တန့်လိုက်ပါ

ခါးနောက်ကျောအောက်ပိုင်း နာကျင်သူတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဖြစ်ရတဲ့အ ကြောင်းရင်းကို တိတိကျကျ မသိရှိကြပါဘူး။ ခါးနာဝေဒနာအတွက် ရောဂါရှာဖွေရာ မှာ အရိုး၊ အဆစ်နဲ့ ချပ်ပြားတွေ အသေးစိတ် သိရှိနိုင်ပေမယ့် ဘယ်စစ်ဆေးမှုကမှ ခါးနာရတဲ့အကြောင်းရင်းကို ၁၀ဝ ရာခိုင်နှုန်း မှန်ကန်အောင် တိတိကျကျ မဖော် ပြနိုင်ပါဘူး။

#ဒေါက်တာခင်မိုးမိုး
#သင့်ကျန်းမာရေးအတွက်_ရှောင်ရန်အမူအကျင့်များ (စာအုပ်မှ)
#DontsForYourHealth
#GoodHealthJournal

Post Author: Good Health Journal