ခါးနာတာကို ဘယ်အချိန်မှာ ဆေးရုံဆေးခန်းပြသမလဲ

ခါးနာတာက ဘယ်အချိန်မဆို၊ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ အကိုက်အ ခဲပျောက်ဆေး သောက်တာ၊ အနားယူတာ ပြုလုပ်ပါက သက်သာပျောက်ကင်း နိုင်ပေမယ့် တချို့တွေမှာ ပျောက်ကင်းမှု မရှိဘဲ တခြားပြဿနာတွေ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ဆေးရုံ၊ ဆေးခန်း သွားပြီး ဆရာဝန်ပြသဖို့ လိုအပ်လဲဆိုတာ သင်သိပါရဲ့လား . . .

လတ်တလော ခါးထိခိုက်ဒဏ်ရာ ရထားခြင်း
ကြမ်းပြင်ပေါ် ချော်လဲတာ၊ လှေ ခါးထစ်က ပြုတ်ကျတာ၊ ကားမတော် တဆဖြစ်တာ စတဲ့ ထိခိုက်မှုတစ်ခုခု ဖြစ်ပြီး ခါးနာနေတာမျိုး ခံစားနေရပါ သလား။ ကျောရိုးမကြီးထိခိုက်မိပြီး တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲနေတာမျိုး ဖြစ်နိုင်ပါတယ်။ အကိုက်အခဲပျောက် ဆေးသောက်ရုံနဲ့ မသက်သာနိုင်တဲ့ ဒီလိုအခြေအနေမျိုးမှာ ဆေးရုံ၊ ဆေးခန်း ကို ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ဆီးမထိန်းနိုင်ခြင်း
ခါးနာတာနဲ့အတူ ဆီးမထိန်းနိုင် တာ၊ ဝမ်းမထိန်းနိုင်ဘဲ ထွက်ကျတာမျိုး တွေ ဖြစ်နေပါသလား။ ခြေထောက်၊ တင်ပါးနဲ့ တင်ပါးဆုံပိုင်း ထုံကျဉ်မှုတွေ ပါ ခံစားနေရတယ်ဆိုရင် ပေါ့ဆနေဖို့ မသင့်ပါဘူး။ ကျောရိုးမကြီးရဲ့ အောက် ခြေမှာရှိတဲ့ အာရုံကြောတွေ ဖိမိတာ ကြောင့် ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ် ရာရတာ ဒါမှမဟုတ် ပိုးဝင်ကူးစက်တာ တွေကြောင့် ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသ သင့်တဲ့ အခြေအနေပါ။

အစာအိမ်နာခြင်း
ခါးနာတာနဲ့အတူ အစာအိမ်ပါ နာနေရင် အစာအိမ်ဝေဒနာကြောင့် ခါးနာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်ခဲ၊ တွေ့ရခဲတဲ့ ဝေဒနာမျိုးဖြစ်ပေမယ့် ကိုယ်တိုင်ခံစားရတဲ့အခါ ဘာကြောင့်ဆို တာ သိရှိစေဖို့ပါ။ အစာအိမ်နာတဲ့အခါ နာကျင်မှုက ခါးဆီကိုလည်း သွားတတ် တာကြောင့်ပါ။ နာကျင်မှုက မခံမရပ်နိုင် အောင် ဖြစ်နေမယ်ဆိုရင်တော့ ဆရာ ဝန်နဲ့ မဖြစ်မနေပြသင့်ပါတယ်။

ကြွက်သားများ ကျုံ့ညှစ်ခြင်း
ခါးနေရာမှာ နာကျင်တာထက် ဆုပ် ဆွဲထားသလို ခံစားချက်မျိုးက ကျောက် ကပ်မှာကျောက်တည်တာကြောင့် ဖြစ်နိုင် ပါတယ်။ စားသုံးတဲ့အစားအသောက်တွေ ကြောင့် ကျောက်ကပ်လုပ်ငန်းတွေ ကောင်းကောင်းမလုပ်နိုင်တဲ့အခါ ကျောက် ကပ်ကျောက်တည်နိုင်ပါတယ်။ ဆီးထဲမှာ သွေးပါခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသရပါမယ်။

ထုံကျဉ်ခြင်း
ခန္ဓာကိုယ်ရဲ့ အောက်ပိုင်း (ခါး အောက်ပိုင်း) ထုံကျဉ်မှုကို ခံစားနေရ တယ်ဆိုရင်လည်း ပေါ့ဆဖို့ မသင့်ပါဘူး။ ကျောရိုးမကြီးရဲ့ ခါးပိုင်းမှာရှိတဲ့ အာရုံ ကြောတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ အာရုံကြောတွေကို ထိမိ၊ ဖိမိတာကြောင့် ဖြစ်နိုင်ပါတယ်။ ခါးနာပြီး ခြေထောက် တွေမှာပါ ထုံကျဉ်မှုကို ခံစားနေရတယ် ဆိုရင် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုကို ခံယူသင့်ပါတယ်။

Tip
ခါးနာတာက အများအားဖြင့် သိပ် အရေးမကြီးတာမျိုးဖြစ်နိုင်ပေမယ့် အခု ပြောပြခဲ့တဲ့အချက်တွေပါ ခံစားနေရ တယ်ဆိုရင်တော့ ဆရာဝန်ထံမှာ စစ် ဆေးမှုကို မဖြစ်မနေ ခံယူသင့်ပါတယ်။

 ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal