Charcoal and Tea Tree Oil Face Cleanser

ဝက်ခြံအတွက် အိမ်တွင်းနည်းလမ်းတွေက ရေး မကုန်ပါဘူး။ ဒါပေမဲ့ အိမ်တွင်းသုံးပစ္စည်းတွေနဲ့ ပြု လုပ်ရတာဖြစ်တဲ့အတွက် ဘယ်နည်းလမ်းကိုပဲ သုံးသုံး၊ အချိန်ပေးဖို့တော့ လိုတာပေါ့နော်။ အခုလည်း Acti-vated Charcoal နဲ့ Tea Tree Oil Face Cleanser ပြုလုပ်နည်းကို တွေ့ရှိထားတာမို့ ဖော်ပြပေးလိုက် ပါရစေ။
ဒီနည်းလမ်းကတော့ အသားအရေအတွက် သဘာဝလက်ဆောင်လို့တောင် ပြောလို့ရပါတယ်။ ဒီ အဆီနဲ့ နေ့စဉ် ပုံမှန်မျက်နှာသန့်စင်ပေးရင် အသား အရေမှာ အာဟာရပြည့်ဝလာမယ်။ အစိုဓာတ်ထိန်း ပေးပြီး သက်ကြီးဖြစ်စဉ်ကို ဖြစ်ပေါ်စေတဲ့ ဖရီးရက်ဒီ ကယ်တွေကို တိုက်ထုတ်ပေးပါတယ်။ ဒါ့အပြင် ဝက်ခြံ နဲ့အဆီပြန်တာကိုလည်း ကာကွယ်ပေးနိုင်ပြီး တင်းတိပ် နဲ့ မှဲ့ခြောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

လိုအပ်တာတွေက . . .
– Activated Charcoal Powder – လက်ဖက်ရည် ဇွန်းတစ်ဇွန်းစာ
– ရှားစောင်းလက်ပပ်အနှစ် – စားပွဲဇွန်းတစ်ဇွန်းစာ
– ပျားရည် – စားပွဲဇွန်းတစ်ဇွန်းစာ
– Tနa Tမနန နျနညအငal ဥငူ – အစက် ၂၀ ခန့်
– အုန်းဆီခဲ – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ

ပြုလုပ်နည်း
– ပန်းကန်လုံးတစ်လုံးထဲမှာ Activated Charcoal မှုန့် ထည့်ပါ။
– အဲဒီထဲကို ပျားရည်ပေါင်းထည့်ပါ။
– ပြီးရင် အုန်းဆီခဲထည့်ပါ။
– Tea Tree Essential Oil နဲ့ ရှားစောင်းလက်ပပ်အနှစ်ကို ပါဝင်အချိုးအစားအတိုင်းထည့်ပါ။
– အားလုံးကို သေချာ သမအောင် မွှေလိုက်ပါ။
– ရလာတဲ့အဆီအနှစ်ကို မိမိအသုံးပြုလိုရာ ဘူးခွံလွတ်ထဲထည့်ကာ သိမ်းဆည်းပါ။

အသုံးပြုနည်း
– မျက်နှာပေါ်က မိတ်ကပ်တွေ အရင်ဖျက်ကာ မျက်နှာသစ်ပါ။
– အဆီကို အသုံးမပြုခင်မှာ ဘူးကို အရင်လှုပ်ပေးပါ။
– ပြီးရင် ပက်ပ်တစ်ခုထဲ အနည်းငယ်ထည့်ကာ သင့်မျက်နှာပေါ် လိမ်းပြီး စက်ဝိုင်းပုံစံနှိပ်နယ်ပါ။
– မျက်နှာအနှံ့လိမ်းပြီးပြီဆိုရင် အသားထဲ စိမ့်ဝင်အောင် ၂-၃ မိနစ်ခန့် ထားပါ။
– အဲဒီနောက် ရေနွေးဆွတ်ထားတဲ့ ပိတ်စနုနုနဲ့ ပွတ်သုတ်ကာ သန့်စင်လိုက်ပါ။
– နေ့စဉ် တစ်နေ့ တစ်ကြိမ် ပြုလုပ်ပေးရင် ကောင်းမွန်တဲ့ ရလဒ် ရရှိလာပါလိမ့်မယ်။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *