Charcoal Toothpaste

ကျွန်မတို့ငယ်ငယ်တုန်းက အဘိုးအဘွားတွေဟာ ဖွဲပြာတို့၊ မီးသွေး မှုန့်တို့နဲ့ သွားတိုက်တာကို မြင်ဖူးခဲ့ပါတယ်။ ကျွန်မတို့ကိုလည်း အဲဒါနဲ့ သွားတိုက်စေခဲ့ပါတယ်။ မီးသွေးခဲက မည်းနေတာကို ဘာလို့ သွားတိုက် စေခဲ့သလဲပေါ့။ အခုချိန်မှာတော့ မီးသွေးခဲက သွားကို ဘယ်လောက်အထိ ဖြူစင်အောင် လုပ်ပေးသလဲဆိုတာကို တွေ့ခဲ့ရပါပြီ။ ဒီတော့ ဒီတစ်ပတ် မှာဖော်ပြပေးချင်တာက ဖြူစင်ဝင်းလက်စေတဲ့ သွားလေးတွေ ပိုင်ဆိုင် စေဖို့ မီးသွေးသွားတိုက်ဆေးပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။

မီးသွေးက သင့်သွားမှာ သွားချေးဖတ်တွေကပ် နေတာ၊ သွားချေးကျောက်ဖြစ်နေတာတွေကို ခွာချ ပေးနိုင်ပြီး ဖြူစင်တောက်ပစေနိုင်ပါတယ်။ ကော်ဖီနဲ့ အနီရောင်ဝိုင်တွေကြောင့် သွားအရောင်စွန်းထင်း တာကိုလည်း ချွတ်ပစ်နိုင်ပါသတဲ့။ ခံတွင်းအတွင်း pH ဓာတ်ကို ထိန်းညှိပေးတဲ့အပြင် ခံတွင်းရနံ့ဆိုး တာကိုလည်း တိုက်ထုတ်ပစ်နိုင်ပါတယ်။
ဒီ Charcoal Toothpaste ပြုလုပ်နည်းမှာ ပါဝင်တဲ့ တခြားပါဝင်ပစ္စည်းဖြစ်တဲ့ ကြက်ဥခွံမှုန့် ဟာလည်း ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတာကြောင့် သင့်သွားတွေကို ခိုင်မာစေနိုင်ပါတယ်။
နောက်ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ အုန်းဆီက လည်း ခံတွင်းကျန်းမာရေးအတွက် များစွာအကျိုးရှိ ပါတယ်။

လိုအပ်တာတွေက

♦ မီးသွေးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
♦ ကြက်ဥခွံမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာ
♦ အုန်းဆီ ထမင်းစားဇွန်း တစ်ဇွန်းစာ

ပြုလုပ်နည်း

♦ ပန်းကန်လုံးတစ်လုံးထဲမှာ မီးသွေး မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ထည့်ပါ။


♦ ပြီးရင် အဲဒီထဲကို ကြက်ဥခွံမှုန့် ထည့် လိုက်ပါ။


♦ အဲဒီပေါ်ကနေ အုန်းဆီကို ထည့်ပါ။


♦ ပါဝင်ပစ္စည်းအားလုံးကို သမအောင် သေချာမွှေပါ။


♦ ရလာတဲ့အနှစ်ကို ဖန်ပုလင်းငယ် တစ်ခုအတွင်း ထည့်သိမ်းလိုက်ပါ။

Tips!

♦ သွားတိုက်တော့မယ်ဆိုရင် အဲဒီ အနှစ်ကို သွားတိုက်သွားပွတ်တံထဲ အနည်းငယ်ထည့်ပါ။
♦ နည်းစနစ်မှန်တဲ့ သွားတိုက်နည်းနဲ့ တိုက်ပါ။
♦ ပြီးရင် ကြက်သီးနွေးရေနဲ့ ပလုတ် ကျင်းပေးပါ။
♦ နေ့စဉ် အသုံးပြုနိုင်ပါတယ်။

◘ဆူးမြာ

Post Author: Good Health Journal