Chemical Peeling လုပ်သင့်လား

Peeling လုပ်တယ ဆိုတာကို သင် ကြားဖူးမှာပါ။ လုပ်ဖူးတာလည်း ရှိမှာပါ။ ဒါက အရေပြားဆိုင်ရာ
ပြုပြင်ပြောင်းလဲတဲ့ အလှအပကဏ္ဍမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Chemical Peeling ကို မျက်နှာ၊
လက်နဲ့ လည်ပင်းအရေပြားတွေမှာ ပြုလုပ်နိုင်ပါတယ်။ အပေါ်ယံ အရေပြားအလွှာကို ခွာပစ်တာမို့
ပီးလင်း လုပ်တယ်လို့ခေါ်ပြီး ဓာတုပစ္စည်းအကူ အညီသုံးရတာမို့ ကယ်မီကယ် ပီးလင်း ဖြစ်လာတာပါ။

ဘာအတွက် Peeling လုပ်ကြလဲ
Chemical Peeling လုပ်တာက
– မျက်လုံးနဲ့ နှုတ်ခမ်း တစ်ဝိုက်အရေးကြောင်း
– နေရောင်ခြည်နဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးကြောင်း
– အနာရွတ်အသေးစား
– တချို့ဝက်ခြံအမာရွတ်
– အမည်းစက်၊ တင်းတိပ် စတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

သုံးတဲ့ ဓာတုပစ္စည်းတွေကPeeling လုပ်ဖို့ သုံးတဲ့ ဓာတုပစ္စည်းတွေက အရေပြား အခြေအနေပေါ် မူတည်ပါတယ်။
Chemical အပျော့စား အက်စစ်က အယ်လ်ဖာဟိုက်ဒရိုစီ ဖြစ်ပြီးတော့ အရေပြား အရောင်မညီတာ၊
ကြမ်းတာတွေကို ပြုပြင်နိုင်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ လက်တွေမှာ အသုံးပြုနိုင်ပါတယ်။

Peeling လုပ်ဖို့ အသုံးပြုတဲ့ အလယ်အလတ် အက်စစ်ကတော့ ဂလိုင်ကောလစ် ဒါမှမဟုတ်
ထရိုင်ကလိုရို အစီတစ်အက်စစ် ဖြစ်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အမည်းစက်တွေ ၊
အရေးကြောင်းတွေ၊ တင်းတိပ်တွေနဲ့ အသားရောင်မညီတာတွေအတွက် အသုံးပြုနိုင်ပါတယ်။
Actinic keratosis လို့ ခေါ်တဲ့ အရေပြားအပို၊ အသားပို ထွက်လာတာမျိုးမှာလည်း အသုံးပြု
တတ်ပါတယ်။

အရေးကြောင်းတွေ၊ တင်းတိပ်၊ အမည်းစက်တွေနဲ့ အမာရွတ် အသေးစားတွေအတွက် ပိုပြင်းတဲ့
အက်စစ်ကတော့ ဖီနော ဖြစ်ပါတယ်။ အရေပြားပြောင်းလဲတာ သိသိသာသာ မြင်တွေ့ရမှာ ဖြစ်ပြီး
မျက်နှာအရေပြားအတွက် လူနာတစ်ယောက်ကို တစ်ကြိမ်ပဲ လုပ်လို့ရပါတယ်။

Chemical Peeling လုပ်တာ နာလား
ထုံဆေးတွေ သုံးတာမျိုးတော့ မရှိပါဘူး။ Peeling မလုပ်ခင် မျက်နှာကို အရင်ဆုံး သန့်စင်ပေးမှာပါ။
ဓာတုပစ္စည်း တစ်မျိုး ဒါမှမဟုတ် နှစ်မျိုးလောက်ကို မျက်နှာ အရေပြားပေါ် သုတ်လိမ်းပေးမှာ
ဖြစ်ပါတယ်။ ငါးမိနစ်ကနေ ဆယ်မိနစ် အတွင်းမှာ စပ်ဖျင်းဖျင်း ဖြစ်တာ၊ ယားစိစိဖြစ်တာ ဖြစ်လာပါမယ်။
ဒီအခါ ရေခဲဝတ်နဲ့ အသာအယာ လိုက်ဖိပေးပါလိမ့်မယ်။ ဒါက သင့်အရေပြား ပူစပ်စပ်၊
ယားကျိကျိဖြစ်တာကို သက်သာသွားစေပါတယ်။ Peeling လုပ်ပြီးတဲ့ အခါမှာ မျက်နှာအရေပြား
အစိုဓာတ်ရဖို့ Moisturizer ပါတဲ့ Mask ကို အသုံးပြုပေးပါလိမ့်မယ်။ Peeling လုပ်ပြီး တစ်ပတ်၊ နှစ်ပတ်
လောက်မှာ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးရပါမယ်။

Peeling လုပ်ပြီးရင် ဘာတွေ ဂရုစိုက်ရမလဲ
Peeling လုပ်ပြီးရင် အရေပြားက ယာယီ အချိန်အတွင်း နေရောင်ခြည်ဓာတ်ကို
နည်းနည်းလေးမှမခံနိုင်ဘဲ Sensitive ဖြစ်နေမှာပါ။ UVA ရော UVB ရော ကာကွယ်ပေးနိုင်တဲ့ SPF ၃၀
ကျော် ပါဝင်တဲ့ နေလောင်ကာခရင်မ်ကို နေ့စဉ် လိမ်ပေးရပါမယ်။ အထူးသဖြင့် နံနက် ၁၀ နာရီကနေ
နေ့လည် ၂ နာရီ အတွင်း နေရောင်အောက်မှာ အပြင်မထွက်ပါနဲ့။ အပြင်သွားတိုင်း ဦးထုပ်၊ ထီး တို့ကို
အသုံးပြုပါ။ Chemical Peeling လုပ်ပြီး တစ်ပတ်လောက်က Facial Scrub တွေ မသုံးရပါဘူး။
အရေပြား ပုံမှန်ပြန်ဖြစ်ဖို့ ကြာချိန်က တစ်ပတ်၊ နှစ်ပတ်ကနေ သုံးပတ်အထိ ကြာနိုင်ပါတယ်။ နောက်
ထပ် ဆောင်ရန်၊ ရှောင်ရန်တွေကို သင် Chemical Peeling ခံယူတဲ့ ဆေးရုံ၊ ဆေးခန်းမှာ
သေချာမေးမြန်းပါ။

Peeling နဲ့ မပျောက်နိုင်တာတွေက –
အရေပြားလျော့တွဲတာ၊ ထင်ရှား ကြီးမားတဲ့ အရေးကြောင်းတွေကိုတော့ Chemical Peeling နဲ့
မကုနိုင်ပါဘူး။

 ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *