ခံတွင်းနံ့က ပေါင်းသင်းဆက်ဆံရေးမှာသာမက ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။ ခံတွင်းနံ့နဲ့ ပတ်သက်ပြီး သိသင့်တဲ့ ဗဟုသုတတွေကို လေ့လာကြည့်ကြရအောင်နော်။
၁။ ပန်းသီးနဲ့လိမ္မော်သီးတွေက ခံတွင်းနံ့ ကောင်းစေနိုင်သလား။
(က) မှန်
(ခ) မှား
၂။ ကြက်သွန်ဖြူက ခံတွင်းနံ့ဆိုးစေပြီး သွားတိုက်ပလုတ်ကျင်းပြီးတာတောင် အနံ့ကျန်နေနိုင်လား။
(က) မှန်
(ခ) မှား
၃။ လက်ဖက်ရည်ကြမ်းမှာပါတဲ့ ဘယ်ဓာတ်က ခံတွင်းနံ့အတွက်ကောင်းစေနိုင်သလဲ။
(က)ကဖင်းဓာတ်
(ခ) ဗီတာမင်စီ
(ဂ) Polyphenol Antioxidants
၎။ သွားကြားထိုးကြိုးကို ဘယ်လောက် အရှည်အသုံးပြုသင့်လဲ။
(က) ၆လက်မ
(ခ) ၁၀လက်မ
(ဂ) ၁၂လက်မ
(ဃ) ၁၈လက်မ
၅။ ခံတွင်းနံ့နံတာက မျိုးရိုးလိုက်တတ်ပါသလား။
(က) မှန်
(ခ) မှား
၆။ သွားမှန်မှန်တိုက်၊ ပလုတ်ကျင်း၊ သွားကြားထိုးရင် ခံတွင်းနံ့မနံတော့ဘူးလား။
(က) မှန်
(ခ) မှား
၇။ ဘာဂါတွေ၊ Steak အသားတွေက ခံတွင်းနံ့ဆိုးစေလား။
(က) မှန်
(ခ) မှား
၈။ ကလေးငယ်တွေရဲ့ သွားကို သန့်စင်ပေးစရာမလိုဘူး။
(က) မှန်
(ခ) မှား
၉။ တံတွေးပမာဏအနည်းအများက –
(က) ခံတွင်းနံ့အပေါ် အကျိုးသက်ရောက်မှုရှိနေတယ်။
(ခ) သွားဘယ်နှချောင်းရှိလဲပေါ်မူတည်နေတယ်
၁၀။ တချို့ဆေးဝါးတွေက ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။
(က) မှန်
(ခ) မှား
၁၁။ ဘယ်အစိတ်အပိုင်းမှာ ရောဂါ ဖြစ်နေရင် ခံတွင်းနံ့ဆိုးနေနိုင်မလဲ။
(က) အာသီး
(ခ) လျှာခင်
(ဂ) လေပြွန်
၁၂။ သွားကြားထိုးပြီးရင် ဘာလုပ်ဖို့ အရေးကြီးလဲ။
(က) မှန်ကြည့်ပါ
(ခ) မျိုချပါ
(ဂ) ပလုတ်ကျင်းပါ
၁၃။ သွားတုတပ်ထားရင်ကော ခံတွင်းနံ့ဆိုးလား။
(က) မှန်
(ခ) မှား
အဖြေများ
၁။ (က) မှန်
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ခံတွင်းနံ့ဆိုးတာကို သက်သာစေပါတယ်။ အသီးအနှံတွေမှာ ရေဓာတ်များများပါလို့ အာခံတွင်းကို စွတ်စိုစေပါတယ်။ ခံတွင်းစွတ်စိုပြီး တံတွေးများများထွက်တာက ခံတွင်းနံ့လတ်ဆတ်စေတဲ့ သဘာဝနည်းတစ်ခုပါ။
၂။ (က) မှန်
ကြက်သွန်ဖြူကို စားပြီး အစာခြေပြီးနောက်မှာ ကြက်သွန်ဖြူထဲက အနံ့ထွက်တဲ့အရာကို သွေးထဲ စုပ်ယူလိုက်ပြီး အဆုတ်ထဲပို့ဆောင်ပေးကာ ဓာတ်ငွေ့အနေနဲ့ပြန်ထွက်တာကြောင့် ခံတွင်းနံ့ကို ဆိုးစေပါတယ်။ သွားတိုက်တာ၊ ပလုတ်ကျင်းတာတို့က ကြက်သွန်နံ့ကို တခဏပဲ ပျောက်စေကာ ဓာတ်ငွေ့မကုန်မချင်း အနံ့ကတော့ ရနေဦးမှာပါ။
၃။ (ဂ) Polyphenol Antioxidants
လက်ဖက်ရည်ကြမ်းထဲမှာပါတဲ့ ဒီဓာတ်က သွားပိုးမစားအောင်၊ ခံတွင်းနံ့မဆိုးအောင် ကာကွယ်ပေးပါတယ်။
၎။ (ဃ) ၁၈လက်မ
သွားကြားပွတ်ကြိုးကို လက်တစ်ဖက်ရှိ လက်ချောင်းမှာ ပတ်၊ ကျန်တဲ့ တစ်ဖက်စွန်းကိုလည်း နောက်တစ်ဖက်ရှိ လက်ချောင်းမှာပတ်ပြီး သွားကြားထဲ လွှတိုက်သလို ကြိုးထိုးတာက သွားကြားပွတ်ကြိုးအသုံးပြုတဲ့အကောင်းဆုံးနည်းပါ။
၅။ (ခ) မှား
မိဘတွေ ခံတွင်းနံ့နံတိုင်း ကလေးတွေမှာ နံချင်မှနံမှာပါ။ ခံတွင်းနံ့နံတာက ခံတွင်းကျန်းမာရေး၊ သန့်ရှင်းရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ကျန်းမာရေးကောင်းနေပါက ပုံမှန်သွားတိုက်ပေးရင် ခံတွင်းနံ့လန်းဆန်းသင်းပျံ့နေမှာပါ။
၆။ (ခ) မှား
ခံတွင်းနံ့ဆိုးတာက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ အသည်းနဲ့ ကျောက်ကပ်ရောဂါစတဲ့ ကျန်းမာရေးအခြေအနေတွေမှာလည်း တွေ့နိုင်ပါတယ်။ ခံတွင်းနံ့နံရင် သွားဆရာဝန်နဲ့ အရင်စစ်ပြီး သွားနဲ့ ခံတွင်းမှာ ရောဂါရှိ မရှိ အရင်စစ်ပါ။ ရောဂါမရှိဘူးဆိုရင် တခြားကျန်းမာရေးဆိုင်ရာ ပြဿနာကြောင့် ဖြစ်နိုင်လို့ ဆေးခန်းသွားပြသင့်ပါတယ်။
၇။ (က) မှန်
အနီရောင်အသားတွေက ခံတွင်းနံ့ဆိုးစေပါတယ်။ အသားလျှော့စားတာက ခံတွင်းနံ့ကို ကောင်းစေပါတယ်။ သွားကြားထဲ ညပ်နေတဲ့ အသားစလေးတွေ၊ ဒိန်ခဲစလေးတွေ ပုပ်သိုးလာတဲ့အခါမှာ ခံတွင်းနံ့ဆိုးတတ်ပါတယ်။
၈။ (က) မှား
ကလေးသွားလေးတွေမှာတောင် သွားပိုးစားတတ်ပါတယ်။ သွားမပေါက်သေးတဲ့ နို့စို့ကလေးတွေရဲ့ သွားဖုံးကို နူးညံ့တဲ့ အ၀တ်လေးနဲ့ သုတ်ပေးပါ။ သွားပေါက်လာပြီဆိုရင် ကလေးသွားပွတ်တံ၊ ကလေးသွားတိုက်ဆေးနဲ့ သန့်ရှင်းပေးပါ။
၉။ (က) ခံတွင်းနံ့အပေါ် အကျိုးသက်ရောက်မှုရှိနေတယ်
တံတွေးက အာခံတွင်းထဲက အစားအစာအကြွင်းအကျန်တွေကို သန့်စင်ဖယ်ရှားပေးပါတယ်။ တံတွေးအထွက်နည်းတဲ့သူတွေမှာ ခံတွင်းနံ့ဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ အစားအစာအကြွင်းအကျန်တွေ ကျန်ရစ်နေတာကြောင့်ပါ။
၁၀။ (က) မှန်
ဆေးအမျိုးအစားပေါင်း ၄၀၀ ကျော်က အာခံတွင်းကို ခြောက်သွေ့စေနိုင်ပါတယ်။ တံတွေးအထွက်နည်းတာနဲ့အမျှ ဘက်တီးရီးယားပေါက်ဖွားတာတွေများလာလို့ ခံတွင်းနံ့ဆိုးစေပါတယ်။
၁၁။ (က) အာသီး
ခံတွင်းနံ့ဆိုးတာ၊ လည်ချောင်းနာတာ၊ မျိုချရခက်တာနဲ့ ဖျားတာတို့က အသီးရောင်တဲ့လက္ခဏာရပ်တွေပါ။ ဖုန်ထူတဲ့ နေရာတွေ သွားလို့ အာသီးမှာ ဖုန်တွေကပ်နေရင်လည်း ခံတွင်းနံ့ဆိုးတတ်ပါတယ်။ ဆားခတ်ထားတဲ့ ရေနွေးနဲ့ ပလုတ်ကျင်းရင် ကောင်းလာနိုင်ပါတယ်။
၁၂။ (ဂ) ပလုတ်ကျင်းပါ
သွားကြားထိုးပြီးတာနဲ့ ပလုတ်ကျင်းပါက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ ရောဂါပိုးသေစေနိုင်တဲ့ ခံတွင်းသန့်စင်ဆေးရည်တွေက ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။
၁၃။ (က) မှန်
သွားအစစ်မဟုတ်တာတောင် သွားတုမှာ ဘက်တီးရီးယားပေါက်ဖွားနိုင်သလို အစားအစာအကြွင်းအကျန်တွေ ရှိနေနိုင်ပါတယ်။ သွားတုကို ချွတ်လို့ရရင် ညဘက်ကျ ချွတ်ထားပြီး တိုက်ချွတ်ဆေးကြောကာ ပိုးသတ်ဆေးစိမ်ထားလိုက်ပါ။
♥ ဒေါက်တာနုမြတ်သိင်္ဂီဦး ♥
Good Health Journal 663