Cinnamon Clove Mouthwash Spray ပြုလုပ်နည်း

•• အခုဖော်ပြပေးမယ့် သဘာဝခံတွင်းသန့်ရည်ပြုလုပ်နည်းက ခံတွင်းရနံ့တင် သင်းပျံ့စေတာမဟုတ်ပါဘူး၊ သူ့မှာ ပါဝင်တဲ့ပစ္စည်းတွေရဲ့ ရနံ့ကြောင့် ခေါင်းအုံ၊ ခေါင်းခဲ စိတ်မကြည်မလင်ဖြစ်နေတာတွေကိုပါ သက်သာစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ ကဲ ပြုလုပ်ကြည့်ရအောင်…။

လိုအပ်သည့်ပစ္စည်းများ
♦ သစ်ကြံပိုးခေါက်
♦ လေးညှင်းပွင့်
♦ Organic Agave (iHerb.com တွင်ရရှိနိုင်)
♦ ဗနီလာဆီ
♦ ရေ

ပြုလုပ်နည်း
♦ အိုးတစ်လုံးထဲကို ရေခွက်တစ်ခွက်နဲ့တစ်ဝက်စာ ထည့်ကာ ကျိုပါ။
♦ ပွက်ပွက်ဆူလာရင် လေညှင်းပွင့် ၁၃-၁၄ စေ့ခန့်ထည့်ပါ။
♦ ပြီးရင် သစ်ကြံပိုးခေါက်မှုန့် ဇွန်းတစ်ဇွန်းစာထည့်ပါ။
♦ အဲဒီနှစ်မျိုးပေါင်းကို ခဏကျိုပြီးနောက် မီးဖိုပိတ်ကာ သေချာမွှေပါ။
♦ ပြီးရင် မီးအေးအေးနဲ့ ၁၀ မိနစ်ခန့် ဆက်လက်အပူပေးပါ။
♦ ၁၀ မိနစ် ပြည့်သွားရင် မီးဖိုပေါ်က ချပြီး အအေးခံပါ
♦ အဖုံးပါပုလင်းငယ်ရဲ့အဝမှာ ဆန်ခါတင်ကာ ဆန်ခါပေါ်မှာ တစ်ရှူးစက္ကူစတွေခင်းပြီး ခုနက အအေးခံထားတဲ့ အရည်တွေကို စစ်ထည့်ပါ။
♦ အဲဒီနောက် ရေခဲသေတ္တာထဲ ထည့်ကာ အအေးခံပါ။
♦ အေးသွားပြီဆိုရင် ဗနီလာဆီနဲ့ Agave ဆီကို အနည်းငယ်ဆီ ပေါင်းထည့်ပါ။
♦ ပုလင်းဖုံးကိုပိတ်ကာ သမအောင် လှုပ်ခါလိုက်ပါ။
♦ ပြီးရင် အသင့်သယ်ဆောင်သွားလို့ရလွယ်တဲ့ စပရေးပုလင်းငယ်ထဲ ပြောင်းထည့်ကာ အသုံးပြုနိုင်ပါပြီ။

ဆူးမြာ
Ref : VeganNaiseyYoutube

Post Author: Good Health Journal