CLOVE OIL ပြုလုပ်နည်း

သွားကိုက်တာအတွက် လေးညှင်းဆီက သဘာဝအကိုက်အခဲပျောက်ဆေးလို့တောင် ပြောလို့ရပါတယ်။ သွားကိုက်တာက အင်မတန်ခံရခက်တဲ့ ဝေဒနာဆိုးကြီးမို့ အခုဖော်ပြပေးမယ့် လေးညှင်းဆီပြုလုပ်နည်းကို ကိုယ်တိုင်ပြုလုပ်ပြီး အိမ်မှာဆောင်ထားလိုက်နော်။

ဒါ့ပြင် လေးညှင်းဆီက တခြားအလှအပနဲ့ ကျန်းမာရေးအတွက်လည်း များစွာ အသုံးဝင်ပါတယ်။

လိုအပ်သည့်ပစ္စည်းများ
♦ လေးညှင်းပွင့်
♦ Base Oil (သံလွင်ဆီ ဒါမှမဟုတ် ဗာဒံစေ့ဆီ)

ပြုလုပ်နည်း
♦ လေးညှင်းပွင့်တွေကို ငရုတ်ဆုံသန့်သန့်ထဲ ထည့်ကာ လေးစိတ်ကွဲ ထောင်းပါ။
♦ ပြီးရင် ဖန်ပုလင်းငယ် ဒါမှမဟုတ် မိမိအသုံးပြုလိုရာ ဘူးတစ်ခုထဲ ထည့်ပါ။
♦ Base Oil(Olive Oil) ကို လေးညှင်းပွင့်တွေ မြုပ်တဲ့ အထိ ထည့်ပါ။
♦ အဲဒီပုလင်းကို အဖုံးသေချာပိတ်ကာ နှစ်ကြိမ်ခန့် သေချာသမအောင် လှုပ်ခါပါ။
♦ တစ်ပတ်ခန့် သိပ်ထားရမှာဖြစ်ပြီး အဲဒီတစ်ပတ်အတွင်း တစ်နေ့ တစ်ကြိမ် လှုပ်ခါပေးပါ။
♦ တစ်ပတ်ကြာပြီးနောက် Cheese Cloth ကို ပုလင်းဝမှာ ချည်ကာ ဆီစစ်ယူပါ။
♦ အခုဆိုရင် အသင့်အသုံးပြုလို့ရတဲ့ လေးညှင်းဆီရပြီပေါ့။

#ဆူးမြာ
#DIY
#GoodHealthJournal_848

Translated from : wikiHow & MyDIYHub Youtube

Post Author: Good Health Journal