Coconut milk hair mask

သင်္ကြန်လည်ထားလို့ ပျက်စီးသွားတဲ့ ဆံသားတွေကြောင့် စိတ်ညစ်နေပါသလား။ နေရောင်ထိလိုက်၊ သင်္ကြန်ရေစိုလိုက်ဖြစ်ခဲ့လို့ ပျက်စီးသွားတဲ့ ဆံသားတွေအတွက် အုန်းနို့ Hair Mask ပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။

လိုအပ်တာတွေက . .
– အုန်းနို့ ခွက်တစ်ဝက်စာ
– ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ
– သံပရိုရည် ထမင်းစားဇွန်းတစ်ဇွန်းစာ
အုန်းနို့က ဆံသား အာဟာရဓာတ်ပြည့်ဝစေဖို့နဲ့ အစိုဓာတ်ထိန်းဖို့ ကူညီပေးနိုင်ပါတယ်။
ပျားရည်က နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ဆံသားရင်းမြစ်တွေ ကို ပြန်လည်ကုသပေးနိုင်ပြီး ဆံသားအိညက်စေပါတယ်။
သံပရိုရည်ကတော့ ဆံပင်သန်စေဖို့နဲ့ ဗောက်ထတာကို ကုသဖို့ အသုံး ဝင်ပါတယ်။

ပြုလုပ်နည်း
– ပန်းကန်လုံးတစ်လုံးထဲကို အုန်းနို့ခွက်တစ်ဝက်စာထည့်ပါ။ (အုန်းနို့ကို ကိုယ်တိုင်ပြုလုပ်ထားတာက ပိုမိုကောင်းမွန်ပါတယ်။ အုန်းသီးခြစ်ကာ ရလာတဲ့အုန်းသီးဖတ်တွေကို ပိတ်ပါးစထဲထည့်ကာ အရည်ညှစ်ယူပါ)
– အဲဒီထဲကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ပေါင်းထည့်ပါ။
– ပြီးရင် သံပရိုသီးကို တစ်ခြမ်းလှီးကာ ထမင်းစားဇွန်းတစ်ဇွန်းစာခန့် အရည်ညှစ်ကာ ခုနက ပန်းကန်လုံးထဲ ပေါင်းထည့်ပါ။
– အဲဒီပါဝင်ပစ္စည်းတွေကို မွှေတံ ဒါမှမဟုတ် ခက်ရင်း အသုံးပြုကာ သေချာသမအောင်မွှေပါ။

အသုံးပြုနည်း
– ရလာတဲ့ အရောအစပ်ကို ဘရပ်ရှ်နဲ့ဆွတ်ပြီး ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းပါ။
– ပြီးရင် ဦးခေါင်းကို Shower Cap ဆောင်းကာ ၂၅ မိနစ်ခန့် ထားပါ။
– အဲဒီနောက် ရေနဲ့ ဆေးကြောပါ။
– ဆံပင်ကို ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်ပျော့ပျော့နဲ့ လျှော်ပြီး ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးပါ။
– Hair Dryer အသုံးမပြုဘဲ သဘာဝအတိုင်း ဆံပင်ခြောက်သွေ့အောင် ပဝါနဲ့ သုတ်ပါ။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *