ခရီးသွားနေတုန်း ၀ိတ်တက်မှာ စိုးရိမ်နေလား

အပန်းဖြေခရီးဆိုတာ အနည်းဆုံး တစ်နှစ်တစ်ခါတော့ သွားသင့်ပါတယ်။တစ်နှစ်တစ်ခါ ရက်ပိုင်းလေးခရီးထွက် ပြီး စားချင်တာစား ကြိုက်တဲ့အချိန်စား တာက ခန္ဓာကိုယ်မှာ အရမ်းပြောင်းလဲမ သွားတဲ့အတွက် အလွယ်တကူပြန်ထိန်း နိုင်ပါတယ်။ ဒါပေမဲ့ သင်ရဲ့အလုပ်ကြောင့် ဖြစ်ဖြစ်၊ ၀ါသနာအရပဲဖြစ်ဖြစ် ခရီးသွား တာကို အရမ်းနှစ်သက်သူတွေအတွက် တော့ ကိုယ်အလေးချိန် တက်လာနိုင်တာ ကို သတိထားရပါမယ်။
ဘာကြောင့်လဲဆိုတော့ ခရီးစဉ်တစ် လျှောက်မှာ ကျန်းမာရေးနဲ့ ညီညွတ်တာ ကို သတိထားပြီး စားဖြစ်ဖို့ခက်ပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအဖော် တွေပါရင် သူတို့စားတာ လိုက်စားဖြစ်တာ နဲ့ မဆာလည်း စားချိန်မို့ စားလိုက်ရတာနဲ့ ဟိုဟာ ဒီဟာနည်းနည်းစီ ဒေသထွက်စာ တွေ လိုက်မြည်းစမ်းတာနဲ့ ခန္ဓာကိုယ်က လိုအပ်တာထက် ကယ်လိုရီတွေ ပိုစားမိ နိုင်ပါတယ်။
ခရီးစဉ်တစ်လျှောက်မှာ နေရာအ သစ်အဆန်းတွေ သွားရောက်လည်ပတ် နေတာနဲ့ ဟိုတယ်မှာ အားကစားခန်းမရှိ ရင်တောင် သင့်အနေနဲ့ အားကစားလုပ်ဖို့ စိတ်ပါမှာ မဟုတ်ပါဘူး။ ဒီအတွက် ခရီး သွားတိုင်း ကိုယ်အလေးချိန်တက်မလာ စေဖို့ သိထားသင့်တာလေးတွေ ရေးပေး လိုက်ပါတယ်။

(၁) ကိုယ်လက်လှုပ်ရှားရှိဖို့ကြိုးစားပါ
ခရီးသွားတယ်ဆိုတာ စိတ်ပျော် ရွှင်ပြီး သက်သောင့်သက်သာဖြစ်ဖို့ အဓိကပါ။ ကျန်းမာရေးထိခိုက်စေဖို့ အ ကြောင်းပြချက်မဟုတ်ပါဘူး။ ဒီတော့ ခရီးသွားတဲ့အခါ သင့်အနေနဲ့ warm up exercises လေးတွေလုပ်တာ၊ ရေကူး တာ၊ စက်ဘီးစီးတာလောက်တော့ လုပ် နိုင်အောင် ကြိုးစားပါ။ ဒါက ကယ်လိုရီ အပိုဆောင်းတွေကို လောင်ကျွမ်းဖို့ အ ထောက်အကူပြုမှာပါ။

(၂) ကြိုတင်ပြင်ဆင်ပါ
ခရီးသွားတာ ကားနဲ့ဖြစ်ဖြစ်၊ ရထား နဲ့ဖြစ်ဖြစ်၊ လေယာဉ်နဲ့ဖြစ်ဖြစ် ကျန်းမာ ရေးအတွက် သင့်တော်တဲ့ အဆာပြေစာ ကို ကိုယ်တိုင်ပြင်ဆင်သွားပါ။ သင်ဗိုက် ဆာတဲ့အခါ ရှိတဲ့ဟာ ရတဲ့ဟာနဲ့ ဖြစ်သ လို၊ အဆင်ပြေသလို မစားမိစေချင်လို့ပါ။ အသီးအနှံ တစ်ဘူး၊ ဆန်လုံးညိုပေါင်မုန့် နဲ့ အသား၊ အစေ့အဆန် စတာတွေက သင့်တော်ပါတယ်။

(၃) အပြင်စာဂရုစိုက်ပါ
ခရီးသွားတော့ အပြင်စာစားရမှာပဲ ဖြစ်ပါတယ်။ ဆီကြော်စာ၊ ဟင်းအနှစ်၊ ဆီများတဲ့အစားအစာတွေကို ရှောင်ပြီး ရိုးရှင်းတဲ့ဟင်းလျာတွေမှာစားပါ။ ဥပမာ- ပေါင်းထားတာ၊ ပြုတ်ထားတာ၊ ကင်ထား တာတို့ စားပါ။ ကယ်လိုရီ နည်းနည်းနဲ့ ချက်ပြုတ်ထားတာစားပါ။

(၄) ပိုမစားပါနဲ့
ခရီးသွားတဲ့အခါ ပင်ပန်းလို့ဆိုပြီး ပိုစားမိတတ်ပါတယ်။ ဒီလိုမဖြစ်အောင် စားနေကျ အချိန်မှန်အောင် ဂရုစိုက်ပါ။ တစ်ခါစားနည်းနည်းနဲ့ ဖြည်းဖြည်းချင်း စားပါ။ တစ်ခါစားတဲ့ပမာဏကနေ ပိုတဲ့ ကယ်လိုရီတွေက အဆီစုစေပြီး ကိုယ်အ လေးချိန် မြင့်တက်လာစေပါတယ်။

(၅) အယ်လ်ကိုဟောမသောက်ပါနဲ့
အယ်လ်ကိုဟောနဲ့ အချိုစာတွေ မ စားမိအောင်ရှောင်ပါ။ အယ်လ်ကိုဟော အစား အသီးဖျော်ရည်တွေ အချိုလျှော့ပြီး သောက်ပါ။ အယ်လ်ကိုဟောသောက် တာက ခန္ဓာကိုယ်က ရေဓာတ်ခန်းစေပြီး ပိုပင်ပန်းစေပါတယ်။ ခရီးထွက်တာဟာ စိတ်ရောကိုယ်ပါ အနားရစေဖို့ဖြစ်တာ ကြောင့် ခရီးသွားတုန်း အယ်လ်ကိုဟော သောက်တာ ရှောင်ပါ။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *