ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်စိတ်လွန်ကဲနေပြီလား

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့နိုင်ငံတွေ ရှိနေပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ လုံးဝစိတ်မပူတဲ့သူတွေ ရှိသလို အစိုးရိမ်လွန်နေသူတွေ လည်းရှိပါတယ်။ စိုးရိမ်စိတ်လွန်ကဲ နေပြီထင်ရင်တော့ စိတ်သက်သာရာရစေ ဖို့ ရေးသားလိုက်ပါတယ်။

(၁) သင်တစ်ယောက်တည်းမဟုတ်ပါဘူး
ရောဂါကပ်ဘေးနဲ့ကြုံရမှာစိုးရိမ်နေသူတွေအများကြီးပါ၊ လူတိုင်းသေရမှာကို တွေးမိရင် ထိတ်လန့်ကြမှာအမှန်ပါပဲ၊ သင် တစ်ယောက်တည်းမဟုတ်ပါဘူး။ တစ် ကမ္ဘာလုံးရင်ဆိုင်နေရတာဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ
ကိုယ့်ဘက်က လုပ်နိုင်တာကတော့ ကိုယ်တိုင်ရဲ့ကျန်းမာရေးအတွက် အကောင်း ဆုံးဖြစ်အောင် ဂရုစိုက်ဖို့ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မယ်၊ လက်ကို မကြာ ခဏဆေးမယ်၊ လူစုလူဝေးများတဲ့နေရာ တွေသွားတာရှောင်မယ်၊ ကျန်းမာရေးနဲ့ ညီ ညွတ်အောင်စားမယ်၊ ဖြည့်စွက်အားဆေး တွေသောက်မယ်၊ အိပ်ချိန်ပြည့်အောင်အိပ် မယ်ဆိုရင်ကိုယ်ခံစွမ်းအားမြင့်တက်နေမှာပါ။

(၃) မသေချာမှုကို ခံနိုင်ရည်ရှိအောင်ကြိုးစားပါ
လောကကြီးမှာ ဘယ်အရာမှ မတည် မြဲသလို၊ ဘယ်အရာကိုမှလည်း တစ်ထစ်ချ ပြီး ပုံသေပြောလို့မရပါဘူး။ အရာတိုင်းဟာ အခြေအနေအကြောင်းကြောင်းကြောင့် အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ နေ့စဉ် တိုင်းမှာ အကောင်းဆုံးဖြစ်အောင်နေသွား ဖို့ပဲ အဓိကကျပါတယ်။

(၄) စိတ်လှုပ်ရှားမှုကို အာရုံမလွှဲပါနဲ့
သတင်းတွေဖတ်ပြီး နေ့စဉ် စိတ်လှုပ် ရှားနေရတဲ့အဖြစ်ဟာမလွယ်ပါဘူး။ တချို့ လည်း အာရုံပြောင်းဖို့ တီဗီကြည့်တာ၊ စာ အုပ်ဖတ်တာ၊ အစားတစ်ခုခုစားလိုက်တာ မျိုး၊ အလုပ်ထဲစိတ်နှစ်ထားတာမျိုး လုပ် တတ်ပါတယ်။ အာရုံလွှဲပြောင်းတာက ရေ ရှည်မှာမရပါဘူး။ ဒါကြောင့် စိတ်လှုပ်ရှားမှု ဖြစ်ရင် ဖြစ်တဲ့ခံစားချက်အပေါ်အာရုံစူးစိုက် ပြီး အသိအမှတ်ပြုပေးပါ။

(၅) တရားထိုင်ပါ
တရားထိုင်တာဟာ စိတ်တည်ငြိမ်မှု ရစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ တရားထိုင်နေစဉ်မှာ ပေါ်လာတဲ့ စိတ်ခံစား ချက်တွေ၊ အတွေးတွေအကုန်လုံးကိုအသိ အမှတ်ပြုပြီး ဝင်လေ၊ ထွက်လေပြန်ရှုမှတ် ပါ။ စိတ်ရော၊ ကိုယ်ပါတည်ငြိမ်အေးချမ်းမှု ရစေပါလိမ့်မယ်။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal