Coronavirus ရောဂါပိုးရှိသူနှင့် ခြောက်ပေခွဲပတ် လည်တွင်ရှိပါက ၁၅ မိနစ်အတွင်း ရောဂါပိုးကူးစက်ခံရနိုင်

Coronavirus ရောဂါပိုးရှိသူနဲ့ ၆ ပေခွဲပတ်လည်မှာရှိနေ ပါက ၁၅ မိနစ်အတွင်း ရောဂါပိုးကူးစက်ခံရနိုင်တယ်လို့ ကျန်းမာ ရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ Public Health England ရဲ့ကျွမ်းကျင်ပညာရှင်တွေက ရောဂါပိုးရှိသူနဲ့အနီး ကပ်ဆုံးရှိနေတာမှမဟုတ်ဘဲ ခြောက်ပေခွဲအကွာလောက်မှာရှိ နေတာနဲ့တင် ၁၅ မိနစ်အတွင်း ရောဂါပိုးကူးစက်ခံရနိုင်ခြေများ တယ်လို့ဆိုခဲ့ကြတာပါ။ ခြောက်ပေခွဲအကွာအဝေးဟာ ရောဂါပိုး ရှိသူနဲ့နီးကပ်တဲ့ နေရာမဟုတ်ဘူးလို့ ယူဆနိုင်ပေမယ့် တကယ် တမ်းပတ်ဝန်းကျင်တစ်ခုတည်းမှာ ဒါမှမဟုတ် ဧရိယာတစ်ခု တည်းမှာ ဒါမှမဟုတ် အခန်းတစ်ခုတည်းမှာ အတူရှိနေရုံနဲ့တင် ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ COVID-19 ဟာ ကူးစက် မြန်ရောဂါပိုးဖြစ်တာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတောင် ကပ်ရောဂါအသွင်ဖြစ်လာနိုင်တယ်လို့ သတိပေးထားတာဖြစ်ပါ တယ်။

♥ အေးယုနိုင်

Post Author: Good Health Journal