ဒီနေ့ခေတ်မှာ နိုင်ငံတကာက အလှကုန်ပစ္စည်းတွေကို ပြည်တွင်းမှာတင် ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။ အမှတ်တံဆိပ်မျိုးစုံနဲ့ အလှကုန်ပစ္စည်းတွေက တစ်ကမ္ဘာလုံးမှာရှိတဲ့ လူမျိုးတိုင်းရဲ့ အသားအရေနဲ့ ကိုက်ညီပါတယ်ဆိုတဲ့ အာမခံချက်မျိုးမရှိပါဘူး။ လူအများစုမှာ တည့်ကောင်း တည့်နိုင်ပါတယ်၊ လူတိုင်းမှာတော့ တည့်ချင်မှ တည့်ပါလိမ့်မယ်။ လူတစ်ဦးနဲ့တစ်ဦးမှာ အသား အရေ မတူကြသလို အရေပြားက ပြင်ပဓာတုပစ္စည်း အလှကုန်တွေကို တုံ့ပြန်ပုံချင်းလည်း မတူ ညီကြပါဘူး . . .
အလှကုန်ပစ္စည်းတွေ အသုံးပြုတဲ့အခါ သူများပြောလို့ ကောင်းတယ်ဆိုတိုင်း လိုက် မသုံးပါနဲ့၊ ကိုယ်တိုင်သုံးကြည့်ပြီး အဆင်ပြေ၊ မပြေကိုလည်း သေချာအကဲခတ်ပါ။ အသား အရေ ပြောင်းလဲလာလား၊ ပိုဆိုးလာလား၊ ဘာမှမထူးခြားဘူးလားဆိုတာတွေ သေချာ ဆန်းစစ်ပါ။
အလှကုန်တွေက အများကြီးလိမ်းတိုင်း မကောင်းသလို အစုံရောလိမ်းရင်လည်း တစ် မျိုးနဲ့တစ်မျိုး မတည့်တာ၊ အရေပြားအတွက် အရမ်းပြင်းတာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။ အချိန်လွန်မှ ပြန်ကုစားရတာမျိုး မဖြစ်အောင် ဆိုရင် ဘာပဲလိမ်းလိမ်း အရေပြားရဲ့ အခြေအ နေကို အသေးစိတ်လေ့လာစောင့်ကြည့်နေဖို့ လိုပါတယ်။
ဒီတစ်ပတ်မှာ အလှကုန်ပစ္စည်းတွေနဲ့ မ တည့်ရင်ဖြစ်လာနိုင်တဲ့ သတိထားရမယ့် အ ချက်တွေကို ရေးပေးလိုက်ပါတယ်။ ဒီအချက် တွေကိုကြည့်ပြီး သုံးနေတဲ့ အလှကုန်ပစ္စည်း တွေထဲက ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ အဖြေ ရှာကြည့်ပါ၊ ဘယ်ဓာတုပစ္စည်းနဲ့ မတည့်လို့ ဖြစ်တာလဲ၊ နောက်ကိုဘယ်လို အလှကုန်မျိုး ရွေးဝယ်မလဲဆိုတာ စဉ်းစားလို့ ရအောင်ပါ။
(၁) အဖုအပိမ့်ထွက်တာ (Rashes)
တာရှည်ခံဆေးတွေ၊ အမွှေးရနံ့တွေ၊ အက် ခရိုင်းလိတ်တွေပါဝင်တဲ့ အလှကုန်တွေနဲ့ မ တည့်ရင်ဖြစ်တတ်ပါတယ်။ အလှကုန်ရဲ့ ပါဝင် ပစ္စည်းတွေကို စစ်ကြည့်ပါ။
(၂) အင်ပျဉ်ထွက်တာ (Hives)
အလှကုန်နဲ့ မတည့်တဲ့အခါ အင်ပျဉ်တွေ လည်း ထွက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာ ရင် သုံးနေတဲ့အလှကုန်တွေ ရပ်ပစ်ပြီး အရေ ပြားအထူးကုဆီမှာ ကုသမှုခံယူပါ။
(၃) ယားယံတာ (Itches)
အလှကုန်တွေမှာ အမွှေးရနံ့ Fragrances တွေပါရင် ယားယံတာဖြစ်တတ်ပါတယ်။ ဥပမာ – မျက်နှာသစ်ဆေးဖြစ်ဖြစ်၊ အလှကုန် ပစ္စည်းတစ်ခုခု အသုံးပြုပြီး အရေပြားနီမြန်း ယားယံတာဖြစ်ရင် ဆက်မသုံးပါနဲ့။ အလှကုန် မှာပါဝင်တဲ့ အမွှေးနံ့နဲ့ မတည့်တာ ဖြစ်နိုင်ပါ တယ်။
(၄) ဝက်ခြံထွက်တာ(Breakouts)
သင်အသုံးပြုတဲ့အလှကုန်ပစ္စည်းက သင် နဲ့မတည့်ရင် အရေပြားမှာ ဝက်ခြံဖုတွေ ထွက် လာနိုင်ပါတယ်။ အထူးသဖြင့် သေးငယ်တဲ့ အနီရောင်အဖုလေးတွေ ဖြစ်လာစေပါတယ်။ အလှကုန်အသစ်တစ်မျိုးကို အချိန်နှစ်ပတ် ကနေ သုံးပတ်ထိ အချိန်ပေးအသုံးပြုပြီး အ သားအရေရဲ့ ပြောင်းလဲမှုကို သေချာစောင့် ကြည့်ပါ။ တစ်ခုခု မတည့်တဲ့ အရေပြားပြဿ နာဖြစ်လာရင် ဆက်မသုံးပါနဲ့။
(၅) အဆီပြန်တာ
သင့်မျက်နှာကအဆီပြန်တတ်တဲ့ အသား အရေမဟုတ်ဘဲ အဆီပိုပြန်တာကို သတိထား မိတယ်ဆိုရင် ဒါဟာ သင်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေအတွက် အစို ဓာတ်ထိန်းခရင်မ်ရွေးတဲ့အခါ ဆီကို အခြေခံ ပြီး ထုတ်လုပ်ထားတာကို မရွေးပါနဲ့။ ဆီရမ် (Serum) တွေ၊ ဂျယ်လ်ပုံစံထုတ်ထားတဲ့ အစို ဓာတ်ထိန်းခရင်မ်တွေ ရွေးချယ်ပါ။
(၆) ခြောက်လာတာ
အသားအရေက ပုံမှန်ထက်ပိုပြီး ခြောက် လာရင်၊ အရေပြား အဖတ်တွေ ကွာလာရင် သတိထားပါ။ ဒါကလည်း သင်အသုံးပြုနေတဲ့ အလှကုန်တွေထဲက တစ်မျိုးမျိုးကြောင့် ဖြစ် နိုင်ပါတယ်။ အရေပြားက အဖတ်တွေကွာကျ တာဟာ သုံးတဲ့ အလှကုန်မှာပါတဲ့ အက်စစ် ပြင်းလို့ ဖြစ်ပါတယ်။ အက်စစ်ပါတဲ့အလှကုန် တစ်မျိုးသုံးနေရင် နောက်ထပ် အက်စစ်ပါတဲ့ အလှကုန်တစ်မျိုး ထပ်မသုံးပါနဲ့။ Alpha-hydroxy acids, Salicylic acids, Retinol တွေကို ရောမလိမ်းပါနဲ့။ တစ်မျိုးပဲ အသုံးပြုပါ။
(၇) ပူစပ်ပူလောင်ဖြစ်တာ
ဒီအချက်ကိုလည်း သတိထားပါ။ အလှ ကုန်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက သင့်အ ရေပြားအတွက် အရမ်းပြင်းတဲ့အခါ အရေပြား မှာ ပူလောင်တဲ့ ခံစားချက်မျိုး ဖြစ်စေပါတယ်။ အထူးသဖြင့် Anti-aging products တွေမှာ အပြင်းစား ဓာတုပစ္စည်းတွေပါတတ်လို့ Sensitive Skin နဲ့ မတည့်တတ်ပါဘူး။ သင့် အရေပြားအတွက် ရက်တီနော (Retinol) ကပြင်းရင် ဗီတာမင်စီကို ပြောင်းလိမ်းပါ။
Darliko