Cosmetics များနှင့် Caution

တချို့Cosmetics အလှကုန်တွေက လူတစ်ယောက်မှာ တည့်ပေမယ့်၊ နောက်လူတစ်ယောက်နဲ့ တည့်ချင်မှတည့်နိုင်တာပါ။ လူတစ်ယောက်နဲ့ တစ်ယောက်မှာ ပြင်ပဓာတုပစ္စည်းတွေကို တုံ့ပြန်ပုံခြင်းက မတူနိုင်ပါဘူး။ ဒီနေ့ခေတ်မှာ နိုင်ငံတကာက အမှတ်တံဆိပ်မျိုးစုံနဲ့ Cosmetics အလှကုန်တွေ ဝင်ရောက်လာနေပြီဖြစ်ပြီး Quality, Safety, Efficacy တွေ အတွက် ဘယ်သူကမှ အပြည့်အ၀ အာမခံချက်မပေးနိုင်ပါဘူး။ ဒီဆောင်းပါးမှာတော့ နိုင်ငံတကာက ၀င်ရောက်လာပြီး ပြည်သူတွေသုံးစွဲတဲ့အခါ ဘေးဥပါဒ်တွေ ဖြစ်စေခဲ့တဲ့ တားမြစ်ဓာတုပစ္စည်းတွေအကြောင်း အသိပေးရေးသားထားတာ ဖြစ်ပါတယ်။


Cosmetics and FDA

Cosmetics ထုတ်ကုန်တွေက တံဆိပ် အသစ်၊ အမျိုးအစားအသစ်၊ Trend အသစ်၊  နည်းပညာအသစ်တွေနဲ့ ဆက်လက်ဝင်ရောက်လာနေအုံးမှာ ဖြစ်ပါတယ်။ Cosmetics တွေ ဖြစ်တာကြောင့် ဆေးဝါးတွေလို ဈေးကွက်ထဲမရောက်ခင်၊ မဖြန့်ဖြူးခင်မှာ FDA ရဲ့ ခွင့်ပြုချက်မလိုပါဘူး။ ဒါကြောင့် အတားအဆီးမရှိ ဈေးကွက်ထဲမှာ မျိုးစုံသော Cosmetics အလှကုန်တွေ အမှတ်တံဆိပ်မျိုးစုံနဲ့ ဝင်ရောက်လာမှာပါ။ Cosmetics အလှကုန်တွေက သူတို့ Label မှာ ပြောထားတဲ့ Direction အတိုင်း ဖြစ်ရပါမယ်။ သုံးစွဲသူတွေအတွက် ဘေးဥပါဒ် မရှိရပါဘူး။ တကယ်လို့ Safe မဖြစ်ဘူး၊ စံနှုန်းနဲ့ မကိုက်ညီဘူးဆိုရင် FDA က အရေးယူ ဆောင်ရွက်နိုင်ပါတယ်။ သုံးစွဲသူပြည်သူတွေ အနေနဲ့လည်း Cosmetics  အလှကုန်တွေကြောင့် ဘေးဥပါဒ်ဖြစ်ရတယ်ဆိုရင် မြန်မာနိုင်ငံ FDA မှာ အဆိုပြုတင်သွင်း တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

တားမြစ်ဓာတုပစ္စည်းတွေကဘာလဲ

ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေတဲ့ တားမြစ်ဓါတုပစ္စည်းတွေ ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေ ဈေးကွက်အတွင်းမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ တင်သွင်း၊ ဖြန့်ဖြူးခွင့် ပိတ်ခံရတဲ့ အလှကုန်ပစ္စည်းတွေမှာ ပါဝင်တဲ့ တားမြစ်ဓါတုပစ္စည်းတွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

 Hydroquinone၊ Azelaic Acid

ဝက်ခြံပျောက်စေတဲ့ မျက်နှာလိမ်းခရင်ခ်မှာ အဆိပ်သင့်ဓါတုပစ္စည်းကို  ထည့်ထားတာ ဖြစ်ပါတယ်။ ဒီဓါတုပစ္စည်းတွေက အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေပြားကနေတစ်ဆင့် ခန္ဓာကိုယ်အတွင်းကို စုပ်ယူပြီး ကိုယ်တွင်းအင်္ဂါတွေထိခိုက်တာနဲ့ ရေရှည်သုံးစွဲရင် အရေပြားကင်ဆာ ဖြစ်လာနိုင်ပါတယ်။

 

  မာကျူရီ (Mercury)

မျက်နှာလိမ်းခရင်ခ် Day Cream၊ Night Cream နဲ့ Whitening အသားဖြူ ခရင်ခ်၊ အနာရွတ်ပျောက်ဆေးတွေမှာ အဆိပ်သင့်စေတဲ့ Mercury ပါဝင်တာ တွေ့ရပါတယ်။ ပါဝင်တဲ့ အဆိပ်သင့် ဓါတုပစ္စည်းတွေက အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေပြားကနေတစ်ဆင့် ခန္ဓာကိုယ် အတွင်းကို စုပ်ယူပြီး ထုံကျင်တာ၊ြွကက်သားတွေတုန်ခါတာ၊ ပင်ပန်းနွမ်းနယ် တာ၊ ခေါင်းကိုက်တာ၊ စိတ်ကျရောဂါရစေတာ အပြင် ရေရှည်သုံးစွဲမယ်ဆိုရင် ကျောက်ကပ် ပျက်ဆီးတာနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ပါတယ်။

 Clobetasol Propionate

အန္တရာယ်ဖြစ်စေတဲ့  Clobetasol Propionate ဓါတုပစ္စည်းကို မျက်နှာလိမ်း ခရင်ခ်နဲ့ Whitening အသားဖြူခရင်ခ်တွေမှာ ပါဝင်တာ တွေ့ရပါတယ်။ Clobetasol Propionate က Steroid  တစ်မျိုး ဖြစ်ပြီး အရေပြားရောဂါတွေ ဖြစ်တဲ့ Eczema နဲ့  Psoriasis တွေအတွက် အသုံးပြုတာ ဖြစ်ပါတယ်။ ရေရှည်စွဲသုံးရင် အရေပြား ယားယံတာ၊ ရောင်ရမ်းတာနဲ့ အရေပြား ပါးလာတာ၊ အနာရွတ်ဖြစ်စေတာ၊ ဝက်ခြံ ထွက်လာတာတွေ ဖြစ်လာနိုင်ပါတယ်။

 Retinoic Acid Tretinoin

Retinoic Acid ကို Tretinoin လို့လည်း ခေါ်ပါတယ်။ သူက ချွေးပေါက်တွေပွင့်စေပြီး အသားအရေ Peeling လုပ်တဲ့အခါ သုံးပါ တယ်။ Retinoic Acid က သေချာနားလည်တဲ့ အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ခွင့်ပြုမှ လုပ်ဆောင်သင့်တဲ့ ဓါတုပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ သူက ရေရှည်အသုံးပြုလာမယ်ဆိုရင် အသားအရေခြောက်တာ၊ ရောင်ရမ်းတာ၊ အရေပြားကွာကျတာ၊ အရေပြားလောင်သွားတာတွေ ဖြစ်နိုင်ပါတယ်။ Retinoic Acid ကို အသားဖြူစေတဲ့ Whitening Day Cream နဲ့ Night Cream တွေမှာ ထည့်ထားတာ တွေ့ရပါတယ်။

 Betamethasone 17-Valerate

Betamethasone 17-Valerate က Corticosteroid တစ်မျိုးဖြစ်ပါတယ်။ ဒီ ဓါတုပစ္စည်းက ရေရှည်သုံးစွဲဖို့ မသင့်ပါဘူး။ အရေပြား ယားယံတာ၊ နီမြန်းတာ၊ အရေပြား Swelling ဖြစ်တာတွေအတွက် သုံးတာ ဖြစ်ပြီး ဒီဓါတုပစ္စည်းကို ကိုင်ပြီးတာနဲ့တောင် ချက်ချင်းလက်ဆေးရပါတယ်။ ဒါကြောင့် မျက်လုံးတစ်ဝိုက်၊ မျက်နှာအရေပြား၊ Genitals နဲ့ စအိုနားအရေပြားတွေမှာ မလိမ်းရပါဘူး။

 Formaldehyde

Formaldehyde က ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းဖြစ်တယ်လို့ အမေရိကန် FDA က ဆိုထားပါတယ်။ Formaldehyde က အရောင်မရှိ၊ မီးလောင်လွယ်တဲ့ ဂက်စ် တစ်မျိုးဖြစ်ပါတယ်။ သူ့ကို ဓာတ်မြေဩဇာ၊ စာရွက်၊ စက္ကူတွေ ထုတ်လုပ်တဲ့အခါ အသုံးပြုကြပါတယ်။ နောက်ပြီး ပိုးသတ်ဆေးတွေမှာ တာရှည်ခံဆေးအဖြစ် သုံးကြပါတယ်။ Formaldehyde ကို လက်သည်းနီဆိုးဆေး၊ မျက်တောင်တုကပ်တဲ့ကော်၊ ဆံပင်ဂျယ်လ်၊ ဆပ်ပြာ၊ မိတ်ကပ်၊ ခေါင်းလျှော်ရည်၊ ဆံပင်ဖြောင့်ဆေး၊ လိုးရှင်း၊ ရနံ့ဆိုးပျောက်ဆေး စတာတွေမှာ ထည့်သုံးကြတတ်ပါတယ်။ ဒါပေမဲ့ Formaldehyde ပါတယ်ဆိုပြီး Cosmetics Products တွေမှာ ထည့်ရေးထားမှာ မဟုတ်ပါဘူး။ သူတို့ကပေးနိုင်တဲ့ ဘေး ထွက်ဆိုးကျိုးတွေကတော့ အရေပြား ယားယံတာ၊ ဦးရေပြားလောင်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်တတ်ပါတယ်။

သတိပြုပါ 

FDA မှ တွေ့ရှိထားတဲ့ တားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်တွေကို ပြည်သူတွေ မသုံးစွဲသင့်တော့ပါ။ ဈေးကွက်ထဲမှာ တင်သွင်း၊ ဖြန့်ဖြူးတာတွေ့ရင်လည်း FDA  မှ အရေးယူသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေက နာမည် အသစ်၊ အမှတ်တံဆိပ်အသစ်နဲ့ ဈေးကွက်ထဲကို ထပ်မံဝင်ရောက်လာနိုင်တာကို သတိပြုရပါမယ်။

 

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *