COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားချိန်တွင် အကြောင်းကြောင်းကြောင့် လေယာဉ်ဖြင့် ခရီးသွားရတော့ မည်ဆိုလျှင်

သင်နဲ့အတူHand Sanitizer၊ Mask ၊ တစ်ရှူးနဲ့ တစ်ခါသုံးလက်အိတ်တွေကို မဖြစ်မနေ သယ်ယူသွားပါ။
လေယာဉ်ပျံထဲမှာရှိတဲ့ လေထုက နေတစ်ဆင့် ဗိုင်းရပ်စ်ပိုးကူးစက်မှာကို အလွန်အမင်းစိုးရိမ်ဖို့ မလိုအပ်ပါဘူး။ လေယာဉ်ထဲက လေတွေက သေချာစစ် ထုတ်ပြီးမှ လည်ပတ်ထားတဲ့စနစ်ဖြစ်တာ ကြောင့်လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်း ချုပ်ရေးဗဟိုဌာနက ဖော်ထုတ်ထားပါ တယ်။
 အရေးကြီးဆုံးအချက်က လေဆိပ် မှာရှိတဲ့ လက်ရန်းလက်ကိုင်တွေ၊ တံခါး လက်ကိုင်ဖုတွေ၊ အိမ်သာတံခါးတွေထဲ မှာ ပိုးမွှားတွေ အများအပြားကပ်ငြိနေ တတ်တာကို သတိထားရပါမယ်။ ဒါ ကြောင့် ဒီအရာတွေကို မကိုင်တွယ်ခင်မှာ သင့်လက်ကို ဆပ်ပြာရည် ဒါမှမဟုတ် Hand Sanitizer နဲ့ သေချာဆေးကြော သန့်စင်ရပါမယ်။ ဒီပ စ္စည်းတွေကို ကိုင်တွယ်ပြီးပြီးချင်းနဲ့ အစာမစားခင်၊ သင့် မျက်နှာကို လက်နဲ့ မထိမိခင်မှာ သင့် လက်ကို သေချာ ဆေးကြောသန့်စင်ပါ။ ဖြစ်နိုင်ရင် အဲဒီပစ္စည်းတွေကို တစ်ခါသုံး လက်အိတ်စွပ်ပြီးမှ အသုံးပြုပါ။ အသုံးပြု ပြီးတာနဲ့ အဲဒီလက်အိတ်ကို စနစ်တကျ လွှင့်ပစ်လိုက်ပါ။
 ဒါ့အပြင် သင့်မှာပါတဲ့ Hand Sanitizer ကို တစ်ရှူးနဲ့ဆွတ်ပြီး သင် ထိုင်တဲ့ထိုင်ခုံလက်ရန်း၊ သင့်အတွက် စားစရာတင်မယ့် သင့်ရှေ့ထိုင်ခုံနောက် က စားပွဲ၊ သင့်အတွက်ပေးထားတဲ့ ရီ မုတ်ကွန်ထရိုးတွေကို သန့်စင်အောင် သုတ်လိုက်ပါ။
 လေယာဉ်ပျံပေါ်မှာ ချောင်းဆိုး၊ နှာချေသူတွေ့ရင် သင့်မှာ ပါလာတဲ့ Mask ကို တပ်ခိုင်းလိုက်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal