COVID-19 ပြင်းထန်သည့် လူနာငါးဦးတွင် တစ်ဦးက ကာကွယ်ဆေးမထိုးရသေးသည့် ကိုယ်ဝန်ဆောင်ဖြစ်နေ

နာမကျန်းမှုပြင်းထန်ဆိုးရွားတဲ့ COVID-19 လူနာ ငါးဦးမှာ တစ်ဦးက ကာကွယ်ဆေးမထိုးရသေးတဲ့ ကိုယ်ဝန်ဆောင်မိခင်ဖြစ်နေတယ်လို့ လေ့လာမှုအချက်အလက်တွေအရသိရပါတယ်။ COVID-19 ကာကွယ်ဆေးထိုးဖို့ရာ အတွက် မိခင်နဲ့ရင်သွေးအဖို့ အဆိုပါ ကာကွယ်ဆေးတွေက ဘေးကင်းစိတ်ချရမှု ရှိမရှိအပေါ် သံသယများပြီး ကိုယ်ဝန်ဆောင်အများစုက ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။ လေ့ လာမှုအချက်အလက်တွေအရ နာမကျန်း မှုပြင်းထန်တာကြောင့် Extracorporeal Membrane Oxygenation (ECMO) လို့ခေါ်တဲ့ ကုထုံးနဲ့ကုသပေးရတဲ့ လူနာ ငါးဦးမှာ တစ်ဦးနှုန်းက ကိုယ်ဝန်ဆောင် မိခင်တွေဖြစ်နေတယ်လို့ သုတေသီတွေ ကဆိုပါတယ်။ COVID-19 ကြောင့် အ ဆုတ်တွေ အရမ်းထိခိုက်ပျက်စီးသွားတဲ့ လူနာတွေမှာ အသက်ရှူစက်နဲ့ အောက် ဆီဂျင်ပမာဏကို မထိန်းထားနိုင်တဲ့အခြေ အနေမျိုးထိ ဆိုးရွားလာတဲ့အခါ ECMO ကုထုံးကိုအသုံးပြုကြတာဖြစ်ပါတယ်။ အ ဆိုပါကုထုံးအသုံးပြုရတဲ့ အသက် ၁၆ နှစ်ကနေ ၄၉နှစ်ကြား အမျိုးသမီးတွေ ထဲက သုံးပုံတစ်ပုံမျှလောက်က ကိုယ်ဝန် ဆောင်မိခင်တွေဖြစ်နေပြီး ကပ်ရောဂါစတင်ချိန်ကတည်းကထက် ၆ ရာခိုင်နှုန်း ပိုများလာတယ်လို့ လေ့လာမှုကဆိုပါ တယ်။ အင်္ဂလန်၊ စကော့တလန်နဲ့ အ မေရိကန်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး တွေမှာ COVID-19 ကာကွယ်ဆေးထိုး နှံမှုလေ့လာချက်တွေအရ ကာကွယ်ဆေးကြောင့် ရင်သွေးမှာ ထိခိုက်မှုမရှိဘဲ ဘေးကင်းစိတ်ချရတယ်လို့ ဆိုပါတယ်။

(DS, 14.10.2021) #TL
#GoodHealthJournal_850
#INTERNATIONAL HEALTH NEWS

Post Author: Good Health Journal