ကိုဗစ်ကာလမှာ ကိုယ်ရောစိတ်ပါ ကျန်းမာနေစေဖို့

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးရှိ လူသားတွေမှာ စိတ်ဖိစီးမှုတွေ အ နည်းနဲ့အများ ခံစားနေရပါတယ်။ အဓိက အကြောင်းရင်းကတော့ ကူးစက်ဗိုင်းရပ်စ် ရောဂါကြောင့် စီးပွားရေးအခြေအနေ ရိုက်ခတ်သွားလို့ပါ။ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေအပါအဝင် တစ်ကမ္ဘာလုံးနီးပါး စီးပွားရေးအခက်အခဲ ကြုံတွေ့ရတဲ့ ကာ လဖြစ်တာကြောင့် စား၊ ဝတ်၊ နေရေး အ ဆင်ပြေဖို့ ကြိုးစားနေကြရတဲ့ လူသား ဘဝအတော်များများ ထိခိုက်ကုန်ပါတယ်။
ဒီအချိန်မှာ စိတ်ဖိစီးမှုဒဏ်ကို ပိုပြီး ခံစားရတဲ့သူတွေက – သက်ကြီးရွယ်အို တွေ၊ နာတာရှည်ရောဂါခံစားနေရသူတွေ၊ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူ ငယ်တွေ၊ ကိုဗစ်ရောဂါအတွက် ကျန်းမာ ရေးစောင့်ရှောက်မှုပေးနေသူတွေ၊ ဆရာ ဝန်တွေ၊ ကိုဗစ်ရောဂါကြောင့် လိုအပ်တဲ့ နေရာတွေမှာ လုပ်အားပေးကူညီသူတွေ၊ စိတ်ကျန်းမာရေးချို့တဲ့နေသူတွေ ပါဝင်ပါ တယ်။

♥ မိသားစုဝင်တွေကို ဂရုစိုက်ပါ
ကျန်းမာရေးကောင်းတဲ့ လူလတ် ပိုင်းအရွယ်တွေက ကိုယ်စီကိုယ်ထ ကိုယ့် မိသားစုအတွက် လုပ်ပေးနိုင်တာကို ကူ ညီရမယ့်အချိန်ပါ။ မိသားစုဝင်တွေ စိတ် ရော ကိုယ်ပါ ကျန်းမာစေဖို့၊ စိတ် လုံခြုံ နွေးထွေးမှုရစေဖို့ အားပေးကူညီပါ။ ဒီ အတွက် လုပ်ဆောင်နိုင်တာတွေက . . .

♥ ဆေးဝါးအထောက်အပံ့
သင်ရဲ့ မိဘ၊ ဘိုးဘွားတွေမှာ သောက်နေကျဆေးတွေရှိလားမေးပါ၊ ရှိတယ်ဆိုရင် တစ်လစာ ကြိုဝယ်ပေး ထားပါ၊ အပိုထပ်ဝယ်နိုင်ရင် ဝယ်ပေးထား ပါ။ အခြေခံအားဖြင့် လိုအပ်နိုင်တဲ့ ပရုတ် ဆီ၊ အကိုက်အခဲပျောက်ဆေး၊ ထိခိုက်ရှ နာလိမ်းဆေး၊ အရက်ပြန်၊ ပတ်တီး စတာ တွေ ဝယ်ပေးထားပါ။

♥ စားစရာအထောက်အပံ့
ဈေးထွက်ဝယ်ရတဲ့ အကြိမ်ရေကို လျှော့ချနိုင်ဖို့ တာရှည်အထားခံတဲ့ ကုန် ခြောက်စားသောက်ကုန်တွေ သိုလှောင် ထားပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေ စားဖြစ်အောင် ဂရုစိုက်ကျွေး ပါ။

♥ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့
အခြေခံအားဖြင့် အဓိက လိုအပ်တဲ့ စားစရာနဲ့ဆေးဝါးတွေ ဖြည့်ဆည်းပေး တာအပြင် ကိုယ်ပိုင်အချိန် ဖဲ့ပေးပြီး စကား ပြောပေးပါ။ အတူနေတာမဟုတ်ရင် ဖုန်း ဆက်တာ၊ စာပို့တာ၊ ဗီဒီယို call ခေါ်တာ လုပ်ဆောင်ပေးပါ။

♥ ရုပ်ပိုင်းဆိုင်ရာအထောက်အပံ့
သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ရောဂါရှိသူတွေကို အပြင်မထွက်ခိုင်းပါနဲ့။ လိုအပ်တာကို သင်က ခွန်အားစိုက်ထုတ် ပြီး ကူညီပေးပါ။

♥ မိမိကိုယ်ကိုယ် စောင့်ရှောက်ပါ
သင်ကိုယ်တိုင်ကလည်း ကျန်းမာနေ မှ မိသားစုဝင်တွေကို ကူညီပေးနိုင်မှာပါ။ ဒါကြောင့် ချမှတ်ထားတဲ့ ကျန်းမာရေး ဆိုင်ရာလမ်းညွှန်ချက်တွေကို သေချာစွာ လိုက်နာဆောင်ရွက်ပါ။ သင်ကိုယ်တိုင် က ရောဂါပိုးသယ်ဆောင်သူ မဖြစ်သွား စေဖို့ အထူးဂရုစိုက်ဆင်ခြင်ပါ။

♥ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှု
ကာကွယ်ခြင်းသည် ကုသခြင်း ထက်ပိုထိရောက်တယ်ဆိုသလိုပါပဲ ဗိုင်း ရပ်စ်ပိုး ခန္ဓာကိုယ်ထဲမဝင်ရောက်ခင်မှာပဲ ကာကွယ်မှုအပိုင်းကို လုပ်ဆောင်နိုင်မှာပါ။ ခုချိန်မှာ ဗိုင်းရပ်စ်ရဲ့ သဘောသဘာဝကို ပညာရှင်တွေကိုယ်တိုင် တိတိကျကျ နား မလည်ကြသေးပါဘူး။ ဗိုင်းရပ်စ်ကူးစက်ခံ ရပြီး ပြန်ကောင်းသွားသူတချို့မှာ Positive ပြန်ဖြစ်တဲ့သတင်းတွေအရ ဖြစ်နိုင်ခြေက သုံးမျိုးရှိပါတယ်။ စစ်တဲ့ အဖြေက မှားတာလား၊ ဒါမှမဟုတ် ဗိုင်း ရပ်စ်ပြန်ကူးစက်ခံရတာလား၊ ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးရဲ့Latency ကြောင့်လားဆိုတာ ဝေခွဲမရကြသေးပါဘူး။ ဒီထဲမှာ ဗိုင်း ရပ်စ်ပိုးရဲ့ Latency ကြောင့်သာဆိုရင် အခြေအနေက မကောင်းပါဘူး။ Latency ဆိုတာ ဗိုင်းရပ်စ်ပိုးက ဆဲလ်အ တွင်းမှာ ငုပ်သျှိုးနေတဲ့အဆင့် (Dor-mant) ပါ၊ ဗိုင်းရပ်စ်က သေသွားတာ မဟုတ်ပါဘူး၊ ဒီငုပ်သျှိုးနေတဲ့ ဗိုင်းရပ်စ် ကပဲ တစ်ချိန်မှာ ပြန် Active ဖြစ်ပြီး တိုက်ခိုက်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်ဝင်ပြီးတာနဲ့ သတ် ဖို့ခက်သွားပြီး ဗိုင်းရပ်စ်ပိုးပြန်ကြွလာတိုင်း တစ်သက် လုံး ဒီဗိုင်းရပ်စ်ပိုးနဲ့ ခန္ဓာကိုယ်က တိုက် နေရတော့မယ့် သဘောပါ။ ဒါပေမဲ့ ကို ရိုနာဗိုင်းရပ်စ်ဟာ Latent Viral Infe-ctions အမျိုးအစား ဟုတ်မဟုတ်ဆိုတာ ကို အတည်မပြုရသေးပါဘူး။ ကိုယ့် ဘက်ကတော့ ကာကွယ်တဲ့အဆင့်ကို ပေါ့ ပေါ့ဆဆ သဘောမထားပါနဲ့။ အဓိက အားဖြင့် –
– တစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ
– အပြင်သွားရင် Mask တပ်ပါ
– လူစုလူဝေးမလုပ်ပါနဲ့
– လူများတဲ့နေရာတွေ မသွားပါနဲ့
– အပြင်ဝတ်သွားတဲ့ အဝတ်အစားတွေ ကို သတ်သတ်ထုပ်ထားပြီး လျှော်ဖွပ်ပါ။
– တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ
– ကိုယ်ခံစွမ်းအားမြင့်နေဖို့ ကျန်းမာရေး နဲ့ညီညွတ်တာစားပါ၊ ကိုယ်လက်လှုပ်ရှား ပြုလုပ်ပါ၊ အိပ်ချိန်ပြည့်ဝအောင်အိပ်ပါ၊ စိတ်ဖိစီးမှုနည်းအောင်နေပါ။

♥  စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှု
စိတ်ဖိစီးမှုဒဏ်ကို သက်သာပြေ လျော့စေဖို့ အကြံပြုစာရေးတဲ့အခါ လူ တိုင်းအဆင်ပြေစေမယ့် နည်းလမ်း တစ် သမတ်တည်းတော့ မရှိနိုင်ပါဘူး။ စိတ်ဖိစီး မှုကို တတ်နိုင်သလောက် လျှော့ချဖို့ နည်းလမ်းတွေအများကြီး အင်တာနက် စာမျက်နှာပေါ်မှာ ရှိပါတယ်။ စိတ်ဖိစီးမှု ဖြေရှင်းနည်းကို ကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် နှစ်နည်းရှိပါတယ်။ ပထမ နည်းက စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်း အရာကို မတွေးမိအောင် အာရုံပြောင်း စေဖို့ တခြားအရာတစ်ခုခုလုပ်လိုက်တာ ပါ။ ဒုတိယနည်းက စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းကို ပြေလည်ဖို့ ကြိုးစား တာ ဖြစ်ပါတယ်။
အာရုံပြောင်းလိုက်တဲ့ ပထမနည်းက ရေရှည် အသုံးမဝင်ပါဘူး။ စိတ်ဖိစီးမှု နည်းစေဖို့ ဝါသနာပါတဲ့အရာ တစ်ခုခုထဲ စိတ်နှစ်ပြီးလုပ်လိုက်တာ၊ လုပ်စရာရှိတဲ့ အလုပ်ထဲ စိတ်နှစ်ပြီးလုပ်လိုက်တာ၊ စာ ဖတ်တာ၊ တီဗီကြည့်တာ၊ အင်တာနက်သုံး တာ၊ ဂိမ်းဆော့တာ၊ သီချင်းနားထောင်တာ စတဲ့အရာတွေဟာ စိတ်ဖိစီးမှုကနေ အာ ရုံလွှဲပြောင်း လိုက်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်တဲ့အလုပ်ပြီးဆုံးသွားရင် စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းရင်းက ခေါင်းထဲ ပြန်ဝင်လာမှာပါ။
ဒုတိယနည်းက စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းကို ပြေလည်ဖို့ ကြိုးစား တာပါ။ ပြေလည်ဖို့ ကြိုးစားတဲ့နေရာမှာ အမြဲတမ်း အဆင်ပြေနိုင်ဖို့ကတော့ ခက် မှာပါ။ အဆင်မပြေတဲ့အခါမှာ ထားရမယ့် စိတ်နှစ်မျိုးရှိပါတယ်။ တစ်ခုက မုဒိတာ ပွားပါ။ ပြဿနာပြေလည်ဖို့ ကိုယ်တတ် နိုင်သလောက် ကြိုးစားအားထုတ်တာကို ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပါ၊ နောက်တစ်ခုက ကရုဏာထားပါ။ ကိုယ့် ထက်အဆင်မပြေတဲ့သူတွေ အများကြီး ရှိသေးတာကိုတွေးပြီး ကရုဏာဖြစ်ပါ။
စိတ်ဖိစီးမှုကို ကိုင်တွယ်တဲ့နေရာမှာ အလေ့အကျင့်လည်းလိုပါတယ်။ မှန်ကန် တဲ့နည်းလမ်းနဲ့ စိတ်ဖိစီးမှုကို အကောင်း ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ကြပါစေ။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal