ကိုဗစ်နှင့် ကလေး

ကလေးငယ်တွေမှာလည်း လူကြီးတွေလိုမျိုးပဲ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။ ကလေးတွေက ပတ်ဝန်းကျင်လေထုထဲက အအေးမိရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ မကြာခဏ ထိတွေ့ခံနေရတာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲ မှာ ပဋိပစ္စည်းတွေထွက်ပေါ်ပြီးသားပါ။ အဲဒီထဲက တချို့က အခုအသစ်ထွက်ပေါ် နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အပေါ် ကာကွယ် မှုရနိုင်တယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် ကလေးတွေမှာရှိတဲ့ ခုခံအားစနစ်ရဲ့ ဗိုင်း ရပ်စ်အပေါ် တုံ့ပြန်အားက လူကြီးတွေနဲ့ မတူညီတာကြောင့် ရောဂါလက္ခဏာ မတွေ့ရှိရတာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေမှာ လူကြီးတွေလိုမျိုး နှလုံး ရောဂါ၊ အဆုတ်ရောဂါနဲ့ ခုခံအားစနစ်ကျ ဆင်းတဲ့ရောဂါတွေ မရှိသေးတာကြောင့် လည်း ပါဝင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး
Ref : everyday health, healthline.com, health.com, foxnews.com, webmd.com, mayoclinic.com

Post Author: Good Health Journal