ကိုဗစ်နှင့် နေရောင်ခြည်

နေရောင်ခြည်က COVID-19 ကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ဗိုင်းရပ်စ်ပိုး အတော်များများကို ဖယ်ရှားပစ်နိုင်တယ်လို့ အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုက ကျန်းမာ ရေးဝန်ကြီးက ထုတ်ဖော်ထားပါတယ်။ လေ့လာမှုတစ်ခုအရလည်း ကိုရိုနာဗိုင်းရပ်စ် ပိုးတွေက မြင့်မားတဲ့အပူချိန်နဲ့ စိုထိုင်းဆများတဲ့နေရာမှာ ပျံ့နှံ့နှုန်း သိသိသာသာ နည်းတယ်လို့ သိရပါတယ်။ အပူချိန် ၁ ဒီဂရီစင်တီဂရိတ်တက်လာတိုင်း ဗိုင်းရပ်စ် ပျံ့နှံ့နိုင်ခြေက တစ်ရာခိုင်နှုန်းလျော့ကျတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရောဂါပျံ့နှံ့နေတဲ့အချိန်မှာ အေးတဲ့ရာသီဥတုနဲ့ စိုထိုင်းဆနည်းတဲ့ အီတလီ၊ စပိန်၊ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်၊ အီရန်၊ ပြင်သစ်၊ တောင်ကိုရီးယားလို နိုင်ငံတွေမှာ ရောဂါ ဖြစ်နှုန်း ပိုများကာ ပူပြီး စိုထိုင်းဆများတဲ့ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းလို နေရာမျိုးတွေမှာ ရောဂါဖြစ်နှုန်းက အဲဒီနိုင်ငံတွေထက် သိသိသာသာ လျော့နည်းတာ ကို ကြည့်ပြီး မှန်းဆနိုင်ပါတယ်။ SARS-CoV-2 ဗိုင်းရပ်စ်က အေးတဲ့ရာသီဥတုပတ်ဝန်းကျင်မှာ ပူတဲ့ရာသီဥတုပတ် ဝန်းကျင်ထက် အချိန်ကြာမြင့်စွာ ပိုမိုအသက်ရှင်နိုင်တယ်လို့ ဟောင်ကောင်တက္ကသိုလ် က ဓာတ်ခွဲခန်းတစ်ခုရဲ့ လေ့လာမှုအရ သိရပါတယ်။
နေရောင်ခြည်ကနေ ခန္ဓာကိုယ်အတွင်း ခုခံအားမြင့်တက်စေနိုင်တဲ့ ဗီတာမင် ဒီ လည်း ရရှိနိုင်ပါတယ်။ ဗီတာမင် ဒီ ဟာ ခုခံအား စနစ်သန်မာဖို့အတွက် အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွင်း ဗီတာမင် ဒီ ချို့ တဲ့ခဲ့ရင် အအေးမိနဲ့ တုပ်ကွေးရောဂါတွေ မကြာခဏ ဖြစ်ပေါ်နိုင်ပါတယ်။ ၂၀၁၇ ခု နှစ်က သုတေသီတွေရဲ့ လေ့လာမှုအရလည်း ဗီတာမင် ဒီ ချို့တဲ့သူတွေက အသက် ရှူလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်နိုင်ခြေ ၄၂ ရာခိုင်နှုန်း ပိုမိုများပြားတယ်လို့ သိရပါ တယ်။ အခုလို ကိုဗစ်ကြောက်လို့ အိမ်ပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေသူတွေအနေ နဲ့ အိမ်ထဲမှာ ရုပ်ရှင်ကြည့်တာ၊ ဖေ့စ်ဘွတ်ခ်ပွတ်တာ၊ ဂိမ်းဆော့တာမျိုးတွေကိုသာ မပြုလုပ်ဘဲ မနက်ခင်းနေရောင်ခြည်နုနုနဲ့ ၁၅ မိနစ်လောက် ထိတွေ့ပေးပါလို့ တိုက်တွန်းချင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး (Good Health Journal)
Ref : AccuWeather, TOI. Everyday Health

Post Author: Good Health Journal