ကိုဗစ်နှင့် ဇင့်ငုံဆေး

လေ့လာမှုအများအပြားအရ ဇင့်လို့ခေါ်တဲ့ သွပ်ဓာတ်ဟာ ခုခံအားစနစ်ကို မြင့် တက်စေပြီး အအေးမိရောဂါပိုးကို တွန်းလှန်နိုင်တယ်လို့ သိရပါတယ်။ သွပ်ဓာတ်ပါ တဲ့ငုံဆေးကို ငုံသူတွေက အအေးမိရောဂါဖြစ်ချိန် ၃၀ ရာခိုင်နှုန်း တိုတောင်းသွားတယ် လို့ ၂၀၁၇ ခုနှစ် မေလက ထုတ်ခဲ့တဲ့ ဂျာနယ်တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဇင့် (သွပ်ဓာတ်)ကို အခုအသစ်ပေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် သီးသန့်စမ်းသပ်မှုမပြု လုပ်ရသေးပေမယ့် တခြားဗိုင်းရပ်စ်ပေါင်းများစွာအပေါ်မှာတော့ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဇင့် ငုံဆေးတွေက ဗိုင်းရပ်စ်တွေ စတင်ပြန့်ပွားတဲ့ လည်ချောင်းထဲက ဗိုင်းရပ်စ်တွေရဲ့ လှုပ်ရှားမှုကို တားမြစ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သင် လည်ချောင်းနာတာနဲ့ ဇင့်ငုံဆေးကို ငုံလိုက်ပါ။ ဝါးစားရမှာမဟုတ်ပါဘူး။ တစ်ချိန်လုံး စုပ်ထားပါမှ သင့်လျှာပေါ်မှာ သွပ်ဓာတ်တွေ လွှမ်းနေမှာဖြစ်ပါတယ်။ တစ်ပတ် ဒါမှ မဟုတ် နှစ်ပတ်လောက် အန္တရာယ်ကင်းစွာ ငုံနိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး (Good Health Journal)
Ref : Everyday Health

Post Author: Good Health Journal