Covid-19 ရောဂါဖြစ်ဖူးသူတွေမှာ အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်ပြီး အားနည်းချက်တွေ ဖြစ်လာနိုင်ခြေရှိသလား

•• Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine စင်တာများနှင့်ပတ်သက်ပြီး စက်တာဘာလ ၇ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများဆွေးနွေးပွဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ ချစ်ကိုဟန်၏ ဆွေးနွေးချက်များကို ပြန် လည်ကောက်နုတ်ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။

Q.. လူမှုရေးအဖွဲ့အစည်းတွေကကူညီပြီး တတ်နိုင်သလောက် ရောဂါဆက်လက် ပျံ့ပွားမှုမရှိအောင် ဘယ်လိုဆောင်ရွက် သင့်သလဲဆိုတာကို ဆရာ့အနေနဲ့ အကြံ လေးပြုပေးပါအုံး။

A.. ရောဂါထိန်းချုပ်ရေးပေါ်လစီကို ကျင့်သုံးနေကြတာပါ။ အဲဒီမှာ အပြင်က လာတဲ့သူတွေကို အသွားအလာကန့်သတ် လိုက်ပြီး သူတို့ဆီမှာ ရောဂါရှိ၊ မရှိ ရှာဖွေ ပြီးတော့ လိုအပ်သလို ကုသတာ၊ ခွဲခြား တာ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ရခိုင် မှပြန်လာတဲ့သူတွေကို Quarantine စင်တာတွေဖွင့်လှစ်ပြီးတော့ ထားရှိပါ တယ်။ ရက်ပိုင်းအတွင်းမှာပဲ စစ်တွေ ပြန် လူတစ်ထောင်လောက်ကို ှQuarantine နေရာရရှိအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲသလို ၁၀ ရက်နေ့ကနေ ၂၀ ရက်နေ့ အတွင်း ပြန်လာတဲ့သူတွေကို ကျန်းမာ ရေးဌာနတွေကိုသတင်းပို့ပြီး မိမိတို့အိမ် မှာ သီးသန့်စွာနေထိုင်ပြီး ရောဂါစစ်ဆေး ဖို့ အစီအစဉ်တွေ ဆောင်ရွက်ပါတယ်။ စစ်ဆေးမယ့်အချိန်မှာ သတ်မှတ်ထားတဲ့ နေရာကို ခေါ်ဆောင်လာပြီးတော့ Positive ဆိုရင်လည်း Positive အလျောက်၊ Negative ဆိုရင်လည်း Negative အလျောက် ဆောင်ရွက်ပေးပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ We Iove Yangon လိုအဖွဲ့တွေ၊ YRO တို့လို အဖွဲ့တွေက သယ်ယူပို့ဆောင်ရေးကို အဓိကထား ဆောင်ရွက်ပေးပါတယ်။ ဒီအဖွဲ့တွေက ယခင်ကဆိုရင် အခေါက် အရေအတွက် အနည်းငယ်သာ ပို့ဆောင် ရပေမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာဆိုရင် အခေါက်ရေ ၁၀၀ ကျော်၊ နောက်ပိုင်းတွေ ဆိုရင် ဒီထက်များဖို့ ရှိပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံချင်တာ က ဆက်ပြီးကူညီပါအုံး။ သူတို့ရဲ့လိုအပ် ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ဖို့ တိုင်းအစိုးရအဖွဲ့မှာ အစည်းအဝေးတွေ လုပ်ပြီးတော့ ညှိနှိုင်း ဆောင်ရွက်နေတာ တွေလည်း ရှိပါတယ်။ စစ်တွေက ပြန်လာ တဲ့ခရီးသည်တွေထဲမှာ တစ်ဝက်လောက် က မဆက်သွယ်သေးပါဘူး။

Q.. ဒီလိုမဆက်သွယ်သေးတာ ဘာကြောင့် လို့ ဆရာထင်ပါသလဲ။

A.. သူတို့အနေနဲ့ Quarantine ဝင်ရ မှာကြောက်လို့လည်း ဖြစ်နိုင်ပါတယ်။ လူဦးရေ ၄၅၀၀ ကျော်လောက်သတင်းပို့ ဖို့ လိုအပ်တာကြောင့် သူတို့ကို ကွာရန် တင်းထဲကို ချက်ချင်းသွင်းမှာ မဟုတ်ပါ ဘူး။ မိမိအိမ်မှာ မိမိနေထိုင်ပါ။ အဲဒီမှာ သူတို့ ရောက်လာတဲ့ရက်က ၂၁ ရက် အတွင်းမှာရှိတဲ့လူတွေလား၊ ၂၁ ရက် ကျော်သွားပြီလား ဆိုတာအပေါ်မူတည် ပြီး ဦးစားပေး စစ်ဆေးတာကို ဆောင် ရွက်မှာ ဖြစ်ပါတယ်။ ဘာမှလည်း စိုးရိမ် ပူပန်စရာ မရှိပါဘူး။ တချို့ကလည်း ဒီလို စစ်ဆေးမယ်ဆိုတာကို ကြောက်တာ လည်းဖြစ်ချင်ဖြစ်မှာပါ။ မိမိရောဂါရှိမယ် ဆိုတာကိုလည်း ကြောက်တာမျိုးလည်း လူတွေမှာရှိတတ်ပါတယ်။

Q.. ရောဂါပိုးတွေ့မှာကြောက်တဲ့သူတွေကို သတ္တိရှိအောင် ပြောပေးပါအုံး။

A.. ပြည်သူတွေထဲမှာဖြစ်နေတာက အ စွန်းနှစ်ဖက်ပါ။ တချို့ကလည်း ကြောက် ပါတယ်။ ကြောက်တဲ့အပိုင်းက ရောဂါက ဖြစ်ပွားလာခဲ့ရင် သေဆုံးမှုနှုန်းက အရမ်း ကြီးမဟုတ်ပေမယ့် ရောဂါဖြစ်တဲ့အခါ သူ တို့ရဲ့မိသားစုနဲ့ဝေးရာကို ခေါ်သွားမှာဖြစ် ပါတယ်။ အဲဒီမှာ ပုံမှန်ဆေးကုသရာမျိုး မဟုတ်ဘဲ တစ်ဦးတည်းနေရတာမျိုးကို လည်း မလိုလားပါဘူး။ တချို့က ရောဂါရှိတယ်ဆိုပေမယ့် ရောဂါဝေဒနာ ကိုခံစားရတာနည်းပြီး သာမန်လူလိုပဲ နားနားနေနေ ဆေးရုံမှာထားထားတဲ့အခါ အဓိကအနေနဲ့ ဆေးကုသရမှာကို ကြောက်တာထက် တစ်ယောက်တည်း နေရတာကို ကြောက်တာလည်းများပါ တယ်။ တချို့ကျတော့လည်း ဒီရောဂါက သေတာမှမဟုတ်တာ မထူးပါဘူး။ မသေ နိုင်ဘူးဆိုပေမယ့်လည်း ရောဂါတုံ့ပြန်မှု အပေါ် မူတည်တာပေါ့။ အဓိကကတော့ မပေါ့ဆဖို့ လိုအပ်ပါတယ်။ ရောဂါဖြစ်တဲ့ လူတွေကို ကုသမှုအပိုင်း၊ ဆေးရုံမှာသီး သန့်ခွဲထားမှုအပိုင်းတွေအပေါ်မှာ နည်း နည်း ပြန်စဉ်းစားဖို့ လိုပါမယ်။

Q.. Covid-19 ရောဂါဖြစ်ဖူးတဲ့သူတွေကို အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်ပြီး ရောဂါ၊ အားနည်းချက်တွေဖြစ်နိုင်တယ် ဆိုတာမျိုး ဖြစ်နိုင်ခြေရှိပါသလား ဆရာ။

A.. ဒီရောဂါကလည်း ဗိုင်းရပ်စ်ရောဂါပိုး တစ်ခုပါ။ ဗိုင်းရပ်ရောဂါပိုးတစ်ခုရဲ့ ရောဂါဖြစ်ပွားခြင်းက သူရဲ့တိုက်ခိုက်မှု ကြောင့် ဖြစ်တာဖြစ်ပါတယ်။ ဒီတိုက်ခိုက် မှုပြင်းထန်မှုအပေါ်မှာမူတည်ပြီး နောက် ဆက်တွဲဖြစ်တဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါနဲ့ပတ်သက်ပြီး အလွန်တရာ ကြောက်လို့လည်းမရပါဘူး။ ပေါဆလို့ လည်း မရပါဘူး။ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကိုလိုက်နာပြီး မှန်မှန်ကန်ကန်လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

Q.. စည်းကမ်းထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင် ရွက်ရင် ထိန်းချုပ်နိုင်မှုရှိ၊ မရှိ ၂ ပတ်၊ ၃ ပတ်အတွင်းမှာ မြင်လာနိုင်ပါတယ်။ ဟုတ် ပါသလား။

A.. စက်တင်ဘာလ ၇ ရက်မှာ ရန်ကုန် တိုင်းဒေသကြီးမှာ ကွာရန်တင်းဝင်ရသူ ၆၀၀၀ ကျော်လောက် ရှိပါတယ်။ စစ်တွေ ကပြန်လာသူတွေ လူဦးရေ ၁၀၀၀ လောက် ကို ၂ ရက်အတွင်းမှာ နေရာချပေးခဲ့ရပါ တယ်။ အခုဆိုရင်လည်း ဆက်စပ်သူ လူဦးရေများလာတာကြောင့် ၅ ရက် လောက်အတွင်းမှာ Quarantine Center အသစ် ၇ ခုလောက်ဖွင့်လှစ်ခဲ့ရပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဌာနက ဝန်ထမ်းတွေအပြင် တိုင်းအစိုးရ အဖွဲ့က တာဝန်ရှိသူတွေနဲ့ နေ့ညမရွေး ဆက် သွယ်ပြီး ဆောင်ရွက်ခဲ့ရပါတယ်။ ဒီလို တွေ တောက်လျှောက်လုပ်လာခဲ့တာ ဆိုရင် ၄ လ၊ ၅ လလောက်ရှိလာခဲ့ပါပြီ။ ပြည်သူလူထုကို မေတ္တာရပ်ခံချင်တာက Quarantine Centerမှာ သတ်မှတ်ထား တဲ့ စည်းကမ်းလေးတွေရှိတယ်။ ဒါတွေ ကို လိုက်နာဆောင်ရွက်ပေးကြပါ။ ပြီးတော့ Quarantine ဝင်ရောက်နေသူတွေကို ပစ္စည်းပို့ပေးတဲ့အခါ အရက်တွေ၊ ဆေးလိပ် တွေ မပို့ပေးပါနဲ့လို့လည်း တောင်းဆိုချင် ပါတယ်။

ဒေါက်တာချစ်ကိုဟန်(ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး/ရန်ကုန်တိုင်းဒေသကြီး)

Post Author: Good Health Journal