“Cranberry သီး နှင့် ကျန်းမာရေး အကျိုးကျေးဇူးများ-ဒေါက်တာညီညီကျော်”

Cranberry သီးကတော့ အခုနောက်ပိုင်း ကျွန်တော်တို့ မြန်မာလူမျိုးတွေ နဲ့ နည်းနည်းရင်းနှီးစ ပြုလာပါပြီ။ စူပါမားကတ်တွေမှာ ဆိုရင် အသီး အနေနဲ့ရော ဖျော်ရည် အနေနဲ့ပါ အလွယ်တကူ ဝယ်လို့ရနေပါပြီ။

သူ့ရဲ့ ကျန်းမာရေး အကျိုးပြုပုံ မပြောခင်မှာ ဘာတွေ ပါဝင်သလဲ ဆိုတာ အရင်ပြောချင်ပါတယ်။
Cranberry သီး တရုတ်ထမင်းဂပန်းကန်လုံး တဝက်မှာ ဆိုရင် 25 ကယ်လိုရီ ပဲရှိပြီး အခြားသော အာပာာရဓါတ်တွေ ဖြစ်ကြတဲ့

1. အမျှင်ဓါတ်
2. ကယ်ဆီယမ်
3. သံဓါတ်
4. မဂ္ဂနီဆီယမ်
5. Phosphorus
6. ပိုတက်ဆီယမ်
7. ဆိုဒီယမ်
8. ဇင့်ဓါတ်
9. ဖောလိတ်
10. ဗီတာမင် C
11. ဗီတာမင် A
12. ဗီတာမင် K
13. ဗီတာမင် E စတာတွေပါဝင်ပါတယ်။

 

ကျန်းမာရေး ကို ဘယ်လိုအကျိုးပြုစေလဲ။

1. ဆီးလမ်းကြောင်း ပိုးဝင်ခြင်း မှ ကာကွယ်ပေးခြင်း။
Cranberry သီး စားခြင်း ဖြင့် ဆီးလမ်းကြောင်းပိုဝင်တာ ကိုသိသိသာသာ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် ထပ်ခါထပ်ခါ ဆီးလမ်းကြောင်း ပိုးဝင်တတ်တဲ့ အမျိုးသမီးတွေ မှာ ဆို Cranberry ဆေးလုံးစားပေး ဖြင့် ဆီးလမ်းကြောင်းပိုးဝင်တာ ကို သိသိသာသာအကြိမ်အရေ အတွက် လျော့ကျစေပါတယ်။

ဘာကြောင့်လဲဆိုတော့ Cranberry သီးမှာ Proanthocyanin (PAC)ဆိုတဲ့ အာပာာရဓါတ် တစ်မျိုးပါဝင်လို့ဖြစ်ပါတယ်။ PAC က ဆီးလမ်းကြောင်း မှာ ဘတ်တီးရီးယား တွေ ကပ်တွပ်မှု့ မရှိအောင် ရှင်းထုတ်ပေးနိုင်တဲ့ အစွမ်း သတ္တိရှိတဲ့ အတွက်ကြောင့်ပါ။ ဘတ်တီးရီးယား မကပ်တော့တဲ့ အတွက် ဆီးလမ်းကြောင်းပိုးဝင်တာလည်းမဖြစ်တော့ဘူးပေါ့။

ဒါပေမယ့် ဒီမှာ သတိထားသင့်တာကတော့ ဆီးလမ်းကြောင်းပိုးဝင်တာ ကို ကာကွယ်ပေးဖို့ ဆိုရင် အသီးအားဖြင့်ကော ဖျော်ရည် အားဖြင့်ကော စားမယ် သောက်မယ် ဆိုရင် ပမာဏ အများကြီးစားပေး သောက်ပေးရပါလိမ့်မယ်။ ဒါကြောင့် အလွယ်တကူ cranberry ဆေးလုံးလေး တွေ ကိုဂသက်ဆိုင်ရာ ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်ပြီး သောက်လို့ရပါတယ်။

2. နှလုံးကျန်းမာရေး အတွက် အသုံးဝင်ခြင်း

တချို့သော လေ့လာတွေ့ရှိချက်တွေ အရ Cranberry မှာ ပါဝင်တဲ့ Polyphenols လို့ခေါ်တဲ့ အာပာာရဓါတ် တစ်မျိုးပါဝင်တဲ့ အတွက် သွေးကြောလေးတွေထဲ မှာ သွေးခဲ ပိတ်တာတွေကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးတဲ့ အပြင် သွေးပေါင်ချိန်ကိုပါ ကျစေတဲ့ အတွက် သွေတိုးရောဂါရှိတဲ့ သူတွေ အတွက် cranberry juice တစ်ခွက်လောက်သောက်ပေးခြင်း ဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီ့အပြင် anti-inflammatory action (ယောင်ယမ်းခြင်းကိုသက်သာစေတဲ့ သတ္တိ) ရှိပါတယ်။

3. ကင်ဆာရောဂါ ကာကွယ်ပေးခြင်း

Cranberry မှာ ဗီတာမင် A,C,E ပါဝင်တဲ့ အတွက် ဓါတ်တိုးဆန့်ကျင်သတ္တိ ရှိပါတယ်။ ဒါကြောင့် ကင်ဆာ ဖြစ်ပွားမှု့ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အသည်းကင်ဆာ၊ အူမကြီးကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ နှင့် ဆီးကြိတ်ကင်ဆာ တို့ကို ကာကွယ်ပေးပါတယ်။

4. သွားနှင့် ခံတွင်း ကျန်းမာရေးမှာ အကျိုးပြုခြင်း

Cranberry သီးမှာ ပါဝင်တဲ့ Proanthocyanin (PAC) ဆိုတဲ့ အာပာာရဓါတ်တစ်မျိုးပာာ ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ပေးရုံ သာမက ခံတွင်း အတွင်း ဘတ်တီးရီးယား ဆိုးများ ပေါက်ပွားမှု့ ကို ပါ ကာကွယ်ပေးတဲ့ အတွက် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါ အချို့ကို ကာကွယ်ပေးပါတယ်။

5. အနာကျက် လွယ်စေခြင်း

Cranberry သီးမှာ ဗီတာမင် C ပါဝင်တဲ့ အတွက် collagen (ကော်လဂျင်) ဖြစ်ပွားမှု့ ကို များစေတဲ့ အတွက် အနာ အကျက် လွယ်စေလို့။ ခွဲစိတ်ပြီးခါစ လူနာတွေ ထိခိုက်ရှနာ လူနာ တွေ ဆိုရင် cranberry ဖျော်ရည်သောက်ပေးသင့်ပါတယ်။

 

6. ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

Cranberry သီးမှာ ဗီတာမင် A,C နှင့် ဇင့်ဓါတ်တို့ ပါဝင်တဲ့ အတွက် ကိုယ်ခံစွမ်းအား ကို မြှင့်တက်ပေးတဲ့ အတွက် ရာသီ အကူးအပြောင်း မှာုဖစ်တတ်တဲ့ နှာစေး၊ချောင်းဆိုး၊ တုပ်ကွေး ရောဂါတွေ ကို ကာကွယ်ပေးနိုင်ပါတယ်။

7. ကိုလက်စထရော ကျစေခြင်း

Cranberry သီးမှာ အမျှင်ဓါတ်ပါဝင်မှု့ အရမ်းများတဲ့ အတွက် သွေးတွင်း ကိုလက်စထရော ပမာဏ ကို လျော့နည်းစေပါတယ်။

8. ဝိတ်ချနေသူများ အတွက် အသုံးဝင်ခြင်း

ကယ်လိုရီပမာဏ နည်းတဲ့ အတွက် ဝိတ်ခဗနသူများ အနေဖြင့် ညဘက် ဗိုက်ဆာလို့ အဆာပြေ အနေနဲ့ Cranberry Juice သောက်ပေးလို့ရပါတယ်။

လေးစားစွာဖြင့်…
ဒေါက်တာ ညီညီကျော်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *